စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, December 14, 2011

တရုတ်က ဖြိုချလိုက်ရတဲ့ တံတား


          မီတာ ၇၆၀ ရှည်တဲ့ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်က လျှူယန် တံတားကြီးကတော့ လုံခြုံစိတ်ချရမှု့မရှိလို့ ဖြိုချလိုက်ပါတယ်။  လူရာပေါင်းများစွာဟာ ဒီတံတားကြီးကို ဖောက်ခွဲပြီးတော့ ၀ုန်းကနဲ ပြိုကျသွားတာတွေ၊ မီးခိုးတွေ အများကြီးတက်လာတာတွေကို ကြည့်ဖို့လာကြပါတယ်တဲ့။  ဒီ လျှူယန် တံတားကြီးဟာ ၁၉၉၄ခုနှစ်မှာ ချန်ရှပြည်မြို့ကို ဖြတ်ပြီးတော့ ဆောက်လုပ်ခဲ့တာပါ။  ဒေသတွင်း အာဏာပိုင်တွေပြောသွားတာကတော့ ဒီတံတားကြီးကို အလွန်တရာ ပါးလွှာသော ဒီဇိုင်းဖြစ်အောင် ရေးဆွဲပြီး တည်ဆောက်ခဲ့ပါတယ်တဲ့။  ဒီအတွက် သံမဏိကြိုးတွေကို အဓိက အသုံးပြုထားပါတယ်။  ဒါပေမယ့် နှစ်တွေကြာလာတဲ့အခါကျတော့ ဒီသံမဏိကြိုးတွေဟာ ဆိုးဆိုးရွားရွားကို သံချေးတွေတက်လာတဲ့အပြင် အချို့ နေရာတွေမှာဆိုရင် ပြတ်တောက်နေပြီလို့ဆိုပါတယ်။  ဒီတံတားကို ဒီဇိုင်းရေးဆွဲတုန်းက ယာဉ်ပေါင်း ၃ သောင်းလောက်သာ တစ်နေ့ကို တံတားကို ဖြတ်မယ်လို့ရည်ရွယ်ထားပေမယ့် တစ်ကယ်တမ်းကျတော့ ကားအစီးပေါင်း ၈ သောင်းကျော်အထိရှိလာပါတယ်။  တံတားအသစ်ကိုတော့ ၂၀၁၂ ခုနှစ်မှာ အသစ်ထပ်မံတည်ဆောက်မှာဖြစ်ပါတယ်။
                      အင်း တရုတ်က သူ့တံတား သူဆောက်ပြီး သူ့ဟာသူ ပြန်ဖြိုတာတော့ ကိစ္စမရှိဘူးပေါ့လေ။  ကိုယ့်နိုင်ငံလာဆောက်ပေးပြီးရင်တော့ လှည့်ကြည့်မယ်တောင်မထင်။   ကွာလတီကလည်း မြင်ရတဲ့အတိုင်း။ အောက်က YouTube ကလစ်ကလေးမှာတော့ တံတားကြီးဖြိုချတာကို ကြည့်နိုင်ပါတယ်။



Source : (Link)

7 comments:

  1. မြန်မာပြည်က ဂုတ်ထိပ်တံတားကိုလဲဖြိုသင့်နေပါပြီ

    ReplyDelete
  2. အဲနာတို့နားက ဘ၀သံတရာတံတားလဲ ဖြိုမယ့်စရင်းပေးထားမယ်နော်

    ReplyDelete
  3. မြန်မာပြည်မှာရှိ အခြေအနေဆိုးတဲ့ အဆောက်အဦး တံတားတွေလည်း
    အန္တရာယ်မကျရောက်ခင် ဖျက်ဆီးပစ်သင့်တယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဖြိုချလိုက်တော့ အသစ်က၂၀၁၂မှဆောက်မယ်ဆိုတော့ ခုလောလောဆယ် ဘာနဲ့သွားနေကြတာပါလိမ့်..
    သူ့ဖာသူပြိုကျပြီး လူတွေဒုက္ခမရောက်ခင် စောစောစီးစီး ဖြိုလိုက်တော့လည်း ကောင်းသားဘဲနော်

    ReplyDelete
  5. အရည်အသွေး စံချိန်မမှီရင် ဘယ်အရာမှ တာရှည်မခံနိုင်ဘူးနော်..။ Made In China ပဲ..။ ဒီလောက်တော့ ရှိမှာပေါ့..။ :)

    ReplyDelete
  6. မြန်မာမှာဆို အနည်းဆုံး နောက်ထပ် ငါးနှစ်လောက် သုံးလို့ ရသေးတယ်။း)

    ReplyDelete