စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, November 6, 2012

မကြာခင်လာတော့မယ့် စင်ကာပူရဲ့ Water Taxi


          စင်ကာပူမှာတော့ မြေပေါ်မှာ တက္ကစီကား၊ MRT ရထား တင်မကတော့ပါဘူး... ခုဆိုရင် ရေပေါ်မှာပါဆွဲတော့မယ့် Water Taxi ကို စတင်ဖို့ စင်ကာပူရဲ့ Urban Redevelopment Authority (URA) က ၂၀၁၃ ဇန်န၀ါရီလမှာ စတင်ပြေးဆွဲဖို့ စီစဉ်နေပါပြီတဲ့။  URA ရဲ့ မြေယာစီမံခန့်ခွဲရေးက လက်ထောက် ဒါရိုက်တာ မက်ခ်ဂိုအဆိုအရတော့ ဒီ မြစ်ထဲသွား တက္ကစီတွေပေါ်လာရင်တော့ “နေ့စဉ် ရုံးသွား၊ ရုံးပြန်၊ နေ့လည်စာထွက်စား အားလုံးအတွက် အသုံးပြုလို့ရမှာပါ။  နောက်ပြီးတော့ ဒီ စင်ကာပူ မြစ်တစ်ကြောဆွဲမယ့် တက္ကစီဟာလဲ အကျိုးအမြတ်ရမှာပါ” လို့ ဆိုသွားပါတယ်။
          စင်ကာပူမှာလဲ လူဦးရေဟာ ၅ သန်းကျော်သွားပြီဖြစ်တဲ့အတွက် ပို့ဆောင်ရေးမှာလဲ အတော့်ကို ကျပ်လာပါပြီ။  ပြီးခဲ့တဲ့လတုန်းကလဲ စင်ကာပူရဲ့ မြေအောက်ရထားစနစ်ဟာ နှစ်ပေါင်း ၂၄ နှစ်အတွင်းမှာ ဆိုးဆိုးရွားရွားကို ဓာတ်အားပြတ်တောက်မှု့တွေ ဖြစ်ပေါ်ခဲ့ပါတယ်။  အသစ်ဆွဲထားတဲ့ ရထားလိုင်းအသစ်တွေကလည်း ၂၀၁၇ ခုနှစ်မတိုင်ခင်အထိ ပြီးစီးဖို့မရှိပါဘူး။  ဒီတော့ Water Taxi ပို့ဆောင်ရေးစနစ်ဟာ  စင်ကာပူမြို့လယ်၊ မြို့တွင်းပို့ဆောင်ရေးအတွက် အသက်ရှုချောင်စရာ တစ်ခုဖြစ်လာနိုင်ပါတယ်။
          ပုံမှန် ခရီးလမ်းကြောင်းအတွက်ကတော့ Water Taxi တွေစီးရင် စင်ကာပူ ၃ ဒေါ်လာထက် မပိုဘူးလို့ ဆိုပါတယ်။  ဒါမှမဟုတ် ပိုမြန်တဲ့ အထူး တက္ကစီကို စီးချင်ရင်တော့ စင်ကာပူ ၄ ဒေါ်လာလောက် ကျသင့်မယ်လို့ ဆိုပါတယ်။ 
          ခုလောလောဆယ်မှာတော့ အပန်းဖြေ၊ ရှု့ခင်းကြည့် လောက်ပဲ ပြေးဆွဲနေတဲ့ Duck & Hippo နဲ့ Singapore River Cruise ကုမ္ပဏီတွေဟာ နောက်နှစ်လောက်ဆိုရင်တော့ နေ့စဉ် ရုံးသွား၊ ရုံးပြန် အသုံးပြုနိုင်တဲ့ Water Taxi တွေအဖြစ်ပြောင်းလဲလာနိုင်စရာရှိပါတယ်။  သြော်… သူတို့နိုင်ငံများတော့လဲ မရှိမယ့် ရှိမယ့် အရင်းအမြစ်လေးတွေထဲက ဖြစ်ညှစ်ပြီးတော့ ၀င်ငွေများရှာနိုင်ပါပေ့။  

Source : (Link)
Photo  : (Link)

4 comments:

  1. ပြည်သူတွေအတွက်ရော တိုင်းပြည်အတွက်ပါသတင်းကောင်းပါပဲ

    ReplyDelete
  2. ကိုကိုမောင်(ပန်းရနံ့)November 7, 2012 at 1:16 AM

    တော်တော်ကောင်းတဲ့အကြံ ဘီးပွန်းစရာမလိုတော့ဘူးပေါ့။း)

    ReplyDelete
  3. စင်ကာပူကိုး..ကိုအားထောင်ရယ်..မြန်မာပြည်ကြီးလည်းအဲလိုဖြစ်စေချင်စမ်းပါဘိ..

    ReplyDelete
  4. ကျွန်းသေးသေးလေးကို
    ဟိုလိုလုပ်လိုက် ၊ ဒီလိုလုပ်လိုက်နဲ့ ..
    ဟင်းးး .. ၂၀၁၂ ဒီဇင်ဘာမှ
    ကမ္ဘာတကယ် ပျက်ခဲ့ရင်တော့ .. :P

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete