စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, November 30, 2012

ကဘန်း (သို့) ခွေးသူရဲကောင်းမလေး


                ဖိလစ်ပိုင်နိုင်ငံ၊ ဇမ်ဘိုအမ်ဂါ မြို့လေးက ဒီခွေးမလေး အကြောင်းဖတ်မိရင်း ဒီပိုစ့်လေးကို ရေးဖြစ်သည်။  ခွေးတွေ အကြောင်းရေးတာလဲ အတော်များပြီ။  ဒါပေမယ့် သခင်အပေါ် သစ္စာရှိတဲ့ ခွေးတွေ အကြောင်း ဖတ်မိတိုင်း ပိုစ့်ရေးဖြစ်သည်။  ဒီခွေးမလေးကတော့ ခွေးသူရဲကောင်းမလေးလို့ ပြောရမလို။  ဒီခွေးလေးက သူ့သခင်ရဲ့ ကလေးနှစ်ယောက်ကို အသက်နှင့်လဲပြီး ကယ်လိုက်ခြင်းဖြစ်သည်။  အရှိန်မြှင့်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တစ်စီးက ကလေးနှစ်ယောက်ဆီကို ဦးတည်လာနေတုန်း ခွေးမလေးက ဆိုင်ကယ်နှင့် ကလေးနှစ်ယောက်ကြားထဲကို ၀င်ခံပြီးတော့ ကလေးနှစ်ဦးရဲ့ အသက်ကို ကယ်လိုက်ခြင်းဖြစ်သည်။  ဒီအတွက်ခွေးမလေးရဲ့ အပေါ်မေးရိုးနဲ့ နှာခေါင်းပျက်စီးသွားသည်။  သူတို့မြို့က တိရိစ္ဆာန်ကုဆရာဝန်က ခွေးမလေးကို ကုမရသည့်အဆုံး ဆေးထိုးပြီးတော့ သတ်ဖို့ အကြံပေးသည်။  ဒါပေမယ့် သစ္စာရှိတဲ့ ခွေးမလေးကို ကြင်နာတတ်တဲ့ မိသားစုက ဆက်လက်ပြုစုပေးသည်။  ဒီလိုနဲ့ ဒီသတင်းပျံနှံသွားတော့ အရပ်ရပ်အရွာရွာက ခွေးမလေးကို သနားတဲ့ လူတွေ ပေါင်းစုပြီး ဒီခွေးမလေးကို ခွဲစိတ်ကုသဖို့ ငွေစုကောက်ကြသည်။  စုစုပေါင်း ဒေါ်လာ ၂ သောင်းကျော်ရသည်။  ခုတော့ ကံကောင်းတဲ့ ခွေးမလေးဟာ ဒေးဗစ်မှာ ရှိတဲ့ ကာလီဖိုးနီယား တက္ကသိုလ်မှာ ကုသမှု့ခံယူဖို့ အသင့်ဖြစ်နေပါပြီ။ 




          ခွေးမလေး ကဘန်းဟာ ကုသမှု့ နှစ်ကြိမ်ခံယူရမှာဖြစ်ပါတယ်။  ပထမ ခွဲစိတ်မှု့ကတော့ သူမရဲ့ မေးရိုးပြန်လည် အစားထိုးမှု့ဖြစ်ပြီးတော့ ဒုတိယကုသမှု့ကတော့ သူမရဲ့ မျက်နှာမှာရှိတဲ့ ဒဏ်ရာတွေကို ပိုးမွှားတွေ မ၀င်အောင်နဲ့၊ သူမရဲ့ ဘ၀တစ်လျှောက်လုံး ကျန်းကျန်းမာမာနေနိုင်ဖို့ ကုသမှု့ခံယူရမှာဖြစ်ပါတယ်။
သြော်…..  ဘလော့ဂ်ပေါ်မရောက်ဖြစ်တာ ကြာပါပြီပကော…။  အလုပ်များနေသည်။  အချိန်ကဘယ်လိုမှမရ။  ဒီအတောအတွင်း ကျွန်တော့် ဘလောဂ့်ကို လာလည်သူများအားလုံးကို ကျေးဇူးအများကြီး တင်ပါသည်။  အားလည်း အားနားသည်။  ပိုစ့်တွေ မှန်မှန် မတက်နိုင်။  သင်္ဘော ၂ စီးနှင့် လုံးလည်ချာလည်လိုက်နေသည်။ ခွေးအကြောင်းစိတ်ဝင်စားသူများကတော့ ကျွန်တော့် ပိုစ့်အဟောင်းလေးတွေကို ဖတ်ရင်းဆက်လက်အားပေးကြပါဦး……..




Source : (Link)


5 comments:

  1. ခွေးလေးတွေဟာ ကြောင်တွေထက် သခင်အပေါ် သစ္စာရှိကြတယ် မောင်အောင်ထွဋ်ရေ။ ခွေးသူရဲကောင်းမလေးအကြောင်း ဖတ်ရင်း တစ်လက်စထဲ ကြုံတုန်းလေး လောကဓံကို အရှုံးမပေးတဲ့ ခွေးလေးအကြောင်း ဖတ်သွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အစာစားရင် ဘယ်လို ၀ါးမလဲ မသိဘူး။ သနားစရာ။
    အရိုးတွေလဲ ကိုက်လို့ ရမဲ့ပုံ မမြင်တော့။း(

    ReplyDelete
  3. ခွေးဖြစ်ပေမယ့်လဲအတော်ကိုကံကောင်းတဲ့ခွေးပါပဲ
    ဒါနဲ့ စာတွေမတင်ကြာပြီနော်....

    ReplyDelete
  4. သနားပါတယ်....၊တိုက်တိုက်ဆိုင်ဆိုင် ဖဘမှာ သယ်ရင်းတစ်ယောက်က ကိုရီးယားက သခင်ကို ငလျင်လှုပ်လို့ပြိုပျက်သွားတဲ့ အပျက်အဆီးတွေအောက်က
    ကယ်ထုတ်ပေးရှာတဲ့ ခွေးမလေးဗီဒီယိုခွေလေးတင်လို့ကြည့်နေတာ...၊ခွေးတွေကို ချစ်လည်းချစ်တယ်...၊သနားလည်းသနားရတယ်ဗျာ.....။

    ReplyDelete
    Replies
    1. ကိုရီးယားကမဟုတ်ပါဘူး။ဂျပန်ကပါခင်ဗျာ။

      Delete