စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, May 18, 2013

ပလက်စတစ်ရုပ်ကလေးလို မိန်းကလေး


          ယူကရိန်းနိုင်ငံက ဗာလီရီယာ ဆိုသူလေးကတော့ အများနဲ့ မတူ တစ်မူထူးလို့ ဘာဘီ ကော်ပတ်ရုပ်လေးနဲ့ တူပါတယ်ဆိုပြီး အင်တာနက်တစ်ခွင်မှာ နာမည်ကြီးနေပါတယ်။  သူမကတော့ ရုရှားဘာသာစကားသုံး အင်တာနက်မှာ နာမည်အကြီးဆုံး ဖြစ်ရမယ်လို့ ဆိုနေပါတယ် (အင်း ဗယာကြော် ရောင်းခိုင်းလိုက်ရင် ကောင်းမလားပဲ)။  အသက် ၂၁ နှစ်သာရှိသေးတဲ့ သူမရဲ့ ရွှေအိုရောင် ဆံပင်၊ အရုပ်လို အချိုးအစားတွေကြောင့် သူမကို ဘာဘီရုပ် သက်ရှိလူသားလို့ ခေါ်ဆိုနေကြပါတယ်။




          ဒါပေမယ့် သူမဟာ ပင်ကိုယ် အချိုးအစားအတိုင်း အရုပ်နဲ့ တူတာမဟုတ်ပါဘူး။  အရုပ်နဲ့ တူဖို့အတွက် ပလက်စတစ် ဆာဂျရီ ခွဲစိတ်ပြုပြင်မှု့ပေါင်း များစွာကို ခံယူခဲ့ဖွယ်ရှိပါတယ်။  ပလက်စတစ် ဆာဂျရီ ဆရာဝန် ဒေါက်တာ အန်တိုနီ လာဗရူနာ ဆိုသူကတော့ သူမဟာ အရုပ်နဲ့ တူဖို့အတွက် များစွာသော ခွဲစိတ်မှု့တွေကို ခံယူခဲ့ဖို့ ရှိတယ်လို့ ဆိုပါတယ်။  မိန်းကလေးတစ်ယောက်ဟာ ဘာဘီရုပ်နဲ့ တူဖို့ဆိုရင် ခါး သေးဖို့အတွက် နံရိုးတစ်ချို့ကို ခွဲစိတ်ဖယ်ထုတ်ရမှာဖြစ်ပြီးတော့  ရင်သားပြုပြင်မှု့ မျက်နှာပြုပြင်တွေ စတဲ့ ခွဲစိတ်မှု့တွေ ခံယူပြီးသွားရင်တော့ ဟချလောင်း အရုပ်နဲ့ တူလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။




          ဒါပေမယ့် အသက် ၂၁ နှစ်သာရှိတဲ့ မိန်းကလေးတစ်ယောက်အတွက် ဒီလိုမျိုး များစွာသော ပလက်စတစ် ခွဲစိတ်ပြုပြင်မှု့တွေလုပ်တာဟာ အန္တရာယ်များလွန်းတယ်လို့ ဆိုပါတယ်။  အသက်အရွယ် ကြီးလာတာနှင့်အမျှ ကြီးလာတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက် ဒီလို ခွဲစိတ်မှု့တွေဟာ အန္တရာယ်များလွန်းပါတယ်။  မည်သို့ပင်ဆိုစေ သူမရဲ့ Official YouTube ကတော့ ကြည့်ရှု့သူပေါင်း ၂ သန်းခွဲ ကျော်သွားပြီ ဖြစ်ပါတယ်။  အရင် ရေးခဲ့တဲ့ "လုပ်ကြဦမလား ပလက်စတစ် ဆာဂျရီ" ထဲကလို မျိုး ဖြစ်နေရင်တော့ ဒုက္ခ။

Source : (Link 1 , Link 2)

5 comments:

  1. ထူးဆန်းပါပေ့
    ကတွတ်ပီ......... ကျုံတိုင်းရွာကို သတိရသွားလို့ပါ အစ်ကိုကြီးရာ
    ဖြစ်ရပလေ.....အရုပ်နဲ့တော့ အတော့်ကို တူးသားဗျာ
    နောက်နောင်ခါတော့ ဘယ်လိုနေမလဲ မသိဘူး ။

    ReplyDelete
  2. တူတာတော့အရမ်းတူတယ်နော်..
    ချစ်စရာလေး.. မတို့မထိရက်စရာ သက်ရှိအရုပ်မလေးပေါ့။

    ReplyDelete
  3. အရမ်းကို လှတယ်နော်..။ တစ်ကယ်ကို အရုပ်လေးအတိုင်းပဲ..။

    ReplyDelete
  4. ဘာဘီကော်ပတ်ရုပ်ကလေးနဲ့ တကယ့်ကိုတူတာပါလားနော်... အန္တရာယ်များတာကို သိရက်နဲ့
    အခုလို ခွဲစိတ်မှုများစွာလုပ်တာတော့ အံ့သြစရာပါပဲ မောင်အောင်ထွဋ်ရေ..
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ဟန်ကြည်June 2, 2013 at 12:44 PM

    ထူးထွေတည့် အံ့ရာသော်ပဲ ကိုအောင်ထွဋ်ရေ...ခက်တာက စင်ပေါ်တင်ထားပြီး ထိုင်ကြည့်နေရမယ့်ကိန်းဆိုက်နေတာပဲ...

    ReplyDelete