ဖြိုက်ကနဲ…
မိုးက တစ်ပြိုက်ရွာ
ခိုကိုးရာမဲ့ ခိုက်ခိုက်တုန်လို့
ဖြိုက်ကနဲ…
သိမ့်သိမ့်တုန်ကျန်ခဲ့
နင်နင်းခဲ့တဲ့ သစ်ကိုင်း
ဖြိုက်ကနဲ….
လွင့်သွားတဲ့ကြယ်တွေ
ငိုသူက ငို၊ ဆွေးသူကဆွေး
ဖြိုက်ကနဲ….
အလင်းရောင်တွေ
မျက်စိတွေတောင် ကျိန်းစက်လို့
ဖြိုက်ကနဲ…..
ဆေးဆိုးပန်းရိုက်မျက်နှာနဲ့
ညငှက်တို့ အစာရှာချိန်
ဖြိုက်ကနဲ….
တေလေတစ်သိုက်
ရောက်တက်ရာရာတွေပြော
ဖြိုက်ကနဲ…..
မျှော်လင့်ချက်တွေ
တစ်ရှိုက်မက်မက် တပ်မက်ရင်း
ဖြိုက်ကနဲ….
ငါ…
မဲလို့...
မှောင်လို့.....
ပျောက်ဆုံးလို့ ကောင်းတုန်း
ကြိုက်ကနဲ
ReplyDeleteငါ
သောက်လို့ ကောင်းတုန်း
ဂေ့.... နဲနဲ ပြင်းတယ်..
ReplyDeleteရော့ရော့ ကိုအားထောင် ဒီမယ်ခင်ဗျားပျောက်ဆုံးသွားတဲ့ဟာ
ReplyDeleteရဲစခန်းကကောက်ထားတယ်တဲ့း))))
ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ ခုပြန်တွေ့ပါပြီ။ :P
ReplyDeleteပျောက်တာတောင် ရိုးရိုးမပျောက်ပါလား
ReplyDeleteမဲ...မှောင်ပြီးပျောက်သွားတယ်တဲ့း)
စကားလုံးရွေးထားတာမိုက်တယ်
ဖြိုက်ကနဲ…..
ဆေးဆိုးပန်းရိုက်မျက်နှာနဲ့
ညငှက်တို့ အစာရှာချိန်
ဒါမျိုးလေး.....
မောင်ဘကြိုင်
:)... ကျွန်တော်တော့ ဖြိုက်ကနဲ ရောက်ရောက်သွားတယ်.. ဘားကို.. :P
ReplyDeleteခင်မင်လျက်
နေ၀သန်
နာလဲ ဖြိုက်ခနဲ ကစ်လိုက်တာ. ညက ထမင်းတစ်အိုးပြောင်ရောအေ.. အဲဒါကြောင့် ဝတာနေမယ်..
ReplyDeleteဖြိုက်ခနဲ.. :D
ဖြိုက်ကနဲ..... ထမင်းစားချိန်တောင်ရောက်တော့မှာကိုး... :)
ReplyDeleteဒီကဗျာလေး ကျနော် ဖြိုက်ကနဲ ..........
ReplyDeleteကြိုက်တယ် ......
ဖြိုက်ကနဲ လေး ဖက်လိုက်တော့၊ ဖြိုက်ကနဲ လေး ကြိုက်သွားတယ်..။
ReplyDelete