စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, August 12, 2012

အိပ်ကြဦးမလား တရုတ်နိုင်ငံက IKEA


       IKEA ဆိုတာက ကမ္ဘာကျော် အိမ်တွင်း ပရိဘောဂ၊ ကုတင်စတာတွေ ရောင်းချတဲ့ ကုမ္ပဏီကြီးပါ။  ဈေးကွက်တွေချဲ့ထွင်လာတော့ သူလည်းပဲ တရုတ်နိုင်ငံမှာ သွားရောက်ရင်းနှီမြှုပ်နှံပြီး ဆိုင်ခန်းတွေ၊ Show Room တွေဖွင့်တာပေါ့လေ။  သို့ပေမယ့် တစ်ခြားနိုင်ငံတွေနဲ့ မတူပဲ ကိုရွှေတရုတ်တွေရဲ့ အားပေးကြမ်းပုံကတော့ show room မှာ မ၀ယ်ပဲနဲ့ အဲကွန်းအေးအေး မွေ့ရာ အသစ်စက်စက်တွေပေါ်မှာ အိပ်နေကြတာပါတဲ့….  
          တစ်ခါတစ်လေများတော့ မိသားစုတစ်ခုလုံး လာအိပ်နေကြပါသတဲ့။  အဖိုးအဖွားတွေက လူကြီးအိပ်မွေ့ရာတွေပေါ်မှာ အိပ်နေချိန်မှာတော့ ကလေးတွေကတော့ ကလေးအိပ်ယာတွေပေါ်မှာ ဖက်လုံးတွေနဲ့ ဆော့နေတတ်ပါသတဲ့။  IKEA ကတော့ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ၀ယ်သူတွေစိတ်ကြိုက် သုံးကြည့် ကြိုက်မှဝယ်ဆိုတဲ့ မူဝါဒကိုအခြေပြုလို့ Show room အကြီးကြီးတွေမှာ ပရိဘောကတွေ အစုံထည့်လို့ ၀ယ်သူစိတ်ကြိုက်စမ်းဖို့ ဖန်တီးပေမယ့် ခုလို မ၀ယ်ပဲနဲ့ လာလာအိပ်နေတော့ ခက်တော့ ခက်သားကလား.. တစ်ကယ်ဝယ်မယ့်လူတွေလည်း ဒီလိုမျိုး များပြားလှတဲ့ လူတွေနဲ့ ပြည်နေတဲ့ IKEA ရဲ့ show room ရဲ့ ပစ္စည်းတွေကို မ၀ယ်ယူချင်ကြတော့ဘူးလို့လဲ အချို့ အရောင်းဝန်ထမ်းတွေက ဆိုပါတယ်။








          မနှစ်ကလည်း ရှန်ဟိုင်း IKEA မှာ ယွမ် ၃၀ပေးရင် Member Card ပေးမယ်ဆိုပြီး အရောင်းမြှင့်တင်ခဲ့ပါတယ်။  အဲ့ဒီလို Member ဖြစ်သွားရင် IKEA show room ထဲက စားသောက်ဆိုင်က ကော်ဖီကို ကြိုက်သလောက်သောက်ခွင့်ရှိပါသတဲ့။  ဒီလို အရောင်းမြှင့်တင်ရေးလုပ်လိုက်တာ မျက်ဖြူကို ဆိုက်တဲ့ အဖြစ်ကို ရောက်သွားပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ အင်္ဂါနေ့နဲ့ ကြာသာပတေးနေ့များဆိုရင် လူငယ်စုံတွဲတွေရဲ့ ချိန်တွေ့တဲ့နေရာဟာ IKEA ရဲ့ ကော်ဖီအလကားသောက်လို့ရတဲ့ နေရာဖြစ်ပြီးတော့ တစ်မြို့လုံးက လူတွေဟာ IKEA ကိုလာပြီးတော့ ၅ နာရီ ၆ နာရီလောက် သူတို့တွေ့ဆုံစရာရှိတဲ့ ကိစ္စတွေကို လာရောက်ဆွေးနွေးနေကြလို့ပါတဲ့။  ဒီအပြင် IKEA member card တစ်ကဒ်ရှိတာနဲ့ ဆွေတစ်ရာ မောင်တစ်ကျိပ် အလုပ်ထဲကလူတွေသော၊ သူငယ်ချင်းတွေသော ဘာသော မချန်ပဲ IKEA  ကိုခေါ်လာပြီးတော့ ကော်ဖီသောက်ပွဲကြီးတွေ ကျင်းပလိုက်တာ ကော်ဖီမှုန့်၊ နို့မှုန့်၊ သကြား၊ ကော်ဖီခွက်တွေ နာရီဝက်အတွင်း တက်တက်စင်အောင်ကို ပြောင်ရောဆိုပဲ….



အင်း… ဘယ့်နှယ်မှ မပြောတတ်တော့ပါဘူး။  များတော့ များတယ်… မျက်စေ့စပ်တယ်။  

Source : (Link)

10 comments:

  1. ပြည်ကြီးတရုတ်တွေကတော့ တကယ်ကို လွန်လွန်းတယ်..
    အလကား ဖရီး ကြိုက်သလောက်ဆို ခပ်တည်တည်ပဲ ...
    ဒီမှာလဲ ဒီအတိုင်းပဲ
    အကြောပြေစက်တွေ လမ်းလျှောက်စက် ဆိုတာ သူတို့ အိမ်ခန်းထဲမှာထားသလိုမျိုး စိတ်ကြိုက်သုံးကြတာ
    စက်တလုံးတန်ဖိုး ဘယ်လောက်လဲ လုံးဝ မကြည့်
    အနိပ်မခံချင်တဲ့လူ မပျင်းရအောင် ဘေးမှ ကွန်ပျူတာ ဂိမ်း အင်တာနက် ကလေး လူကြီးအဆင်ပြေအောင်လုပ်ပေးထားတယ် .....
    ဆူညံနေတာပဲဗျာ.... ..

    ReplyDelete
  2. နီတိလို့ပြောပြော၊ လူ့ကျင့်ဝတ်လို့ပြောပြော၊ ethicလို့ပြောပြော၊ ဘယ်လိုပြောပြော လူတိုင်း အခြေခံတစ်ခုအနေနဲ့ သိတတ်နားလည်သင့်တဲ့ အရာတစ်ခုလို့ ကျွန်တော်က မြင်မိတယ်။ ethic မရှိရင် ကြောက်စရာ အရမ်းကောင်းတယ်၊ devil လိုပဲ၊ လိပ်လိုပဲ၊ လူလို မစဉ်းစားတတ်တော့ဘူး၊ လူသားချင်းစာနာစိတ် ပျောက်သွားရင် အရမ်းကြောက်စရာကောင်းတယ်။

    ReplyDelete
  3. IKEA ကုမ္ပဏီ ရဲ့ 'ထုတ်ကုန်ပစ္စည်းတွေကို ဝယ်သူတွေစိတ်ကြိုက် သုံးကြည့် ကြိုက်မှဝယ်ဆိုတဲ့ မူဝါဒ' ကကောင်းပေမယ့် အလိုက်မသိသူတို့ကြောင့် အမှန်တကယ်ဝယ်ယူလိုသူတွေအတွက် အဆင်မပြေနိုင်ဘူးပေါ့ မောင်အောင်ထွဋ်ရေ။ သတ်မှတ်ချက်မူလေးတစ်ခုတော့ ပြောင်းသင့်တယ်ထင်တယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ကိုအားထောင်ရဲ့ ကွန်မန့်လေးကိုသဘောကျတယ်...။ဟုတ်တယ်ဗျ....လူ့ အခြေခံကျင့်ဝတ်ကို နားလည်လိုက်နာဖို့တော့ကောင်းတာပေါ့ဗျ...နော့...ဟူးးးးးး

    ReplyDelete
  5. အဲဒါ terms and conditions ရေးတုန်းက သေချာ မစဉ်းစားခဲ့လို့ပေါ့..
    while stock lasts လို့ ရေးလိုက်ရင် ကော်ဖီကိစ္စကို ရှင်းနိုင်လောက်ပါတယ်..
    မွေ့ယာပေါ်မှာ အလကား တစ်နေကုန် တက် အိပ်တာကတော့ ဘာမှ လုပ်ပေးလို့ မရဘူး..
    သူတို့က ဘယ်သူ့ကို ဘယ်လို ညစ်လိုက်ရမလဲဆိုတာကို စဉ်းစားနေတာဆိုတော့..
    -m

    ReplyDelete
  6. ပာုတ်ပတော်လွန်လွန်းတယ်

    ReplyDelete
  7. အဲဒီကုမ္ပဏီက ဘယ်လိုများ သည်းခံပြီး ကြည့်နေနိုင်တာလဲ မသိဘူး
    ကိုယ်သာဆို ကိုယ်ရောင်းချဖို့ထားတဲ့ပစ္စည်းကို ဒီလိုလာလုပ်ရင် သည်းခံနိုင်ဖိှု့ မလွယ်ဘူး ထင်ပါတယ်။
    သူများဆိုင်ပေါ် တက်အိပ်ရဲတဲ့ စိတ်တွေကိုလည်း အံ့သြလို့မဆုံးဘူး

    ReplyDelete
  8. ဂလိုလူတွေလည်းရှိတယ် ကိုအားထောင်


    အဝေးရောက်
    မောင်ဘ

    ReplyDelete
  9. အောင်ညလေး ဘယ်လိုပြောရမှန်းတောင်မသိဘူး ။ ဓာတ်ပုံတွေကြည်.ပီး ကိုယ်သာဆို
    ဘယ်သူမှန်းမသိတဲ.သူတွေတက်အိပ်ထားတဲ. အိပ်ရာကို ပိုက်ဆံပေးဝယ်သုံးရမှာ စိတ်မသန်.တော.ဘူး။
    တရုတ်ဆိုပီး အမျိုးနဲ.ချည်ပီး မပြောချင်ပါဘူး။ မသိသားဆိုးရွားတဲ.ဟာတွေကတော. တိုင်းပြည်တိုးတက်လာတာသာမှန်တယ်
    စိတ်ဓာတ်တွေကတော. မတိုးတက်လာသေးတဲ.သူတွေရှိနေတုန်းပဲ။ အားရပါးရကို တက်အိပ်နေလိုက်တာ။ :(

    ReplyDelete
  10. အိပ်ချင်အိပ်၊ထိုင်ချင်ထိုင်၊ ဓါတ်ပုံရိုက်လဲတားမြစ်မဲ့လူမရှိပါ။ ပစ္စည်းဝယ်ရင်လဲ ကိုယ်ဝယ်မဲ့ model မှတ်ဖို.ခဲတံနဲ.စာရွက် ကလေးတောင်အလကားပေးပါတယ်။ ငွေရှင်းတဲ့နေရာမှာလဲကောင်တာအများကြီးရှိပေမဲ့အမြဲတမ်းရှေ.မှာ၁၀ယောက်ကျော်လောက်တန်းစီစောင့်ရပါတယ်။ ၀ယ်ရင်တော့ packingထုတ်လာပေးပါတယ်။ နောက်တခုဈေးလာဝယ်တဲ့လူအပြင် ၊ဗဟုသုတရအောင်လာကြည်.တဲ့လူတွေမောရင်စားဖို.နဲ. အအေး၊ရေခဲမုန်.တွေကလဲ အပြင်ထက်စာရင်ဈေးအလွန်သက်သာစွာရောင်းပေးပါတယ်။ ပိုင်ရှင်က အတော်ကို သဘောထားပြည်.တယ်လို.မှတ်ယူနိုင်ပါသည်။

    ReplyDelete