စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, May 16, 2012

သံလိုက်ကို လက်ထဲဖောက်စိုက်လို့ iPod နာရီဖြစ်အောင်ထွင်တဲ့ Tattoo Artist


          iPod nano ကတော့ လေးထောင့်လေးမို့လို့ နာရီလိုပတ်လဲရသလို၊ သီချင်းလည်းနားထောင်လို့ရပါတယ်။  နာရီလိုပတ်ချင်ရင်တော့ လက်ပတ်ကလေး ထပ်ဝယ်ချင်ရင်ဝယ်၊ ဒါမှမဟုတ်ရင်တော့ ဒေ့ဗ်ဟာဗင်လို လက်ကို ဖောက်ပြီးတော့ သံလိုက် ၄ခုကို လက်ထဲကိုစိုက်လိုက်ရင် iPod  nano ကို လက်ပတ်နာရီလို ပတ်လို့ရပါပြီတဲ့။  ဒေ့ဗ်ကတော့ ဒီသံလိုက်တုံးလေးတွေဟာ micro-dermal anchors လို့ခေါ်ပြီးတော့ ခန္ဓာကိုယ်မှာ အလှဆင်ဖောက်တဲ့ အသုံးများတဲ့ ပစ္စည်းဖြစ်ပါသတဲ့။ ဒီလို သံလိုက်လက်ထဲသွင်းပြီးတော့ iPod တပ်ဆင်တဲ့ project ကိုတော့ iDermal လို့ နာမည်ပေးထားပါသတဲ့။
          ကျွန်တော် အပြေးကျင့်တဲ့အခါ၊ အားကစားလုပ်တဲ့အခါတွေမှာလည်း ဒီ iPod ကိုတပ်ဆင်ပြီးတော့ စမ်းကြည့်ပြီးပါပြီ။  အဆင်ပြေတယ် လို့ ဒေ့ဗ်ကပြောသွားပါတယ်။  သြော်… ဒီတိုင်းပတ်လည်း ရတဲ့ဟာကို အသားနာခံပြီးတော့ စမ်းကြသေးတယ်။  မည်သို့ပင်ဆိုစေ အင်တာနက်မှာတော့ ဒီ ဗီဒီယိုက ပျံနှံလို့သွားလို့ ဒီတက်တူးဆရာတော့ အလုပ်ဖြစ်ဦးမယ့် ပုံပါပဲ။ အောက်မှာတော့ မည်သို့မည်ပုံ ဖောက်ပြီး တပ်ဆင်တယ်ဆိုတာကို YouTube ဗီဒီယိုလေး ကြည့်နိုင်ကြပါတယ်။

Tuesday, May 15, 2012

ကမ္ဘာ့အကြီးဆုံး ချောကလက် အဆောက်အဦး


          ကဲ ချောကလက်ချစ်သူများ…  ဘယ်လောက်ကြီးတဲ့ ချောကလက်ကို မြင်ဖူးပါသလဲ။  ခု တွေ့ရတဲ့ ချောကလက် ရုပ်ထုကြီးကတော့ မေရန်း တွေရဲ့ ဘုရားကျောင်းပုံစံကို ပြုလုပ်ထားတာဖြစ်ပြီး ၁၈၂၃၉ ပေါင် အလေးချိန်ရှိပါသတဲ့။  ဒီလိုမျိုးကြီးလွန်းလို့လဲ အခုဆိုရင် ဂင်းနစ် စံချိန်တင်သွားပြီ ဖြစ်ပါတယ်။  ဒီ ချောကလက် အဆောက်အဦးပုံစံကို ပြုလုပ်ဖို့အတွက် နာရီပေါင်း ၄၀၀ ကျော်အချိန်ယူရတယ်လို့ ဆိုပါတယ်။ 
          ဒီ ချောကလက်အဆောက်အဦးကို မေရန်း လူမျိုးတွေ ဆောက်ခဲ့တဲ့အတိုင်း စကေးကိုက် ဆောက်ခဲ့ပြီးတော့ လှေကားထစ်အရေအတွက်လည်း ထပ်တူဖြစ်ပါတယ်။  ဒါ့အပြင် နံရံတွေမှာလည်း မေရန်း လူမျိုးတွေရဲ့ ပြက္ခဒိန်ထဲကအတိုင်း ဖွဲ့စည်းထားပါသတဲ့။ ဒီ ချောကလက် အဆောက်အသီးကြီးကတော့ ၁၀ ပေ ပတ်လည် အောက်ခြေရှိပြီးတော့ ၆ ပေမြင့်မားပါတယ်။
          ဒီ ချောကလက်ကို ထုတ်လုပ်တဲ့ Qzina ကတော့ ဘာဖြစ်လို့ ဒီလို မေယန်းလူမျိုးတို့ရဲ့ အဆောက်အဦးပုံစံကို လုပ်ရသလဲဆိုတော မေရန်းလူမျိုးတွေဟာ ကိုကိုးပင် စတင်စိုက်ပျိုးနိုင်တဲ့ လူမျိုးစုဖြစ်တဲ့အပြင် ကိုကိုးအစေ့ရဲ့ အရသာကို စတင်မိတ်ဆက်ပေးနိုင်တဲ့ လူမျိုးစုဖြစ်လို့ပါတဲ့။  ဒါ့အပြင် ဒီလူမျိုးစုတွေဟာ သူတို့ရဲ့ ဘုရားသခင်ကို ကိုကိုးအစေ့တွေကို ပူဇော်ပသကြတယ်လို့ ဆိုပါတယ်။
          ဒီ ချောကလက် အဆောက်အဦးကြီးကိုတော့ ဇွန်လ ၄ ရက်နေ့ကစပြီး Qzina’s Institue of Chocolate and Pastry မှာ ပြသထားမှာပါ။  ဒါပေမယ့် အကြာကြီး ပြသထားမှာတော့မဟုတ်ပါဘူး ၂၁ ဒီဇင်ဘာလ ၂၀၁၂ မှာ ဒီချောကလက် အဆောက်အဦးကြီးကို ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။  ဘာဖြစို့လဲဆိုတော့ မေရန်းတို့ရဲ့ ပြက္ခဒိန်ဟာ အဲ့ဒီအချိန်မှာ ကုန်ဆုံးသွားမှာဖြစ်လို့ ဖြစ်ပါတယ်။

နိုင်ငံရေးလောကထဲက မချောများ ၂


Eunice Olsen
          ၂၀၀၀ ခုနှစ်မှာ Miss Singapore Universe မယ်ဆုကို ဆွတ်ခူးထားတဲ့ ဒီ မဒီကညာကတော့ ၂၀၀၉ ခုနှစ်မှာလည်း အွန်လိုင်းကနေ အလှဆုံး အမျိုးသမီး နိုင်ငံရေးသမားတွေထဲမှာ ထိပ်ဆုံး ၁၀ ယောက် စာရင်းဝင်ပါသတဲ့။  ၂၀၀၄ ခုနှစ်မှာ Norminated Member of Parliament (NMP)ရဲ့ ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။  ၂၀၁၀ စင်ကာပူမှာ လူငယ် အိုလံပစ်ပြိုင်ပွဲကျင်းပတော့ သူမဟာ စင်ကာပူ အလံကိုင်ပြီး လမ်းလျှောက်ခဲ့တဲ့ တစ်ယောက်ပါ။  စင်ကာပူ တီဗီ အစီအစဉ်တွေမှာ ပါဝင်သရုပ်ဆောင်သူ ဖြစ်သလို၊ လူမှု့ရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေပါတယ်။

Sunday, May 13, 2012

Pool 8 ball

အားလပ်ရက်မှာ အေးအေးဆေးဆေးလေး ဂိမ်းဆော့ချင်သူများ အတွက်ကတော့ http://www.omgpop.com ဒီဆိုဒ်လေးကို ညွှန်းပါရစေ။  ကျွန်တော်ကတော့ 8 ball ထိုးရတာကြိုက်တော့ အဲ့ဒီဆိုဒ်မှာ Free Register လုပ်ပြီး 8 ball ထိုးပါတယ်။  Google Chrome Browser သုံးသူများအတွက်ကတော့ 8 ball ကို plug-in ထည့်လို့ရတော့ Browser မှာ icon ကို click လုပ်ပြီး တန်းသွားဆော့လို့လည်း ရပါတယ်။  omgpop မှာကတော့ ဂိမ်းလေးတွေ တော်တော်များများလည်း စုံသလို online ဆော့တဲလူတွေလည်း တော်တော်လေးများတာမို့ မပျင်းရပါဘူး။

ဒါ့အပြင် Draw My Things လိုမျိုး စိတ်ဝင်စားစရာ ဂိမ်းလေးတွေ အစုံရှိတာမို့ ရုံးပိတ်ရက် အနားယူရင်း ကစားနိုင်ကြပါတယ်။  အဲ... ကွန်နက်ရှင်ကတော့ ကောင်းဖို့လိုတာမို ကွန်ကျတဲ့ နေရာတွေမှာတော့ ကစားရင် နည်းနည်းကသိကအောက်ရောက်ပါလိမ့်မယ်။

Saturday, May 12, 2012

ယုံချင်ယုံ မယုံချင်နေ စင်္ကာပူ ဖုန်းရွှေပုံပြင်များ ၂

          စင်္ကာပူ ပြန်ရောက်တော့ ထုံးစံအတိုင်း ပူပြန်သည်။  ဒီနေ့မနက် တောင်ရှာမြောက်ရှာနဲ့ စင်္ကာပူက အကြောင်းလေးတွေ ဖတ်မိပြန်သည်။  ဒါနဲ့ပဲ ယုံချင်ယုံ မယုံချင်နေ စင်္ကာပူ ဖုန်းရွှေပုံပြင်များ - ၂ ကို ထပ်ပြီး ပေးလိုက်ပါသည်။  ပထမပိုစ့်လိုပဲ ယုံချင်ယုံ မယုံချင်နေ စင်္ကပူ ဖုန်းရွှေဆိုတဲ့ အတိုင်း ယုံချင်မှယုံ မယုံချင်လည်း မယုံကြပါနဲ့ ခင်ဗျား။












Singapore Flyer သို့မဟုတ် ကမ္ဘာ့အကြီးဆုံး ချား
          စင်္ကာပူရောက်ရင် ဆန်တိုစာ ကျွန်းလေးသွား၊ ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်းအရုပ်ကြီးပေါ်တက် ဓာတ်ပုံရိုက်၊  ဒါမှမဟုတ် ယူနီဗာဆယ်စတူဒီယိုသွား၊ မာရီနာဘေး တစ်ခေါက် ပတ်လမ်းလျှောက်၊ ဒါမှမဟုတ်ရင် ကလပ်ကီးနဲ့ ဘုတ်ကီး တစ်ကြောက ဘီယာဆိုင်မှာ ညနေစောင်းလေး ဘီယာစုပ်။  ဒီလိုမှ မဟုတ်ရင်တော့ Singapore Flyer ကြီး သွားစီးပေါ့လေ…။ 
          Singapore Flyer က ၁၆၅ မီတာမြင့်ပြီးတော့ အဲ့ဒီမှာ အတွဲ ၂၈ ခုရှိပါတယ်။  တွဲတစ်ခုချင်းစီမှာ အဲ့ကွန်းတပ်ထားလို့ အေးအေးလူလူနဲ့ စင်ကာပူမြင်ကွင်းကို တစ်ဝကြီး ကြည့်လို့ရတယ်၊  ဟိုတစ်လောကလို မီးပျက်မသွားရင်ပေါ့လေ…။  အဲ… အရင်တုန်းကတော့ စင်္ကာပူက အဲ့ဒီချားကြီး လည်တဲ့အခါမှာ စင်ကာပူကျွန်းဘက်ကို မျက်နှာမူတဲ့ အခြမ်းကနေ စပြီးတော့ လည်ပါတယ်။  ဆိုလိုတာက တိုက်တွေဘက်ကို မျက်နှာမူပြီး လည်ပြီးတော့ ပင်လယ်ဘက်ကို နိမ့်ဆင်းသွားတာပါ။  ဒါဟာ ကြည့်လိုက်ရင် နေ၀င် နေထွက်နဲ့ ဆန့်ကျင်ဘက် အရပ်မျက်နှာကို လည်နေတာလို့ ဖုန်းရွှေပညာရှင်တွေကဆိုပါတယ်။  ဒီတော့ သဘာဝ တရားကြီးကို လွန်ဆန်သလိုဖြစ်နေလို့ ခုဆိုရင် Singapore Flyer ကြီးဟာ ပြောင်းပြန် လည်နေပြီဖြစ်ပါတယ်။  အဲ့ဒီ ချားကြီးစီးရင် သတိထားပြီးကြည့်လိုက်ပါ ပင်လယ်ဘက်ကနေ တက်သွားပြီးတော့ အဆောက်အဦးတွေဘက်ကို နိမ့်သွားပါတယ်။  ဒါဟာ သဘာဝတရားကြီးနဲ့ ကိုက်ညီတဲ့အပြင် ပြင်ပက ကံကောင်းခြင်းတွေကို စင်ကာပူကျွန်းကို သယ်ဆောင်လာတယ်လို့ အဓိပ္ပာယ်ယူပါတယ်လို့ ချိုင်းနားပိုစ့်မှာ ဖော်ပြသွားပါတယ်။

Thursday, May 10, 2012

အင်ဂျင်နီယာတို့ အစွမ်း အံမခန်း

ကမ္ဘာအရပ်ရပ်က အစွမ်းပြထားတဲ့ အင်ဂျင်နီယာတို့ရဲ့ လက်ရာတွေကို စုစည်း တင်ပြလိုက်ပါတယ်။  ရှု့စားတော်မူကြပါလော.......

ဒီဇိုင်းကောင်းချင်ကတော့ ကြည့်ရင်းနဲ့တောင် မူးတယ်... 

Wednesday, May 9, 2012

Mind Your Language

Mind your language ကတော့ ခဏ ခဏကြည့်ဖြစ်သလို ကြည့်လိုက်တိုင်း မရိုးပဲ အမြဲရယ်နေရတာမို့ Season 1 ရဲ့ Episode 1 ကနေ 12 အထိ YouTube ကနေ ရှာပြီးတော့ တင်ပေးလိုက်ပါတယ်.....  အပျင်းပြေကြည့်ရင်း ရယ်မောနိုင်ကြပါစေသော်....

Season 1, Episode 1

နိုင်ငံရေးလောကထဲက မချောများ ၁


   
  • Alina Kabaeva

          သူမကတော့ ရုရှားနိုင်ငံရဲ့ ဒူးမားလွှတ်တော် အမတ်တစ်ယောက်ဖြစ်ပြီး Russian Honored Master of Sports လည်းဖြစ်ပါတယ်။  အရင်တုန်းကတော့ စည်းဝါးကျ ကပြရတဲ့ (rhythmic gymnast) အားကစားမယ် ဖြစ်ပါတယ်။  သူမဟာ အဆိုပါ အားကစားမှာတော့ သမိုင်းတစ်လျှောက် ဆုတံဆိပ်အများဆုံး ဆွတ်ခူးထားသူဖြစ်ပါတယ်။  အိုလံပစ်ချန်ပီယံ ၂ ဆု၊ ကမ္ဘာ့ချန်ပီယံ ၁၈ဆု၊ ဥရောပချန်ပီယံ ၂၅ဆု ဆွတ်ခူးထားပါတယ်။  မေလ ၁၂ရက်နေ့ ၁၉၈၃ မှာမွေးတာဖြစ်လို့ ခုချိန်မှာ အသက် ၂၉ နှစ်သာ ရှိပါသေးတယ်။ 





Tuesday, May 8, 2012

ပစ်ကြဦးမလား သားရေကွင်း သေနတ်များ


          ငယ်ငယ်တုန်းကဆိုရင် လမ်းထဲမှာ အရုပ်ကလေးတွေထောင် သားရေကွင်းနဲ့ ချိန်ပစ် လဲသွားတဲ့ အရုပ်ကလေးတွေယူ ဒီလိုမျိုးကစားခဲ့ကြပါတယ်။  ခုတော့ သားရေကွင်းကို လက်နဲ့ ချိန်စရာမလိုပဲ သေနတ်နဲ့ ချိန်ပစ်လို့ရတဲ့ သားရေကွင်းပစ် သေနတ်ပါတဲ့။  သားရေကွင်းပစ်တဲ့ သေနတ်ဆိုလို့ ဈေးပေါမယ်လို့တော့ မထင်လိုက်ပါနဲ့ အနည်းဆုံး ဒေါ်လာ ၂၃၀ လောက်ရှိပါသတဲ့။
          ဒီသေနတ်ကို ထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ ZumA2 ဆိုတဲ့ ကုမ္ပဏီကဖြစ်ပြီးတော့ သေနတ်တစ်ခုလုံးကို hand made လုပ်ထားတာပါ။  အရောင်းရဆုံးဖြစ်တဲ့ Fenrir သေနတ်အပြင်ကို အခြားသေနတ် အမျိုးအစား ၃၀ ကျော်ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။  သေနတ်တွေမှာ ၁၀ ချက်ကနေ ၁၂ ချက်အထိ ပစ်နိုင်တဲ့ semi-auto သေနတ်တွေရှိသလို fully automatic submachine gun ဆိုရင် အချက် ၃၀ ဆက်တိုက် ပစ်နိုင်ပါသတဲ့။  သူ့ရဲ့ ပထမဆုံး သေနတ် Silver Wolf ကတော့ Playstation 3 ဂိမ်းတစ်ခုဖြစ်တဲ့ Metal Gear Solid 4 ထဲက သေနတ်ပုံစံကို သားရေကွင်းနဲ့ ပစ်လို့ရအောင် ထုတ်ထားတာဖြစ်ပါသတဲ့။   တစ်ခုရှိတာက ဒါက လူကြီးတွေ ဆော့တဲ့ သေနတ်ဖြစ်တာကြောင့် ကလေးတွေဆော့ရင် မျက်စိတွေဘာတွေ မှန်မှာကိုတော့ စိုးရိမ်ရပါတယ်။ ကဲ သေနတ်ကလေးတွေကို ကြည့်လိုက်ကြရအောင်လား။

Monday, May 7, 2012

အော်ကီဂါဟာရ (သို့) ဂျပန်နိုင်ငံရဲ့ Suicide Forest


          အော်ကီဂါဟာရ ဆိုတဲ့ တောအုပ်ကလေးဟာ ဂျပန်လိုဘာသာပြန်ရင်တော့ သစ်ပင်တွေ ပင်လယ်ကြီးလို များပြားတဲ့ Sea of Trees လို့ အဓိပ္ပါယ်ရပါတယ်။  ဒီတော့အုပ်ကလေးဟာ ၁၄ မိုင်ပတ်လည် ကျယ်ဝန်းပြီးတော့ ဂျပန်နိုင်ငံရဲ့ အထင်ကရ တောင်ကြီးဖြစ်တဲ့ ဖူဂျီတောင်ရဲ့ အနောက်မြောက်ဖက်မှာ တည်ရှိပါတယ်။  စိုစွတ်နေတဲ့ ဂူတွေ၊ ကျောက်တုံး ကျောက်ခဲ ထူထပ်နေတဲ့ ဒီသစ်တောလေးဟာတော့ နာမည်ကောင်းနဲ့ လူသိများတာ မဟုတ်ပါဘူး။  ဒီတောထဲမှာ မိမိကိုယ်ကို သတ်သေကြတဲ့လူတွေ များပြားလွန်းလို့ ဒီသစ်တောလေးကို သေကြောင်းကြံတဲ့ သစ်တောလို့ အမည်တွင်ပါတော့တယ်။ 
          ဒီသစ်တောဟာ ဂျပန်နိုင်ငံမှာတော့ မိမိကိုယ်ကို သေကြောင်းကြံစည်မှု့ အများဆုံး၊ ကမ္ဘာပေါ်မှာ အမေရိကန် ဆန်ဖရန်စစ်စကိုက Golden Gate တံတားကြီးပြီးရင် ဒုတိယ မိမိကိုယ်ကို သတ်သေတဲ့လူ အများဆုံး နေရာဖြစ်ပါသတဲ့။  ၂၀၀၄ ခုနှစ်မှာ လူ ၁၀၈ ယောက်ဟာ အဆိုပါ သစ်တောထဲမှာ မိမိကိုယ်ကို သတ်သေခဲ့ကြပြီး ၂၀၁၀ ခုနှစ်မှာတော့ ၂၄၇ ယောက်ဟာ မိမိကိုယ်ကို သတ်သေဖို့ အဆိုပါတောထဲမှာ ကြိုးစားကြပါသတဲ့။  ဒါ့ကြောင့် တာဝန်ရှိသူတွေက ဒီသစ်တောမှာ အင်္ဂလိပ်ရော ဂျပန် ဘာသာနဲကပါ မိမိကိုယ်ကို သတ်မသေကြဖို့၊ သတ်သေဖို့ကြိုးစားနေသူတွေကို တွေ့ရင် ကူညီကြဖို့ ဆိုင်းဘုတ်တွေ ချိတ်ထားရတယ်လို့ ဆိုပါတယ်။

ခွေး ဖက်ရှင်

ဝေဟင်မှာ လေယာဉ်စီးကာ ယီးလေးလေးခိုမလို့ ခုမှ သင်တန်းဆင်းလာတာလေ....

Sunday, May 6, 2012

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၈

အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏  


ကြော်ငြာဆိုတာကတော့ ကြော်ငြာပါပဲ....

ချစ်သည်းနဲ့ ဖုန်းဆက်ရင် အနားမှာ ရှိသလို ခံစားရစေမယ့် ဖက်လုံး


          “နေ့တိုင်းပဲ ကြားချင်မိတယ်… အချိုသာဆုံသောစကားသံ” ဆိုတဲ့ သီချင်းလေးထဲကလို အနားမှ တစ်ဖွားမခွာချင်တတ်တဲ့ ချစ်သူတွေ ဖုန်းပြောတဲ့အခါမှာ ချစ်သူအသံလေးတွေကို နားထောင်ပြီး တစ်ညလုံး မအိပ်ပဲ ဖုံးပြောကြလို့ လကုန်ရင် ဖုန်းခတွေကျလို့ အိမ်ကကန်ချမှာ စိုးရိမ်တတ်ကြတယ် စုံတွဲများ အတွက်ကတော့ သတင်းကောင်းပါ။  ဖုန်းပြောယုံတင်အားမရလို့ ချစ်သူအသံလေးနားထောင်ရင်း ချစ်သူအနားမှ ရှိနေသလို ခံစားရစေမယ့် ဖက်လုံးကိုတော့ ဂျပန်က ထွင်လိုက်ပြန်ပါပြီ။ 
          ဒီဖက်လုံးအရုပ်ကလေးထဲကို ဖုန်းထည့်လိုက်ပါ….  ချစ်သူစကားပြောတဲ့အခါ စကားသံအတိုင်း အရုပ်ကလေးက တုံခါမှာဖြစ်ပါသတဲ့။  ဒီပြင် အရုပ်ကလေးက သင့်ကို ပူပူနွေးနွေး ပူးပူးကပ်ကပ်လေး ခံစားရစေမှာဖြစ်လို့ သင့်ဘေးမှာ သင့်ချစ်သူရောက်နေသလိုကို ခံစားရစေမှာ ဖြစ်ပါသတဲ့။ ဒီတော့ ဖုန်းခတွေတက်လို့ အိမ်က ကန်ချတော့လဲ အရုပ်ကလေးပိုက်ပြီး လမ်းပေါ်မှာ ဖုန်းဆက်ပြောနိုင်ကြပါပြီ။

Source : (Link)

Saturday, May 5, 2012

အားနွဲ့သူလို့မထင်လေနဲ့ ကားနှစ်စီးကို ဆံပင်နဲ့ဆွဲနိုင်သတဲ့


          ၂၁ ရာစုမှာ မိန်းမသားများလည်း ရှေ့တန်းရောက်လာကြပါပြီ။  ၀န်ကြီးချုပ်တွေအဖြစ် အချို့နိုင်ငံတွေမှာ တွေ့မြင်ရနိုင်သလို ကမ္ဘာကျော် ပက်(ပ်)စီ အချိုရည်ရဲ့ CEO လည်း အမျိုးသမီးပါပဲ။  ဒီတော့ အမျိုးသမီးများကို အားနွဲ့သူလေလို့ မထင်ပါလေနဲ့။  နှလုံးရည်စွမ်းဆောင်နိုင်သလို လက်ရုံးရည်ရော ညံလားဆိုရင် မညံပါဘူး။  ဟောဒီက ရှုဟွေကျွန်းဆိုတဲ့ အသက် ၄၃နှစ်ရှိတဲ့ အမျိုးသမီးကတော့ ဂျစ်ကားနှစ်စီးကို ဆံပင်နဲ့ ဆွဲပြသတဲ့ဗျား။  အရပ် ၅ ပေ ၂ လက်မဆိုတော့ လူကောင်ထွားတဲ့အထဲမှ မပါပေမယ့် သူကလေးရဲ့ အားသာချက်ကတော့ အဆန်းသား။  လွန်ခဲ့တဲ့ ၃နှစ် ဆပ်ကပ်အဖွဲ့မှာကထည်းက သူမဟာ ဒီလို ကားနှစ်စီးကို ဆွဲနိုင်ဖို့ လေ့ကျင့်ခဲ့ပါတယ်။  ပြီးခဲ့တဲ့ တစ်ခေါက်ကလဲ ၁ တန်ခွဲ ကားတစ်စီးကို ဆံပင်နဲ့ ဆွဲပြနိုင်ခဲ့သလို အခုတစ်ခေါက်မှာတော့ ကားနှစ်စီးပေါင်း ၄တန်ခွဲကို ဆံပင်နဲ့ ဆွဲပြသွားပါတယ်။  “ကျွန်မ စိုးရိမ်တာက ကျွန်မရဲ့ ဆံပင်တွေ ကျွတ်သွားမှာကိုပါ၊  ဒါပေမယ့် ကျွန်မလို အကောင်သေးသေးလေးက ဒီလို အကြီးကြီးကို ဆွဲပြနိုင်တော့ ကျွန်မ ကြီးကြီးကျယ်ကျယ် ခံစားရပါတယ်” လို့ ဆိုသွားပါတယ်။  ကဲ အားနွဲ့သူတွေကိုလဲ အထင်မသေးလေနဲ့  တော်ကြာ ကိုင်အပေါက်ခံရမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။

Source : (Link)

Friday, May 4, 2012

အသက်အငယ်ဆုံး ဥာဏ်ကြီးရှင်လေးများ


          စတီဗင် ဟော့ကင်းဆိုရင် Black Hole တွေ၊ ခေတ်သစ်အာကာသရဲ့ နယ်ပယ်သစ်ကို စူးစမ်းလေ့လာတဲ့ ရှေ့ဆောင်ပညာရှင်၊ နယူတန်၊ အိုင်းစတိုင်းတို့နောက်ပိုင်းမှာ အထူးချွန်ဆုံး ရူပဗေဒ ပညာရှင်လို့ အများက သိကြပါတယ်။  အမ်မလီ ရိုဂျာဆိုတဲ့ သူငယ်မကလေးကတော့ အိုင်ကျူ IQ 159 ရှိလို့ စတီဖင် ဟော့ကင်းအောက် တစ်မှတ်ပဲ လျှော့ပါသတဲ့။  ဒါပေမယ့် အင်္ဂလန်နိုင်ငံသူ သူမရဲ့ အသက်ကတော့ ခုမှ ၄နှစ်ပဲရှိပါသေးတယ်။ သူမဟာ  အသက် ၂ နှစ်နဲ့ ၁၁ လ အရွယ်မှာပဲ အမေရိကန်ရဲ့ U.S. member of the high-IQ society Mensa အဖွဲ့ဝင်တစ်ဦးဖြစ်လာပြီး Mensa မှာတော့ အသက်အငယ်ဆုံး အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။  သူမဟာ စာတွေရေးဖို့၊ ဖတ်ဖို့၊ ဂဏန်းတွေကို ရေတွက်ဖို့ စိတ်ဝင်စားသလို Black Holes (တွင်းနက်)တွေအကြောင်း၊ စနေဂြိုလ် ရဲ့ အပြင်ကို ၀န်းရံနေတဲ့ ဂြိုလ်ရံကွင်းကြီးတွေအကြောင်း၊ ကြာသာပတေးဂြိုလ်ရဲ့ အကြောင်းတွေကို လေ့လာရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့ပါပဲတဲ့။  သူမဟာ ဆဲလ်တွေ ကွဲထွက်တဲ့ “mitosis” ဆိုတဲ့ အသုံအနှုန်းကိုလဲ သိရှိနားလည်ပြီးတော့ ဘာကြောင့် ဘောက်ဖတ်တွေဟာ လိပ်ပြာအဖြစ်အသွင်ပြောင်းတယ်ဆိုတဲ့ “metamorphosis” အကြောင်းကိုလဲ သိရှိနေပြီ ဖြစ်ပါသတဲ့။  သူမဟာ အသက် ၁၅ လအရွယ်မှ စကားလုံးတွေကို မှတ်မိလာပြီး ၂ နှစ်မပြည့်ခင်မှာ အဆိုပါ စကားလုံးတွေကို ချရေးတတ်နေပါပြီ။  သူမရဲ့ မွေးနေ့ ၂ နှစ်ကျော်မှတော့ သူမရဲ့ နာမည်ကို စာလုံးပေါင်းတတ်နေပြီဖြစ်သလို ၁ ကနေ ၁၀၀ အထိလဲ ရေတွက်တတ်နေပါပြီ။

Thursday, May 3, 2012

ပိုက်ဆံ မသုံးပဲ ၁၂နှစ်ကြာနေထိုင်သူ


          ငွေ.. ငွေ…ငွေ လောကမှာ ငွေဟာလေ.. လူတန်းစား မခွဲခြားပဲ ဖျက်ဆီးတတ်ကြပေ.. ဆိုတဲ့ သီချင်းလေးကို ကြားဖူးကြမှာပါ။  နေ့စဉ်လူနေမှု့ဘ၀၊ မိုးလင်းလို့ထ မျက်စိနှစ်လုံးဖွင့်တာနဲ့ လူတွေ အလုပ်လုပ်ကြရတာလဲ ငွေအတွက်ပါပဲ။  စား၊ ၀တ်၊ နေ ရေးအားလုံးကို ငွေက လွှမ်းမိုးလေတာမို့ ငွေကို ဒုတိယ ဘုရားသခင်လို့ တစ်ချို့က ခေါ်ကြပေလိမ့်မယ်။  တစ်ချို့ကလည်း ငွေနဲ့ ကျန်းမာရေး၊ ချစ်မေတ္တာ၊ သစ္စာ စတာတွေကို ၀ယ်လို့မရဘူးဆိုပေမယ့် ငွေမရှိပြန်ရန်လည်း ဘယ်လိုဆေးကုမလဲ? စပွန်ဆာ ယဉ်ကျေးမှု့တွေဆင်းသက်လာတာကလဲ ငွေကြောင့်မဟုတ်ရင် ဘာကြောင့်လို့ ပြောရမလဲ မသိသလိုဖြစ်နေပါပြီ။
          ဒါပေမယ့် Daniel Suelo ဆိုသူကတော့ ငွေကို လုံးဝစွန့်လွှတ်လို့ ငွေမရှိပဲ ၁၂ နှစ် နေခဲ့ပြီးပါသတဲ့။  သူဟာ အစိုးရကိုလည်း အခွန်ပေးဆောင်ခြင်းမရှိသလို၊ အစိုးရက ပံပိုးပေးတဲ့ အကူအညီတစ်စုံတစ်ရာကိုလည်း ရယူခြင်းမရှိပါဘူးတဲ့။  သူ့အကြောင်းကို မာ့ခ်ဆူဒင်းဆိုသူက “ငွေကို စွန့်လွှတ်တဲ့ လူသား” ဆိုပြီး ၂၀၀၀ ခုနှစ်မှာ စာအုပ်ထုတ်ဝေထားသေးတယ်။  ပထမ ဒန်နီယန်ရဲ့ ဘ၀အတွက် ငွေကိုစွန့်လွှတ်မယ်ဆိုတဲ့ ရွေးချယ်မှု့ကို ကြားရတော့ ဒီလူစိတ်မှမှန်သေးရဲ့လားလို့တောင် အံသြမိတယ်လို့ ဆူဒင်းက ဆိုပါသတဲ့။  ဒါပေမယ့် ငွေမလိုသူ ဒန်နီယယ်ကတော့ ဘယ်သူ့ကိုမှ သူ့လိုမျိုးနေထိုင်ဖို့ အကြံပေးတာ၊ အားပေးအားမြှောက်နဲ့ တိုက်တွန်းတာမျိုး မရှိပါဘူးတဲ့။  ဒယ်နီယယ်ဆီမှာ မှတ်ပုံတင်ကဒ်ကိုလဲ မသုံးတော့ပါဘူး။  သူ့အယူအဆကတော့ သဘာဝလောကကြီးက ပေးထားတဲ့၊ လောကကြီးမှာ ကုန်ဆုံးသွားတဲ့၊  လက်ရှိ အခြေအနေမှာ ဖြစ်နေတဲ့အတိုင်း နေထိုင်ဖို့ဖြစ်ပါတယ်လို့ယူဆပါသတဲ့။  ဒါပေမယ့် သူဟာ တစ်ကိုယ်ထဲ သမားတော့မဟုတ်ပါဘူး။  ငွေကို အသုံးမပြုတာကလွဲလို့ သူ့မှာ အရင်အတိုင်း သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အဆက်အသွယ်မပြတ် ယခင်အတိုင်း နေပါတယ်။  တစ်ခါတစ်လေ အလုပ်လုပ်ပေမယ့်၊ အဲ့ဒီအတွက် လုပ်အားခကိုတော့ ငွေအဖြစ် မယူပါဘူးတဲ့။  

Source : (Link)

Wednesday, May 2, 2012

ငိုရင်ငို မငိုရင် သင်တန်းတက်ရမယ်… ဘာမှတ်နေလဲ?


          မြောက်ကိုရီးယားမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သွားလေသူ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီး အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် လုပ်ပါသတဲ့။  ခေါင်းဆောင်ကြီးကို ချစ်ကြတဲ့ ပြည်သူပြည်သားတွေကိုတော့ ၀မ်းနည်းခြင်းအထိမ်းအမှတ်အတွင်းမှ ပျော်ရွှင်ဟန်မပြရ၊ ပက်ပက်စက်စက် ၀မ်းနည်းနေရမယ်လို့ အမိန့်ထုတ်ထားပါသတဲ့။  တစ်ကယ်လို့သာ အထိန်းအမှတ်ပွဲကို ပါဝင်မဆင်နွှဲခဲ့ရင်၊ ဆင်နွှဲရဲ့သားနဲ့ သိပ်ဝမ်းနည်းတဲ့ပုံမပေါ်တဲ့ ပြည်သူပြည်သားတွေကတော့ မွန်းမံသင်တန်း ၆ လ တက်ရမယ်လို့ ဆိုပါသတဲ့။  ဟိုတစ်ခေါက်ကလည်း မြောက်ကိုရီးယားနိုင်ငံပိုင်အသံလွှင်ဋ္ဌာနကနေပြီးတော့ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကွယ်လွန်တော့ လူတွေတောင်မပြောနဲ့ ငှက်တွေ၊ ၀က်ဝံတွေပါ ငိုကြွေးရှာလေတယ်ဆိုပြီး ထုတ်လွှင့်သွားပါသေးတယ်။  

Source : (Link)

သတိ… ၀ သောသူများ အရေးယူမည်


          ဂျပန်မှာတော့ မ၀အောင်နေရေး ဥပဒေကို ပြီးခဲ့တဲ့ ၄ နှစ်လောက်ကထည်းက ထုတ်ပြန်ထားပါသတဲ့။  ယောင်္ကျားလေးဆိုရင် ခါး ၃၃လက်မခွဲထက် မကျော်ရ၊  မိန်းကလေးဆိုရင်လဲ ခါး ၃၅.၄ လက်မထက် မကျော်ရတဲ့။  တစ်ကယ်လို့ သတ်မှတ်ထားတာထက်ကျော်ခဲ့မယ်ဆိုရင် သင်အလုပ်လုပ်နေတဲ့ ကုမ္ပဏီက အလုပ်ရှင်ကို ဒဏ်ကြေးပေးဆောင်စေမှာဖြစ်ပါသတဲ့။  နောက် ၀ိတ်တက်လာရင်လဲ ကျန်းမာရေး လေ့ကျင့်ခန်း စင်တာတွေကို စေလွှတ်ပြီးတော့ ၀ိတ်ချခိုင်းမှာဖြစ်ပါသတဲ့။
          ဘာဖြစ်လို့လဲဆိုတော့ ခါးပတ်ရှည်လေ အသက်တိုလေဆိုသလို အ၀လွန်တဲ့ လူတွေ အသက်ကြီးလာရင် နိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှု့ စရိတ်တွေ အများကြီး တက်လာလို့ဖြစ်ပါသတဲ့။  ဒါကြောင့် နိုင်ငံသားတွေအားလုံး မော်ဒယ်လေးများလို သွယ်သွယ်လျှလျှ ကျန်းမာရွှင်လန်း တက်ကြွစွာ အလုပ်လုပ်နိုင်ကြစေရန် ဒီလိုမျိုး ဥပဒေ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါသတဲ့။  ကျွန်တော်တို့ ရွှေပြည်ကြီးမှာတော့ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု့က စားရိတ်မျှပေး (ကိုယ့်စားရိတ်ကိုယ်ပေး၊ မပေးနိုင်က အသေခံ) စနစ်ဖြစ်တာကြောင့် စားချင်သူများ လွတ်လွတ်လပ်လပ်စား၊ ၀ သူများ အားမငယ်ကြပါနဲ့ ၀၀ ကြီး စားလို့ ရပါသေးတယ်ခင်ဗျာ။

Source : (Link)

Sunday, April 29, 2012

လမ်းခွဲရက်သူမို့ သွားတွေအကုန်နှုတ်ပစ်လိုက်သည့် သွားဆရာဝန်မလေး


          လူတစ်ချို့ကျတော့ အချစ်ကြီးရင်တော့ အမျက်ကြီးတတ်တာလေမို့ ထားသွားရက်တဲ့ ချစ်သူကို အမုန်းမပြေ လက်စားချေချင်ကြတာ ဆန္ဒန်ဆင်မင်း ၀တ္တုထဲက စူဋ္ဌသုဘဒ္ဒါလိုပေါ့လေ။  ဟောဒီမှာတော့ ထူးထူးခြားခြား သွားဆရာဝန်မလေးက သူ့ကို ပစ်သွားတဲ့ ချစ်သူကို လက်စားချေတဲ့ အနေနဲ့ ကျွမ်းကျင်ရာ လိမ်မာရာဆိုသလို သူကျွမ်းကျင်တဲ့ သွားပညာနဲ့ အံပုံတပ်ကာ တစ်သက်လုံး နေလေရော့ဟယ်ဆိုပြီး သွားတွေ တစ်ချောင်းမကျန် နှုတ်ပစ်လိုက်ပါသတဲ့။

          ပိုလန်နိုင်ငံသူ အသက် ၃၄ နှစ်ရှိတဲ့ အန်နာ မက်ကိုဝခ် ဟာ သူ့ချစ်သူ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ မာရက် အိုဇူစကီးကို သူမကိုထားရစ် နောက်တစ်ယောက်နဲ့ ချစ်လို့ လမ်းခွဲပြီး နောက်တစ်နေ့မှာပဲ ချစ်သူကို မေ့ဆေးပေးကာ သွားတွေ တစ်ချောင်းမကျန် နှုတ်ပြီး လှလှပပလက်စား ချေလိုက်လို့ ထောင်ဒဏ်ခံရတော့မှာဖြစ်ပါသတဲ့။  သွားတွေနှုတ်လဲပြီးရော ခေါင်းကို ပတ်တီးဖွေးနေအောင်စီးလို့ ပါးစပ်ပါ ဟမရအောင် ပတ်တီးဆို့လို့ ထားရစ်ပါတယ်။  အိုဇူစကီးကတော့ “ကျွန်တော်နိုးလာတော့ တစ်ခုခုမှားနေတယ်ဆိုတာသိလိုက်တယ်။  ကျွန်တော့ပါးစပ်ထဲမှာ သွားတွေမရှိတော့ဘူး၊  ခေါင်းတစ်ခုလုံးကိုလဲ ပတ်တီးတွေနဲ့ စီးထားတာခံရတယ်” လို့ ဆိုပါတယ်။

Saturday, April 28, 2012

စားကြဦးမလား ဆူရှီ စစ်သင်္ဘောများ


          ဆူရှီ…. ဆူရှီ…. ဆူရှီ…..  ရွှေပြည်ကြီးကို ဆောင်းဦးရွက်ကြွေချစ်သက်သေ လိုမျိုး ရုပ်ရှင်ကားတွေ ထုတ်လွှင်ပြသလေတော့ အိမ်ရှင်မတွေရဲ့ သဲခြေကြိုက်တွေ ဖြစ်ကုန်တော့တာကိုး။  ကျန်တာတွေခေါက်ထား ကိုးရီးယားကားလာလို့ကတော့ အိမ်ဦးနတ် ဗိုက်ဟောင်းလောင်းပဲဖြစ်ဖြစ်၊ ရပ်ကွက်ထဲမီးပဲ လောင်လောင် ည ၈နာရီကျော်မှ ကျန်တာလာပြော၊ ခုတော့ လက်ကိုင်ပ၀ါလေးကိုင်လို့ မျက်ရည်စမ်းစမ်းနဲ့ ဗီဒီယိုကားတို့ နုသမျှ ကိုယ်တွေက ခံရရှာတော့တာ။  ဟင် ဟိုအကောင်က မိုက်ရိုင်းလိုက်တာ… ငါ့ မင်းသားလေးကိုများ ထိုးရက်လိုက်တာ၊ ဟင် ဟိုကောင်မက အရှက်မရှိ ဖြတ်ခုတ်သေးတယ်… မင်းသမီးလေးခမျာ သနားစရာနဲ့ တစ်ကားနဲ့ တစ်ကား မရိုး၊ မရိုးနိုင် ဇတ်စုံခင်းတော့ သကိုး။  ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်မလဲ….ကိုးရီးယား၊ ဂျပန် တို့ရဲ့ ယဉ်ကျေးမှု့တွေ ပျံနှံလာပြီး ရွှေမြို့တော်ကြီးတွေမှာ ကိုးရီးယားဆိုင်၊ ဂျပန်ဆိုင်တွေ ဟိုမှာ တစ်ဆိုင်၊ ဒီမှာ တစ်ဆိုင်နဲ့ တွင်တွင်ကျယ်ကျယ်ဖြစ်လာကြသလို၊ ကိုရီးယား ဖက်ရှင်လိုလို ဟာတွေလဲ လူငယ်တွေကြား ရေပန်းစားလို့ ဆံပင်တွေလဲ အနက်ရောင်ကနေ ရောင်စုံတွေဖြစ်၊ အ၀တ်အစား ၀တ်ဆင်မှု့ဟန်ပန်တွေလဲ ပြောင်းကုန်ကြပါပြီ။
          ကဲ ဟောဒီမှာတော့ ဂျပန်တွေကတော့ ပုံမှန် ဆူရှီလိပ်တွေနဲ့ မတူတမူထူးခြားတဲ့ စစ်သင်္ဘော ဆူရှီပါတဲ့။  ဆူရှီချစ်သူတွေကတော့ ဂန်ကန်မာကိ လို့ခေါ်တဲ့ စစ်သင်္ဘောပုံစံ ဆူရှီများကို ပုံမှန်ဆူရှီလိပ်တွေထက် အမြင်ဆန်းပြီး စစ်သင်္ဘောပုံစံအသွင် ပြုလုပ်စားသုံးနိုင်ကြပါပြီ။  ဒီ စစ်သင်္ဘောဆူရှီကိုတော့ မာယုကာ နာကာမူရာ က ဖန်တီးလိုက်တာပါ။  “ပထမတော့ ကျွန်မဟာ စစ်သင်္ဘောတွေကို စိတ်ဝင်စားပါတယ်။  နောက်ပြီးတော့ လူတွေဘာဖြစ်လို့ အစားအစာတွေကို ဒီလို စစ်သင်္ဘောပုံစံတွေ မလုပ်ကြသလဲလို့ စဉ်းစားမိရင်းကနေ စစ်သင်္ဘောဆူရှီကို ဖန်တီးလိုက်တာပါလို့” ဆိုပါသတဲ့။