- Alina Kabaeva
သူမကတော့ ရုရှားနိုင်ငံရဲ့ ဒူးမားလွှတ်တော်
အမတ်တစ်ယောက်ဖြစ်ပြီး Russian Honored Master of Sports လည်းဖြစ်ပါတယ်။ အရင်တုန်းကတော့ စည်းဝါးကျ ကပြရတဲ့ (rhythmic
gymnast) အားကစားမယ် ဖြစ်ပါတယ်။ သူမဟာ အဆိုပါ
အားကစားမှာတော့ သမိုင်းတစ်လျှောက် ဆုတံဆိပ်အများဆုံး ဆွတ်ခူးထားသူဖြစ်ပါတယ်။ အိုလံပစ်ချန်ပီယံ ၂ ဆု၊ ကမ္ဘာ့ချန်ပီယံ ၁၈ဆု၊ ဥရောပချန်ပီယံ
၂၅ဆု ဆွတ်ခူးထားပါတယ်။ မေလ ၁၂ရက်နေ့ ၁၉၈၃ မှာမွေးတာဖြစ်လို့
ခုချိန်မှာ အသက် ၂၉ နှစ်သာ ရှိပါသေးတယ်။
- Luciana Leon
သူမကတော့ ပီရူးနိုင်ငံရဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီးတော့
၁၉၇၈ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ မွေးပါတယ်။
အသက် ၁၄ နှစ်သမီးကထဲက Aprista Party’s youth wing မှာ အထွေထွေ အတွင်းရေးမှု့ဖြစ်ခဲ့ပြီး၊
၂၀၀၂ မှာတော့ Women’s commissioning of the Congress မှာ အကြံပေးဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီ မှာပဲ Vice-president
ရာထူးကို ရယူခဲ့ပါတယ်။ ၂၀၀၄ ကနေ ၂၀၀၅ ခုနှစ်မှာတော့
ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဋ္ဌာနမှာ အကြံပေးလုပ်ခဲ့ပါတယ်။
- Sara Ruiz Chavez
မက္ကစီကိုနိုင်ငံသူ ဆာရာကတော့ ၂၀၀၆ ခုနှစ်မှာ
အောက်လွှတ်တော် အမတ်ဖြစ်ခဲ့ပါတယ်။
- Yuri Fujikawa
အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ သူမကတော့ ဂျပန်နိုင်ငံ
ဟာချီနိုဟိ မြို့က နိုင်ငံရေးသမားဖြစ်ပါသတဲ့။
- Anna-Maria Galojan
အက်တိုးနီးယားသူ အန်နာကိုတော့ ၁၉၈၂ ဖေဖော်ဝါရီ
၂၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အက်စတိုးနီးယား
နိုင်ငံခြားရေးရာ တက္ကသိုလ်မှာ ကျောင်းပြီးခဲ့တဲ့ သူမကတော့ နိုင်ငံရေးကို စိတ်ဝင်စားသူတစ်ယောက်လည်းဖြစ်ပါတယ်။
Source : (Wikipedia)
Photos : Google Search
ဆရာနောက်ဆုံးအမျိုးသမီးက ယူကရိန်းမှာ အခုထောင်ကျနေတဲ့ 
ReplyDeleteယူလီယာမဟုတ်လား
ဝန်ကြီးချူပ်ဟောင်းမှတ်တယ်...
အား... ဟုတ်တယ် ကိုပီတာ။ ကျွန်တော် ပုံမှားတင်မိတာခင်ဗျ။ ပြောင်းလိုက်ပါပြီခင်ဗျာ။ ကျေးဇူးပါ ဆရာ။
Deleteတို့က
ReplyDeleteAlina Kabaeva နဲ့ တူနေပါလား ကွယ်
မွေးနှစ် ပြောပါတယ် ဟဲဟဲ :D
တူပါတယ်. မကျူတီ.. မွေးနေ့ကို ပြောတာ ဟီး ဟီး
Deleteအောက်ဆုံးကတစ်ယောက်ကို သိတယ်။ ကျစ်ဆံမြီး အမြဲကျစ်တတ်လို့:)
ReplyDeleteသူက ကိုပီတာပြောသလို.. ယူကရိန်းက ယူလီယာပါခင်ဗျာ။ ကျွန်တော် ပုံမှားတင်မိလို့ခင်ဗျ။ အခု ပြောင်းလိုက်ပါပြီ။
Delete