မြောက်ကိုရီးယားမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက
သွားလေသူ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီး အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် လုပ်ပါသတဲ့။ ခေါင်းဆောင်ကြီးကို ချစ်ကြတဲ့ ပြည်သူပြည်သားတွေကိုတော့
ဝမ်းနည်းခြင်းအထိမ်းအမှတ်အတွင်းမှ ပျော်ရွှင်ဟန်မပြရ၊ ပက်ပက်စက်စက် ၀မ်းနည်းနေရမယ်လို့
အမိန့်ထုတ်ထားပါသတဲ့။ တစ်ကယ်လို့သာ အထိန်းအမှတ်ပွဲကို
ပါဝင်မဆင်နွှဲခဲ့ရင်၊ ဆင်နွှဲရဲ့သားနဲ့ သိပ်ဝမ်းနည်းတဲ့ပုံမပေါ်တဲ့ ပြည်သူပြည်သားတွေကတော့
မွန်းမံသင်တန်း ၆ လ တက်ရမယ်လို့ ဆိုပါသတဲ့။
ဟိုတစ်ခေါက်ကလည်း မြောက်ကိုရီးယားနိုင်ငံပိုင်အသံလွှင်ဋ္ဌာနကနေပြီးတော့ မြောက်ကိုရီးယား
ခေါင်းဆောင်ကြီး ကွယ်လွန်တော့ လူတွေတောင်မပြောနဲ့ ငှက်တွေ၊ ၀က်ဝံတွေပါ ငိုကြွေးရှာလေတယ်ဆိုပြီး
ထုတ်လွှင့်သွားပါသေးတယ်။
Source : (Link)
အလွမ်းဇာတ်ကားတွေ ရုပ်ရှင်ရိုက်ရင် တောင်ကိုရီးယားဇာတ်ကားတွေထက် ပို အသက်ဝင်လောက်တယ်။ သေချာ လေ့ကျင့်ပေးထားလို့။း)
ReplyDeleteများတို့လိုမျက်ရည်လွယ်လွယ်မကျတတ်တဲ့လူဆိုရင်တော့ သင်တန်းတက်ရဦးမယ်
ReplyDeleteရူးတယ်လို့ပဲဆိုရမှာပေါ့။
ReplyDelete