စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, September 29, 2011

ယန်း ၁၀ သန်းကို အိမ်သာထဲထည့်ခဲ့တဲ့ အလှုရှင်

          ပြီးခဲ့တဲ့ ကြာသာပတေးနေ့တုန်းက အမေရိကန် ဒေါ်လာနဲ့ တွက်ရင် ၁သိန်း ၃သောင်း ၁ထောင်လောက် တန်ဖိုးရှိတဲ့ ဂျပန် ယန်းငွေ ၁၀ သန်းကို အမည်မသိအလှုရှင်တစ်ယောက်က ဆူနာမီနှင့် ငလျှင်ဒဏ်ခံစားရသူတွေကို ရည်စူးကာ လှုဒါန်းသွားတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
          စက်တင်ဘာ ၂၂ ရက်နေ့က ဂျပန်နိုင်ငံ မြောက်ပိုင်း ဆာကာဒိုးမြို့ကလေးရဲ့ အများသုံးအိမ်သာထဲမှာ ပလက်စတစ်ဈေးဝယ်အိတ်နဲ့ထည့်ထားတဲ့ ဂျပန်ယန်းငွေ ၁၀ သန်းကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။  မြို့ကလူတွေကတော့ အကယ်လို့သာ ဒီငွေတွေကို ပိုင်ရှင်က သုံးလအတွင်းပြန်လာမယူဘူးဆိုရင် ဂျပန် ကြက်ခြေနီကို လှုဒါန်းမယ်လို့ မြိုကလေးရဲ့ ပြောရေးဆိုခွင့်ရှိသူ မဆုမိ ဆက်ကီကူချိ ကဆိုပါတယ်။
          သူမအဆိုအရတော့ ဒီငွေအိတ်လေးထဲမှာ လက်ရေးနှင့်ရေးသားထားသော စာကလေးတစ်စောင်တွေ့ရှိခဲ့ပြီး အဲ့ဒီစာလေးထဲမှာရေးထားတာက “ကျွန်တော်/ကျွန်မဟာ အထီးကျန်တဲ့သူတစ်ယောက်ပါ။ အနာဂါတ်ဆိုတာလည်း မရှိတော့ပါဘူး။ ဒီတော့ ဟော့ဒီငွေတွေကို တိုကိုဟု မှာရှိတဲ့ လူတွေ အသုံးချနိုင်အောင် ပေးလိုက်ပါ” လို့ ရေးထားပါသတဲ့။
          တိုကိုဟုဆိုတာက ဂျပန်နိုင်ငံရဲ့ မြောက်ဘက်အစွန်ဆုံး ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ ဘေးဆိုးကြီးကြောင့် လူပေါင်း ၂ သောင်းကျော်နဲ့ အပျက်အစီးအများအပြားကို ခံစားရတဲ့အပြင် ဖူကူရှီမား အနုမြူစက်ရုံရဲ့ အန္တရာယ်တွေကိုပါ ဆက်တိုက် ခံစားနေရတဲ့ မြို့ကလေးဖြစ်ပါတယ်။
          “ဒီ ဖြစ်ရပ်အတွက် သက်သေမရှိသလို ဘယ်လိုလူမျိုးက ဒီလိုမျိုးလုပ်ခဲ့တယ်ဆိုတာကို မစဉ်းစားတတ်အောင်ပါပဲ” လို့ မဆုမိက ပြောသွားပါတယ်။  “ဒါပေမယ့် ဒါဟာတစ်ကယ့်ကို အံသြဖွယ်တစ်ခုပါဘဲ နောက်ပြီးတော့ သူ့ရဲ့ သနားကြင်နာမှု့ကိုလည်း ကျေးဇူးတင်လှပါတယ်”လို့ ပြောသွားပါသေးတယ်။
          ရွှေပြည်ကြီးမှာဆိုရင်ရောဆိုတဲ့ အတွေးလေးက စိတ်ထဲမှာဝင်လာပါတယ်။  ဖျောင်ပစ်လိုက်မှာလား ဒါမှမဟုတ် သက်ဆိုင်ရာကို အပ်လိုက်မှာလား။  ဖြစ်နိုင်ခြေလေးတွေပေါ့။
ဒါဟာ
၁။ တစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်စာရိတ္တ
၂။ စာနာသနားတတ်မှု့
၃။ နိုင်ငံချစ်စိတ်
၎။ တာဝန်သိတတ်မှု့
ဒီလေးမျိုးလုံးပေါင်းစပ်နိုင်မှ ဒီလိုအခြေအနေမျိုးဖြစ်လာနိုင်မယ်လို့ ကောက်ချက်ချမိပါတယ်။  ဂျပန်တွေ ဘယ်လိုဘဲ သူများနိုင်ငံတွေကို ပက်ပက်စက်စက်သိမ်းပိုက် အနိုင်ကျင့်ခဲတယ်ပြောပြော သူတို့လူမျိုးချင်းအတွက်ကျတော့ သေအောင်သိတတ်၊ ချစ်တတ်ကြတယ်ခင်ဗျ။  ဒါ့ကြောင့် ဒုတိယ ကမ္ဘာစစ်ပြီးတော့လည်း အချိန်တိုအတွင်း ပြန်လည်ထူထောင်နိုင်ခဲ့တာပါ။  တတိယ ကမ္ဘာစစ်ဖြစ်ခဲ့ဦး ဂျပန်ဆိုတဲ့ လူမျိုးကျန်နေသရွှေ့တော့ ဂျပန်နိုင်ငံဟာ လျှင်လျှင်မြန်မြန်နဲ့ဘဲ ပြန်လည်ထူထောင်နိုင်ဦးမှာပါ။  ကျွန်တော့် အဘိုးပြောပြတဲ့ ဖြစ်ရပ်ကလေးတစ်ခုကို သတိရမိတယ်ဗျ။  လောပိတမှာ ရေအားလျှပ်စစ်စက်ရုံဆောက်တုန်းကပါ။  အဲ့ဒီက ဂျပန်တွေဟာ တစ်နေ့ တစ်နေ့ကို သကြားနဲ့သာ ထမင်းစားပါသတဲ့။  အဲ့ဒါနဲ့ ဘာဖြစ်လို့လဲလို့မေးကြည့်တော့ သူတို့နိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်ပြီးတော့ အကြွေးတွေ ပတ်လည်ဝိုင်းနေလို့တဲ့။  အဲ့ဒါသူတို့ပိုက်ဆံများများစုနိုင်ရင် နိုင်ငံတော်လည်း ပိုက်ဆံများများ ရမယ်။ ဒါနဲ့ အစိုးရက လည်ပတ်ပြီးတော့ ကြွေးတွေကို ကျေအောင်ဆပ်ရမှာတဲ့။  သစ္စာရှိတဲ့ အစိုးရနဲ့ သစ္စာရှိတဲ့ နိုင်ငံသားတွေပါဘဲ။  ထပ်ပြောတော့ပါဘူး ဒါတွေပြောရင် ဒေါတွေပါကုန်မှာမို့လို့ ဒီမှာဘဲရပ်လိုက်ပါရစေ။
          အဲ မယုံရင် ငွေ ၁၀ သိန်းလောက် ကြွပ်ကြွပ်အိတ်နဲ့ထည့်ပြီးတော့ နာဂစ်ဖြစ်တဲ့နေရာတွေက အိမ်သာတစ်ခုခုထဲမှာ သွားထည့်ပြီးစမ်းကြည့်ပါလား။  ဘယ်သူအုပ်ချုပ်သည်ဖြစ်စေ အခြေခံစိတ်ကလေးတွေ ပြုပြင်ကြရမှာ၊တိုးတက်အောင်လုပ်ရမှာက မိမိကိုယ်တိုင်ပါ။  သူများတွေကို လက်ညှိုးထိုးနေမယ့်အစား ငါသာ ဒီငွေယန်း ၁၀ သန်းကို တွေ့ရင်ဘာလုပ်မလည်းလို့ အရင်ဆုံးတွေးကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။


Source : (Link)

5 comments:

  1. သက်ဆိုင်ရာကိုအပ်လိုက်ရင်ရော ဘာဖြစ်သွားမလဲ စဉ်းစားကြည့်မိသေးလား မသိဘူး။ ကောင်းစေချင်တဲ့ စေတနာထားတာမြင်သာပါတယ်။ ဒါပေမယ့် ၁၀ သိန်းကိုပဲ အရင်လာထားတဲ့သူရှိပါစေအုန်းလေ။

    ReplyDelete
  2. သက်ဆိုင်ရာကိုအပ်လိုက်ရင် အင်း............. သက်ပြင်းထပ်ချမိပါတယ်။ အင်း....မည်သိုပင်ဆိုစေကာမူ......... မည်သူတွေမည်သို့ပင်ဖြစ်စေကာမူပေါ့လေ... မိမိကိုယ်ကို ရိုးသားကြပါလို့ တိုက်တွန်းပါရစေ ခင်ဗျာ။

    ReplyDelete
  3. ခဏလေး တွေးလိုက်ဦးမယ်... တွေးပြီး လာပြန်ပြောမယ် :D

    ReplyDelete
  4. Ade money nate Casino do pyi amyar kyi phit aung lope mal...pye yin bar jar htut ko ayet wal tike mal

    ReplyDelete
  5. ဟေ့လူကြီး ရေချိန်ကိုက်နေပြီလား။

    ReplyDelete