စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, December 6, 2011

လျှောက်ကြီဦးမလား ရိုလာကိုစတာ လှေကား


          ရိုလာကိုစတာဆိုရင် မွေလိမ်မွေကောက် ရထားလမ်းတစ်လျှောက် ဝေဟင်ထဲရောက်နေသလို မိုးပျံရထားနဲ့ သည်းတထိတ်ထိတ် ရင်တဖိုဖို စီးရတာမို့ အသည်းငယ်သူများကတော့ စီးရမှာ မချင့်မရဲ့ ဖြစ်ကြမှာပါ။  ဒီလိုမျိုးအတွက်တော့ မပူပါနဲ့။  ရိုလာကိုစတာ လှေကားကို ဂျာမနီနိုင်ငံ Duisburg မှာ ဖွင့်လှစ်လိုက်ပါပြီ။ ဒီ ရိုလာကိုစတာလှေကားကို ဒီဇိုင်နာ Heike Mutter and Ulrich Genth တို့က ထွင်လိုက်တာဖြစ်ပြီး ကျားနှင့်လိပ်လို့ နာမည်ပေးထားပါတယ်။  ၄၅ မီတာမြင့်တဲ့ ဒီလှေကားမှာ လှေကားထစ်ပေါင်း ၂၄၉ ထစ်ပါဝင်ပါတယ်။ ဒါကြောင့် သင့် စိတ်ကြိုက် အရှိန်နဲ့ သင့် စိတ်ကြိုက်ပုံစံ လမ်းလျှောက်နိုင်လို့ ရိုလာကိုစတာ လျှောက်သူတွေလည်း အသည်းငယ်စရာမလိုတော့ပါဘူး။ 
          ဒီ ရိုလာကိုစကာလှေကားဟာ ဂျာမနီက အသုံးမပြုတော့တဲ့ မိုင်းတွင်း အဟောင်းကြီး အပေါ်မှာ ရှိတာပါတဲ့။  ဒီတံတားကို တည်ဆောက်ဖို့ သံတန်ပေါင်း ၁၂၀ လောက် ကုန်ပါသတဲ့။  ညအချိန်ကျရင်တော့ မီးလုံးလေးတွေကို လှေကားလက်ရန်းတစ်လျှောက် အလှဆင် ထွန်းထားပါသတဲ့။










Source : (Link)

9 comments:

  1. အပေါ်ပက်လက်နေရာကိုဘယ်လိုလျှောက်လဲသိချင်တယ်း)

    ReplyDelete
  2. ၀မ်းလျားမှောက်ပြီး တွယ်တက်မှာပေါ့ မယ်ကိုးရဲ့.. :)

    ReplyDelete
  3. ရိုလာကိုစတာဆိုရင် အရမ်းကြိုက်တယ် ဘယ်နေရာရောက်ရောက်စီးချင်တယ်အဲဒီလို
    လမ်းတော့မလျှောက်ဖူးပါဘူး
    လျှောက်ရတာပင်ပန်းပါတယ်စီးတာပဲကောင်းတယ်
    ဆုံရင်တူတူ စီးကျတာပေါ့နော်

    ReplyDelete
  4. ဟုတ်မ မဒမ်.. မမြသွေးနီပြောသလို ၀မ်းလျှားမှောက်ပြီး တွယ်တက်ပေါ့ မဒမ်ရဲ့....

    မဂျက်စ်ကလည်း ဒီလို လမ်းလျှောက်တော့ ကျန်းမာရေးနဲ့တောင်ပို ညီညွှတ်သေး :)

    ReplyDelete
  5. စိတ်ဝင်စားစရာ လျှောက်လမ်းတွေပါလား မောင်အောင်ထွဋ်ရေ။
    လျှောက်ဖူးချင်လိုက်တား)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ဟန်ကြည်December 6, 2011 at 9:37 PM

    ကောင်းလိုက်တဲ့ ဗိသုကာ...စိတ်ကူးက ပိုတောင်ကောင်းသေး...

    ReplyDelete
  7. ပုံကြည့်ရင်းလိုက်လျှောက်ကြည့်တော့မူးသွားတယ်
း)
    မောင်ဘကြိုင်

    ReplyDelete
  8. အင်း.....စကတ်တွေ ဂါဝန်တွေနဲ့တော့သွားလို့မဖြစ်ဘူးး)

    ReplyDelete
  9. လျှောက်တော့ လျှောက်ကြည့်ချင်ပါတယ်..
    ရင်ခုန်ရတဲ့ ခံစားချက်ကို သဘောကျတယ်..

    ReplyDelete