စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, December 15, 2011

ဂျော်ဂျီယာက သံလိုက်လူသား

          ဂျော်ဂျီယာပြည်နယ်က အသက် ၃၉ ရှိ အားကစားနည်းပြ အက်တီဘာ အဲလ်ချဗ်(Etibar Elchyev) ဆိုသူကတော့ ဇွန်းအချောင်းပေါင်း ၅၀ ကို ကိုယ်မှာကပ်ပြီးတော့ သံလိုက်လူသားအဖြစ် ဂင်းနစ်မှတ်တမ်းဝင်သွားပါပြီ။  အဆိုပါ ကစ်ဘောက်ဆင် လက်ဝှေ့နည်းပြဟာ သူ့ရဲ့ ကိုယ်ထဲမှာ သံလိုက်စွမ်းရည်ရှိနေတယ်ဆိုတာကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က စတင်သိရှိခဲ့တယ်လို့ဆိုပါတယ်။
          ပထမတော့ အက်တီဗာ ဟာ ဇွန်းပေါင်း ၂၇ ချောင်းကို မျက်နှာပေါ်ကပ်ပြီး ကမ္ဘာ့စံချိန်ချိုးမယ်လို့ ဂျော်ဂျီယန် ဂင်းနစ် ကမ္ဘာစံချိန်အဖွဲ့က ကြေငြာခဲ့ပါတယ်။  ဒါပေမယ့်လည်း ဒီ ကစ်ဘောက်ဆင် နည်းပြဟာ သူ့ရဲ့ လည်ပင်းနဲ့ ရင်ညွန့်တစ်ဝိုက်မှာ ဇွန်းအချောင်းပေါင်း ၅၀ကို ကွာမကျစေပဲ ထိန်းနိုင်ခဲ့ပါတယ်။  ဒီလိုမျိုး အံဖွယ် စွမ်းရည်ကို ပြသနိုင်ခဲ့တဲ့ အက်တီဘာဟာ အခုဆိုရင် ပျော်ရွှင်နေပြီး ဒီထက်ပိုမို ဇွန်းတွေကပ်နိုင်အောင် ကြိုးစားဦးမယ်လို့ဆိုပါတယ်။
          “ဒီကနေ့ ရလဒ်အတွက် အထူးကို ကျေနပ်မိပါတယ်။  ဒါပေမယ့် ကျွန်တော့် စွမ်းရည်တွေ အကုန်လုံးကို ထုတ်ပြနိုင်ဖို့အတွက် အလျှင်စလိုတော့ လုပ်မှာမဟုတ်ပါဘူး။  ပထမတော့ ကျွန်တော် ဇွန်း ၂၇ ချောင်းကို ကိုယ်မှာ ကပ်ပြမယ်လို့ ကြေငြာခဲ့ပေမယ့် နောက်ပိုင်းတော့ အချောင်း ၅၀ လောက်အထိ ကပ်နိုင်ခဲ့ပါတယ်။  နောက်တစ်ချိန်ဆိုရင်တော့ ဇွန်းအချောင်းပေါင်း ၁၅၀ လောက်အထိကို မှန်းထားတယ်။  ဖြစ်ပေမယ့် ဒီထက်များချင်လည်း များနိုင်ပါတယ်။  ကျွန်တော့် ရည်မှန်းချက်ကတော့ ဘယ်သူမှ မချိုးဖြတ်နိုင်တဲ့ မှတ်တမ်း ချန်ခဲ့ချင်တာပါလို့”  သံလိုက်လူသား ကိုကိုအက်တီဗာ ကပြောသွားပါတယ်။  



Source : (Link)

8 comments:

  1. ဇွန်းအချောင်းပေါင်း ၁၅၀ မကပ်ပဲ ဒေါ်လာ ၁၅၀၀၀၀၀ လောက်လာကပ်ရင်ပိုမကောင်းဘူးလား
    ထူးထူးဆန်းဆန်းလေးတွေနော်

    ReplyDelete
  2. ကိုရင့်ကိုအဲလိုကပ်နေအောင်လုပ်ထားချင်တယ် ဘိုလုပ်ရမဲး)

    ReplyDelete
  3. ထူးထူးဆန်းဆန်းနော်အကို
    မသိတာတွေသိခဲ့ရတယ်ဗျာ

    ReplyDelete
  4. ဒေါ်လာကပ်လိုက်လို့ကတော့ ဟိုက ထိုင်ကြည့်နေတဲ့ လူတွေက ၀ိုင်းလုမှာပေါ့... ဟီး ဟီး ဟီး

    ReplyDelete
  5. မဒမ်ကလည်း လွယ်လွယ်လေး ကိုရင့်ကို သံလိုက်ဓာတ်ရအောင် သံဓာတ်အများကြီးပါတယ် ဖယ်ရိုဗစ်တို့ ပါတို့ နေတိုင်း တစ်နေ့ ၄ လုံးလောက်တိုက် ဇွန်းတင်မကဘူး ဓားမကြီးပါ ကပ်ချင်ရင် ကပ်လို့ရပြီ။

    ကိုဘိုဖြူနဲ့ ကိုလွင်ပြင်ကို လာလည်တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျား။

    ReplyDelete
  6. အနောက်ကကြည့်တာ ကိုအားထိုင်နဲ့ ခပ်ဆင်ဆင်လိုပဲ... တူတာပဲနေမှာ နော် :P

    ReplyDelete
  7. အလိုလေး ကမောင်သန့်ရယ်၊ ဘုရားစူးစူး၊ ကျမ်းပေးပေး အဲ့သလို သံလိုက်ဓာတ်မရှိတာပါ ခင်ဗျာ။ ကမောင်သန့်ပြောလို့ အခု ရှေ့ကမြင်ရတဲ့ ပုံတင်ပြီး အပ်ပဒိတ် လုပ်လိုက်ပြီ။ ဟဲ ဟဲ

    ReplyDelete