စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, December 7, 2011

ထီဆုကြီးပေါက်ဖို့ ခွေးကလေးတွေရဲ့ အီးအီး အပြိုင်ကောက်ကြစို့


          ထိုင်ဝမ်နိုင်ငံ မြောက်ပိုင်းကလမ်းတွေ သန့်ရှင်းစေဖို့အတွက် ခုတော့ ထိုင်ဝမ်နိုင်ငံသားတွေဟာ ခွေး အီအီးတွေကို အပြိုင်ကောက်နေကြပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ ဒီခွေးအီအီးကောက်ပြိုင်ပွဲရဲ့ ပထမဆုကို လိုချင်ကြလိုပါတဲ့။  ပြီးခဲ့တဲ့ သြဂုတ်လက စတင်ခဲ့တဲ့ ဒီထီဖွင့်ပွဲကို New Taipei City က နိုင်ငံသား အယောက် ၄၀၀၀ ကျော်ဟာ ပါဝင်ဆင်နွှဲပြီးပါပြီ။  ဒီ ထီပေါက်စဉ်ရဲ့ အမြင့်ဆုံး ဆုကတော့ ဒေါ်လာ ၂၀၀၀ တန်(ထိုင်ဝမ်ငွေ ၆ သောင်းတန်) ရွှေ ကို ရရှိမှာဖြစ်ပါတယ်။  ထီလက်မှတ်လိုချင်ရင် ခွေးအီအီး တစ်ထုပ်နဲ့ လဲယူလို့ရပါသတဲ့။  ခုတော့ ခွေးအီအီးအထုပ်ပေါင်း တစ်သောင်း လေးထောင်ကျော်ကို လက်ခံရရှိနေပြီလို့ဆိုပါတယ်။
          ထိုင်ဝမ်နိုင်ငံ မြို့တော် ၀န်းကျင် သန့်ရှင်းရေး ဗျူရိုရဲ့ ၀န်ထမ်း မလိုင်လျှမ် ကတော့ “အခု ကျွန်မတို့ထင်ထားတာထက် ပိုပြီးတော့ကို အောင်မြင်မှု့ရပါတယ်” လို့AFP သတင်းဋ္ဌာနကို ပြောသွားပါတယ်။  ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီလို စနစ်လေးကျင့်သုံးရင် အများကြီးပို တိုးတက်လာနိုင်ပါတယ်။

Source : (Link)

6 comments:

  1. ဟဟဟဟဟဟဟဟဟဟ
    ဖြစ်မှ ဖြစ်ရလေဗျာ..တကယ့်ကို ကြံကြံဖန်ဖန် ကိစ္စပဲ..
    အခုချိန်မှ ထကောက်ရင်တောင် ကျန်ပါတော့မလား ကိုအွတ်ထောင်ရဲ့..
    ကျန်လို့ကတော့ ကောက်လိုက်ချင်သေး ဟေးဟေး

    ReplyDelete
  2. မှားပါတယ် ခင်ဗျ... ဆရာသမား တင်ထားမှန်း မသိလို့ .. ကျနော်လည်း ဒီသတင်းကို ခုလေးတင် တင်လိုက်တယ်... ဟားဟား ပြန်တော့ မဖျက်တော့ဘူး :D

    ReplyDelete
  3. ထမင်းစားနေတုန်းဖတ်မိတာ ဝေါ့ ..း(

    ReplyDelete
  4. တွေ့လား... အကြံပိုင်တော့ တစ်ချက်ပဲ..။ တို့ဆီက စည်ပင် လူကြီးတွေ အတုခိုးသင့်တယ်.. :)

    ReplyDelete
  5. ကိုရင်ရေ.. ဟုတ်ပ အနီးအနားမှာသာ ဒီလို အကောင်အထည်ဖော်လို့ကတော့ လက်အိတ်ကလေးစွတ်ပြီးတော့ ဒိုးပြီးသား....

    ကမောင်သန့်ရယ် တိုက်ပဲ တိုက်ဆိုင်ရန်ကော... ဟား ဟား ဟား

    မဒမ်.. ဆောရီးနော်...

    မမြသွေးနီ ပြောတာကို ထောက်ခံပါတယ် ခင်ဗျား...... :)

    ReplyDelete
  6. အကြံပိုင်တော့ ok ပေါ့နော်
    မြန်မာပြည်မှာလဲ အဲဒီလိုလေးလုပ်ရင်ကောင်းမယ်

    ReplyDelete