စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, May 3, 2012

ပိုက်ဆံ မသုံးပဲ ၁၂နှစ်ကြာနေထိုင်သူ


          ငွေ.. ငွေ…ငွေ လောကမှာ ငွေဟာလေ.. လူတန်းစား မခွဲခြားပဲ ဖျက်ဆီးတတ်ကြပေ.. ဆိုတဲ့ သီချင်းလေးကို ကြားဖူးကြမှာပါ။  နေ့စဉ်လူနေမှု့ဘ၀၊ မိုးလင်းလို့ထ မျက်စိနှစ်လုံးဖွင့်တာနဲ့ လူတွေ အလုပ်လုပ်ကြရတာလဲ ငွေအတွက်ပါပဲ။  စား၊ ၀တ်၊ နေ ရေးအားလုံးကို ငွေက လွှမ်းမိုးလေတာမို့ ငွေကို ဒုတိယ ဘုရားသခင်လို့ တစ်ချို့က ခေါ်ကြပေလိမ့်မယ်။  တစ်ချို့ကလည်း ငွေနဲ့ ကျန်းမာရေး၊ ချစ်မေတ္တာ၊ သစ္စာ စတာတွေကို ၀ယ်လို့မရဘူးဆိုပေမယ့် ငွေမရှိပြန်ရန်လည်း ဘယ်လိုဆေးကုမလဲ? စပွန်ဆာ ယဉ်ကျေးမှု့တွေဆင်းသက်လာတာကလဲ ငွေကြောင့်မဟုတ်ရင် ဘာကြောင့်လို့ ပြောရမလဲ မသိသလိုဖြစ်နေပါပြီ။
          ဒါပေမယ့် Daniel Suelo ဆိုသူကတော့ ငွေကို လုံးဝစွန့်လွှတ်လို့ ငွေမရှိပဲ ၁၂ နှစ် နေခဲ့ပြီးပါသတဲ့။  သူဟာ အစိုးရကိုလည်း အခွန်ပေးဆောင်ခြင်းမရှိသလို၊ အစိုးရက ပံပိုးပေးတဲ့ အကူအညီတစ်စုံတစ်ရာကိုလည်း ရယူခြင်းမရှိပါဘူးတဲ့။  သူ့အကြောင်းကို မာ့ခ်ဆူဒင်းဆိုသူက “ငွေကို စွန့်လွှတ်တဲ့ လူသား” ဆိုပြီး ၂၀၀၀ ခုနှစ်မှာ စာအုပ်ထုတ်ဝေထားသေးတယ်။  ပထမ ဒန်နီယန်ရဲ့ ဘ၀အတွက် ငွေကိုစွန့်လွှတ်မယ်ဆိုတဲ့ ရွေးချယ်မှု့ကို ကြားရတော့ ဒီလူစိတ်မှမှန်သေးရဲ့လားလို့တောင် အံသြမိတယ်လို့ ဆူဒင်းက ဆိုပါသတဲ့။  ဒါပေမယ့် ငွေမလိုသူ ဒန်နီယယ်ကတော့ ဘယ်သူ့ကိုမှ သူ့လိုမျိုးနေထိုင်ဖို့ အကြံပေးတာ၊ အားပေးအားမြှောက်နဲ့ တိုက်တွန်းတာမျိုး မရှိပါဘူးတဲ့။  ဒယ်နီယယ်ဆီမှာ မှတ်ပုံတင်ကဒ်ကိုလဲ မသုံးတော့ပါဘူး။  သူ့အယူအဆကတော့ သဘာဝလောကကြီးက ပေးထားတဲ့၊ လောကကြီးမှာ ကုန်ဆုံးသွားတဲ့၊  လက်ရှိ အခြေအနေမှာ ဖြစ်နေတဲ့အတိုင်း နေထိုင်ဖို့ဖြစ်ပါတယ်လို့ယူဆပါသတဲ့။  ဒါပေမယ့် သူဟာ တစ်ကိုယ်ထဲ သမားတော့မဟုတ်ပါဘူး။  ငွေကို အသုံးမပြုတာကလွဲလို့ သူ့မှာ အရင်အတိုင်း သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အဆက်အသွယ်မပြတ် ယခင်အတိုင်း နေပါတယ်။  တစ်ခါတစ်လေ အလုပ်လုပ်ပေမယ့်၊ အဲ့ဒီအတွက် လုပ်အားခကိုတော့ ငွေအဖြစ် မယူပါဘူးတဲ့။  

Source : (Link)

6 comments:

  1. နေတတ်တယ် နေနိုင်တဲ့သူပဲ
    တို့များတော့ မနေနိုင်ပေါင်

    မောင်ဘကြိုင်

    ReplyDelete
  2. ဘယ်လိုရှုထောင့်ကကြည့်ကြည့် သိတ်တော့မလွယ်ဘူးထင်တယ်။
    တီတင့်အတွက်တော့ ခက်ခဲမယ် မောင်အောင်ထွဋ်ရေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. အဲဒီလူ ဘယ်လိုနေထိုင်ဘယ်လိုလုပ်စားတယ်ဆိုတာ သိချင်သားဗျာ.. ကျွန်တော်တော့ တစ်ရက်တောင် မနေနိုင်ပါဘူး.. :P

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  4. အဲ့ဒီလူကြီး ရွာကိုခေါ်ပြီး
    လယ်ထွန်းခိုင်းစားရမှာ ဟိဟိ

    (ဒုတိယ)

    ReplyDelete
  5. ခရက်ဒစ်ကဒ်ပဲသုံးတယ်ထင်ရဲ့ဗျာ....:)

    ReplyDelete
  6. ၁၂နှစ်ကြာအောင် အပူကင်းကင်းနဲ့ ချမ်းချမ်းသာသာ နေနိုင်ခဲ့တဲ့လူပဲ

    ReplyDelete