စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, January 24, 2012

Mystery Spot သို့မဟုတ် မြေထုဆွဲအားတွေ မူမမှန်တဲ့ နေရာလေး


          Mystery Spot ဆိုတာကတော့ ထူးထူးခြားခြားကို ကမ္ဘာ့မြေထုဆွဲအားတွေ မူမှန်တဲ့ နေရာလေးပါ။  ဒီနေရာဟာ ကာလီဖိုးနီးယား ပြည်နယ် ဆန်တာ ခရုဇ် (Santa Cruz) ရဲ့အပြင်ဘက်နားလေးက redwood forest ထဲမှာ ရှိပါတယ်။  ပေ ၁၅၀ ၀န်းကျင်လောက်နေရာလေးမှာတော့ မူမမှန်တဲ့ ကမ္ဘာမြေကြီးရဲ့ဆွဲအားတွေ သက်ရောက်နေတဲ့ Mystery Spot ဆိုတဲ့ နေရာလေးကို သင်ကိုယ်တိုင် သွားဖြစ်ခဲ့ရင်ဖြင့် သင်တစ်သက်လုံး သင်ယူလာတဲ့ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အား သက်ရောက်မှု့တွေ၊ ရူပဗေဒ ဆိုင်ရာ နိယာမတွေ အားလုံးဟာ မေးခွန်းထုတ်စရာတွေ ဖြစ်လာနိုင်ပါတယ်။ 
          ဒီနေရာကို စတင်တွေ့ရှိတာက ၁၉၃၉ ခုနှစ်က စစ်ဆေးရေးအရာရှိတွေက တွေ့ရှိခဲ့တာဖြစ်ပြီးတော့ ၁၉၄၀မှာတော့ အများပြည်သူတွေကို ၀င်ရောက်ခွင့်ပေးခဲ့ပါတယ်။  ခုတော့ ဒီနေရာလေးကို နှစ်စဉ်နှစ်တိုင်း လူ သန်းပေါင်းများစွာ လာရောက်လည်ပတ်နေကြပါပြီ။ 
          လူတချို့ကတော့ ဒီနေရာလေးဟာ ဂြိုလ်သားတွေက သူတို့ဂြိုလ်ကနေ ကတော့ပုံ သတ္တုတွေယူလာပြီးတော့ ဒီနေရာမှာမြှုပ်နှံကြသတဲ့။  ဒီတော့မှ သူတို့ ပန်းကန်ပြားပြန်တွေဟာ ကမ္ဘာမြေဆီကို အဆက်အသွယ် လုပ်လို့ရမယ်လို့ဆိုသလို၊ တစ်ချို့ကြတော့လည်း ဒီမြေကြီးထဲမှာ အာကာသ ယာဉ်ပျံကြီး နစ်မြုပ်နေတယ်လို့ ဆိုပြန်ပါတယ်။  တစ်ချို့ သီအိုရီတွေကတော့ ကမ္ဘာမြေကြီးထဲက ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ များပြီး စုနေတဲ့ နေရာလို့ ဆိုကြသလို၊  အလွန်ကြီးမားတဲ့ အရာကြီးတစ်ခုက လှည့်ပတ်နေတယ်လို့လည်း ယူဆကြပါတယ်။  မည်သို့ပင်ဆိုစေ ယနေ့အချိန်အထိ ဒီ နေရာလေးရဲ့ ထူးခြားဆန်းကျယ်မှု့ကို ဘယ်သူမှ သေသေချာချာ ရှင်းမပြနိုင်သေးပါဘူး။  ဒီနေရာရောက်သွားရင် သင့်ကို တစ်ခုခုက ဆွဲထားသလိုမျိုး သင့်ခန္ဓာကိုယ်ဟာ တိမ်းစောင်းနေမှာ ဖြစ်ပါတယ်။  စိတ်ဝင်စားသူများ သွားရောက် လည်ပတ်ချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ Mystery Spot ရဲ့ website လိပ်စာပေးထားပါတယ်။  စနေ၊ တနင်္ဂနွေများဆိုရင်တော့ လက်မှတ်ရဖို့တောင် ခက်တယ်လို့ ဆိုပါတယ်။


အလိုလိုနေရင်း လူက စောင်းနေတော့ နေရတာ တစ်မျိုးကြီးပေါ့နော်.....

ကမ္ဘာ့မြေထု ဆွဲငင်အား တိမ်းစောင်းနေတဲ့ ပုံလေးပါ....

မြေထုဆွဲအားက တစ်ဘက်ကို စောင်းနေလို့ ဒီလို အထစ်ကလေးမှာတောင် မတ်တပ်ရပ်နိုင်ပါတယ်...


ဆွဲအားမူမမှန်လို့ Free Fall အခြေအနေမှာ တစ်ဘက်ကို စောင်းနေတဲ့ ပုံပါ


8 comments:

  1. တခါလောက်တော့ သွားလေ့လာချင်သား...

    ReplyDelete
  2. တော်တော်ထူးတဲ့နေရာ


    မောင်ဘကြိုင်

    ReplyDelete
  3. ကိုယ်တိုင်သွားချင်တယ်ကိုလဲ ဘယ်လိုလေးစောင်းမလဲ
    သိချင်မိတယ်
    အရမ်းထူးဆန်းတယ်နော်

    ReplyDelete
  4. ထူးဆန်းတဲ့ နေရာတစ်ခုပါပဲဗျာ

    ReplyDelete
  5. ဟုတ်တယ်အစ်ကို. ဟိုးငယ်ငယ်လေးတုန်းက ဆရာဝန်တင်ရွှေရေးတဲ့.စိတ်နယ်လွန်ဖြစ်ရပ်ဆန်းများ စာအုပ်ထဲမှာလားမသိဘူး
    တစ်ခါဖတ်ဖူးတယ်.။ အဲဒီလိုနေရာရှိသေးတယ်ပြောတယ်.. ကနေဒါက သံလိုက်တောင်ကုန်း တဲ့.. အဲဒါတော့ မသိဘူး အစ်ကို သိရင်
    တင်ပေးပါဦး...။အဲဒီလို ဟာလေးတွေကို စိတ်ဝင်စားတယ်..။

    ReplyDelete
  6. ထူးဆန်းပေစွ...
    အလည်ရောက်ဖူးချင်တာနော်...:):)

    ReplyDelete
  7. သွားတော့ပါဘူး ပိုက်ပိုက်လဲရှိဘူးအေး)

    ReplyDelete
  8. အဆန်းပဲနော်.. အဲ့နေရာမှာ ရေတွေဘာတွေ သောက်ရင် ကောင်းကောင်းမှ ဗိုက်ထဲဝင်ပါ့မလားမသိ ??
    လှည့်ပတ်နေတဲ့ အလွန်ကြီးမားတဲ့ အရာကြီးက ဘာကြီးများလဲ သိချင်လိုက်တာ
    မျှဝေတဲ့အတွက် ကျေးဇူးပါ..
    ဘိုထိန်

    ReplyDelete