စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, February 2, 2012

တစ်ရွာလုံး ထီပေါက်တာ တစ်ယောက်ထဲကျန်ခဲ့တဲ့ ကံဆိုးသူ မောင်ရှင်


          စပိန်နိုင်ငံ၊  Sodeto လို့ ခေါ်တဲ့ ရွာကလေးမှာတော့ မက်ဒရစ်မြို့ကြီးရဲ့ မြောက်ဘက်အစွန်းမှ ရှိတာပါ။  တစ်ရွာလုံးမှာတော့ လူဦးရေ ၂၅၀ လောက်ရှိပါတယ်။  အဲ့ဒီမြို့ကလေးမှာတော့ မကြုံစဖူး ထူးထူးခြားခြား အဖြစ်အပျက်လေး တစ်ခုဖြစ်သွားခဲ့ပါတယ်။  ဒါကတော့ တစ်ရွာလုံး ဒေါ်လာ သန်း ၉၅၀ ဖိုး ထီဆုကြီး ရဲ့ ဆုငွေတွေကို အချိုးချ ခွဲပြီး ရသွားတာပါ။  အဲ့ဒီ အထဲမှာ ပိုပြီး ထူးဆန်းတာက Costis Mitsotakis ဆိုသူ ကတော့ သူ့တို့တစ်ရွာလုံး ထီပေါက်တဲ့အထဲမှာ တစ်ယောက်ထဲ ကံဆိုးသူမောင်ရှင်ဖြစ်သွားရရှာပါတယ်။ 
          ဖြစ်ပွားပုံက ဒီလိုပါ -  ဒီထီပေါက်စဉ်ဟာ စပိန်နိုင်ငံမှာတော့ နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ “El Gordo” ဆိုတဲ့ ထီဆိုင်ကပါ။  ဒီနှစ် စပိန် ခရစ်စမတ်အတွက် ထီပေါက်စဉ်မှာတော့ အဲ့ဒီရွာကလေးကနေ ထီလက်မှတ်ပေါင်း ၇၀ ကျော်ဟာ ထီပေါက်စဉ်ထဲမှာ ပါဝင်ခဲ့ပါတယ်။  အဲ့ဒီ ဆီဒိုတိုဆိုတဲ့ ရွာကလေးနဲ့ အနီးအနားက ရွာတွေဟာ အခုလို ခု ဆွတ်ခူးခဲ့တဲ့ ထီနံပါတ်တွေကို ဆင်တူ ၀ယ်ယူခဲ့ကြပါတယ်။  ထီလည်းထွက်ရော လက်မှတ်တစ်စောင်ကို ဒေါ်လာ ၅သောင်း ၂ ထောင်ကျော်ဖိုး ဆွတ်ခူးခဲ့ပါသတဲ့။ 
          ဒီအတွက် ကံဆိုးသူ Costis Mitsotakis ကတော့ ကိုယ့် နဖူး ကိုယ်ရိုက်ဖို့သာ ရှိပါတော့တယ်။  Mitsotakis ကတော့ “ ကျွန်တော် ဒီလို ထီပေါက်တဲ့ အထဲမှာ မပါခဲ့ရလို့ စိတ်မကောင်းပါဘူး။  ဒါပေမယ့် ကံကောင်းတာလေး တစ်ခုတော့ရှိပါတယ်။  ဒါကတော့ ကျွန်တော့် အိမ်နီးချင်းက ကျွန်တောင် ရောင်းထုတ်ချင်နေတဲ့ ခြံကလေးကို ၀ယ်သွားတာပါ” လို့ Times သတင်းစာကို ပြောသွားပါတယ်။
          ဒီရွာသားတွေထဲက အများစုကတော့ လယ်သမားတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ၀င်လုပ်နေရတဲ့ အလုပ်သမား လက်လုပ်လက်စားတွေဖြစ်ပါတယ်။  အလုပ်မရှိတဲ့ လူတွေလည်း တောင်တောင်လေးများခဲ့ပါတယ်။  ဒါပေမယ့် အခုတော့ အားလုံး ဒေါ်လာ သန်းချီတဲ့ ငွေပုံကြိးပေါ် ထိုင်နေကြပါပြီ။

Source : (Link)

3 comments:

  1. ဂျာရစ်တို့လဲထီပေါက်ချင်ထှာနော်း((

    ဒါနဲ့စကားမစပ် ကွန်းမန့်ဘောက်ကဘာဖြစ်နေတာတုန်းကိုအားထောင်ရဲ့
    ရီပလိုင်းတွေရောရှုပ်နေတာဘဲး))

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  2. ကျေးဇူးပါ ကိုမိုးယံ ခင်ဗျား...

    ကျွန်တော်လည်း မသိပါဘူး မဒမ်... တစ်ခါတစ်လေတော့ ပစ်ပစ်က မန့်လို့မရတတ်ဘူး။ အဲ့ဒီတော့ ရီပလိုင်းမှာ ၀င်ရေးရေးသွားတတ်တယ်....... နှစ်မျိုးဆိုတော့လည်း တစ်မျိုးမဟုတ်ရင် တစ်မျိုး ဆိုတော့ အဆင်ပြေမယ်လို့ ထင်တာပဲ.. :P

    ReplyDelete