စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, March 16, 2012

လုပ်ကြဦးမလား သုဘရာဇာ


          သုဘရာဇာ ဆိုလို့ အထင်မသေးလိုက်ပါနဲ့။  တရုတ်နိုင်ငံက ဒီအလုပ်ကြော်ငြာမှာတော့ ဒီလို သုဘရာဇာ ရာထူးမျိုးရဖို့ သိပ်မလွယ်လှပါဘူး။  အမှန်ကတော့ အသုဘတွေမှာ သေဆုံးသူတွေရဲ့ မိသားစုအတွက် အလုပ်လုပ်ပေးရမှာပါတဲ့။  အလုပ်ခေါ်ပုံလေးကိုကြည့် - လျှောက်ထားလိုသူဟာ အမျိုးသမီးဖြစ်ရမယ်၊ အရပ်ရှည်ရမယ်၊ အသက် ၂၅ နှစ်အောက်။  ဒါတင်လားဆိုတော့ မဟုတ်ဘူး၊  နောက်ပြီးတော့ ဘွဲ့ရပညာတတ်ဖြစ်ရမယ်၊ တရုတ်လို (Mandrain) လို မွှတ်နေအောင်ပြောတတ်ရပါမယ်တဲ့။  ဒါဆိုရင်တော့ သင်္ချိုင်းမှာ အလုပ်ရပါပြီ။  ဒီအတွက် တစ်နှစ်ကို လစာ ယွမ် ၁ သိန်း (အမေရိကန်ဒေါ်လာ ၁၅၈၈၆ ဒေါ်လာ) ရမှာပါ။  မြန်မာငွေနဲ့ဆိုရင်တော့ တစ်လကို ၁၀ သိန်းကျော် ၀င်ငွေရှိမှာပါ။  ဒီအပြင် အခန်းကောင်းကောင်းလည်း ပေးဦးပါမတဲ့။  အိမ်မှာလည်း စာတွေဘာတွေ ကျက်နိုင်သလို နိုင်ငံခြားကိုလည်း စာသင်ချင်ရင် အခွင့်အလမ်းရှိပါသေးသတဲ့။ 
          အဲ့ဒီကြော်ငြာမှာတော့ အလုပ်ဝင်ခွင့်ရတဲ့ သူတွေဟာ အင်တာဗျူးမဖြေခင် ၁၀ ရက်ကြာ သင်တန်းတက်ရမယ်လို့ ဆိုထားပါတယ်။  ကဲ ဘယ်သူများ စိတ်ဝင်စားပါသလဲ ?

Source : (Link)

8 comments:

  1. ဟိ ၀င်ငွေတော့ ကောင်းသားနော်

    ReplyDelete
  2. အဲဒီ အလုပ်ကိုစိတ်ဝင်စားမိပါရဲ့နော်
    အသက်က အန်တီဖြစ်နေလို့ပေါ့
    နို့မို့ရင်ဦးအောင် သွားလိုက်ဦးမယ်
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  3. ဘဝပဲပြောင်း သွားလျှောက်ရတော့မလိုလိုး)း)

    ReplyDelete
  4. နာ တရုတ်စာ သွားသင်လိုက်ဦးမယ်.. :P

    ReplyDelete
  5. အလုပ်သဘောအရတွေးကြည့်လိုက်ရင်
    တစ်နေ့တစ်နေ့ လူသေတွေမြင်နေရတော့ တရားရှုမှတ်နေမိပြီး
    နိဗ္ဗာန်ရောက်တာမြန်နိုင်တယ် မောင်အောင်ထွဋ်ရေး)
    အသက်က ၂၅နှစ်ဆိုတော့ နှစ်ပြန်တောင်ကျော်နေပြီကွယ်း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. မီးကတရဲကြောက်တတ်တယ် မီလုပ်တော့ဖူးးးးးး

    ReplyDelete
  7. ဟန်ကြည်March 19, 2012 at 8:26 PM

    အမျိုးသမီး သုဘရာဇာဆိုတော့ အမျိုးသား အဘုဘတွေ အတွက်ဖြစ်မယ်ထင်တယ် ကိုအောင်ထွဋ်...အံမယ် သေတာတောင်မှ ရိက္ခာယူချင်သေးသကိုး...ဒါပေမယ့် ဆယ်သိန်းဗျနော မနည်းဘူး....

    ReplyDelete
  8. US $ 15886= myanmar 1000000 kyat ? stupid....

    ReplyDelete