စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, April 18, 2012

နာမည်ပြောင်းဖို့ စီစဉ်နေတဲ့ သြစတြီးယား က F***ing ရွာကလေး


          သြစတြီးယား နိုင်ငံမှာတော့ လူဦးရေ ၁၀၄ ယောက်ရှိတဲ့ ရွာကလေးရဲ့ နာမည်ကတော့ ထူးထူးခြားခြား F***ing ပါတဲ့။  ခုတော့ ဒီရွာသားတွေဟာ သူတို့ရွာကလေးရဲ့ နာမည်ကို ပြောင်းဖို့ တိုင်ပင်နေကြပါတယ်။  သြစတြီးယားနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ အေးချမ်းတဲ့ရွာကလေးဟာ သူတို့ရဲ့ ရွာနာမည်ဟာ ဘာကိုဆိုလိုတယ်ဆိုတာကို ဒုတိယ ကမ္ဘာစစ် အမေရိကန် စစ်သည်တွေ ရောက်မလာခင်အထိ မသိရှိခဲ့ကြပါဘူး။  နောက်ပိုင်းမှာတော့ ဒီရွာကလေးရဲ့ နာမည် F***ing ဆိုတဲ့ ဆိုင်းဘုတ်တွေ ခိုးယူခံရတယ်လို့ဆိုပါတယ်။  ရွာခံ အဒေါ်ကြီးတစ်ယောက်ဆိုရင် သူ့ဆိုင်းဘုတ် နောက်မှာ g တစ်လုံး အပိုထည့်ပြီးတော့ သူခိုးတွေ မခိုးယူအောင် စာလုံးပေါင်းပြင်ထားရတယ်လို့ ဆိုပါတယ်။ 
          “အခုတော့ ရွာသားတွေဟာ ရွာနာမည် စာလုံးပေါင်းကို ပြင်ဖို့တိုင်ပင်နေကြပါပြီ။  ဒါပေမယ့် ပထမဆုံး အရေးကြီးတာက ရွာသားတွေ တစ်ကယ်ပဲ ရွာနာမည်စာလုံးပေါင်းကို ပြောင်းချင်လား မပြောင်းချင်ဘူးလား ဆိုတာပါပဲ” လို့ ရွာသူကြီး Franz Meindl က ရုပ်သံထုတ်လွှင့်မှု့အစီအစဉ်မှာပြောသွားပါတယ်။  ဒီလို ရယ်စရာဖြစ်နေတဲ့ ၁၆ ရာစုနှစ်က စာလုံးပေါင်းနဲ့ ရွာနာမည်ကို ရွာသားတွေဟာ “ck” ဆိုတဲ့ စာလုံးပေါင်းနေရာမှာ g ဒါမှမဟုတ် gg ဆိုပြီး စာလုံးပေါင်းပြင်ဖို့ တိုင်ပင်နေကြတယ်လို့ဆိုပါတယ်။  ကျွမ်းကျင်သူများကတော့ ဒီရွာလေးရဲ့နာမည်ဟာ “Focko” ဆိုတဲ့ ၆ ရာစုနှစ်လောက်တုန်းက ဗာဗေးရီးယန်း စံနမူနာ ယူထိုက်တဲ့ လူတစ်ယောက်ရဲ့ နာမည်ကနေ ဆင်းသက်လာတဲ့လို့ဆိုပါတယ်။ ဒါပေမယ့် F***ing ဆိုတဲ့ နာမည်ကတော့ ၁၈ ရာစုနှစ်ကမှ ပြောင်းလဲသွားတယ်လို့ ဆိုပါသတဲ့။

Source : (Link)
Photo   : ALAMY

12 comments:

  1. အံ့သြရယ်တဲ့မှ ကုန် ကုန်နိုင်ဖွယ်ပါလား ကိုအားထောင်ရေ

    ReplyDelete
    Replies
    1. ကျန်းခန့်သာလို့ မာပါစ မဒမ် :P

      Delete
  2. ရှားရှားပါးပါး ရွာနာမည်ကလည်းး)

    ReplyDelete
  3. ဩစတြီးယား (Austria)
    ၾသစေတးလ် (Australia)

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ ပြင်လိုက်ပါပြီ။

      Delete
  4. ဟိဟိ ဖြစ်လည်း ဖြစ်တတ်တယ်နော်..
    အဲ့လို ထူးထူးခြားခြားတွေလည်း ကို AH ပဲ တွေ့တတ်တယ် :P

    ReplyDelete
    Replies
    1. မဂျက်စ်ပြောသလို ရှာဖွေလေ တွေ့ရှိလေလို့ ပြောင်းရင်ကောင်းမလားပဲ...

      Delete
  5. ဒီဆိုဒ်ကို နာမည်ပြောင်းမယ် (တိုင်ပင်သင့်သူကိုတိုင်ပင်မှာပါ)
    ရှာဖွေလေ တွေ့ရှိလေလို့

    ReplyDelete
    Replies
    1. ကြံကြံဖန်ဖန်ပဲ
      နာမည်ပြောင်းသင့်ပါတယ်လေ

      မောင်ဘကြိုင်

      Delete
  6. ဟန်ကြည်April 19, 2012 at 3:48 PM

    ကောင်းလိုက်တဲ့ ရွာနာမည်...လူတစ်ယောက်ယောက်ကိုကြည့်ပြီး ရွာနာမည်သာ သုံးလေးခေါက်ရွတ်ပြလိုက်...အင်း...တွေးရတောင် ခက်သေးး)

    ReplyDelete
  7. ဘုရားဘုရား.. ဘယ်ရွာမှာနေလဲ မေးရင်. ..ရွာနာမည်ပြောတာနဲ့ အရိုက်ခံရမယ့် ကိန်း...

    ReplyDelete