စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, July 30, 2012

အင်္ဂလိပ်စာထဲက နှိုက်နှိုက်ချွတ်ချွတ်များ


၁။ အင်္ဂလိပ်စာဟာ အေဒီ ၅ ရာစုလောက်တုန်းက ဂျာမန်မျိုးနွယ်စုတွေ အင်္ဂလန်ကျွန်းကို ရောက်လာတော့မှ အင်္ဂလိပ် ဘာသာစကားဆိုပြီး အစပျိုးပါသတဲ့။  အဲ့ဒီ အချိန်တုန်းကတော့ အင်္ဂလန်နိုင်ငံမှာ ဆဲလ်တစ် ဘာသာစကားပြောပါသတဲ့။  ဒါပေမယ့် အဆိုပါ မျိုးနွယ်စုတွေ နယ်ချဲ့လာတဲ့အတွက် ဒေသခံတွေဟာ မြောက်အရပ်ကို တဖြည်းဖြည်းနဲ့ ရွှေ့လျှားလာတာ ယခု ဝေးလ နယ်လို့ခေါ်တဲ ဝေးလ်စ် ဒေသကို ရောက်သွားပါသတဲ့။  ကျူးကျော်လာတဲ့ လူမျိုးစုဖြစ်တဲ့ အိန်ဂျယ် မျိုးနွယ်စုတွေသုံးတဲ့ ဘာသာစကားကတော့ Engilsc ဆိုတာဖြစ်ပြီး နောက်တော့ အင်္ဂလန် နဲ့ အင်္ဂလိပ်ဆိုပြီး ပြောင်းလဲ လာခဲ့ပါတယ်။
Source : (Link)


၂။ အင်္ဂလိပ်ဘာသာစကားမှာ အရှည်ဆုံးသော ဝေါဟာရကတော့ “pneumonoultramicroscopicsilicovolcanokoniosis” ဆိုတာဖြစ်ပြီးတော့ စကားလုံးပေါင်း ၄၅ လုံး ပါဝင်ပါတယ်။  သူ့ရဲ့ အဓိပ္ပာယ်ကတော့ သေးငယ်လှတဲ့ ဆီလီကာ အမှုန်လေးတွေကြောင့် အဆုတ်ရောင်တယ်လို့ ဆိုပါတယ်။  ဒုတိယ အရှည်ဆုံး ဝေါဟာရကတော့ “electrophotomicrographically”  ဆိုတာပဲ ဖြစ်ပါတယ်။ 
Source : (Link)


၃။ နေ့စဉ်သုံး အင်္ဂလိပ်စာတွေထဲမှာ ပါဝင်တဲ့ စကားလုံးတွေရဲ့ ရာခိုင်နှုန်းကတော့ အောက်ပါအတိုင်း ဖြစ်ပါသတဲ့
A–၈.၁၇%၊ B-၁.၄၉%၊ C-၂.၇၈%၊ D-၄.၂၅%၊ E–၁၂.၇%၊ F-၂.၂၃%၊ G-၂.၀၂%၊ H-၆.၀၉%၊ I–၆.၉၇%၊ J-၀.၁၅%၊ K-၀.၇၇%၊ L-၄.၀၃%၊ K-၀.၇၇%၊ L-၄.၀၃%၊ M-၂.၄၁%၊ N-၆.၇၅%၊ O-၇.၅၁%၊ P-၁.၉၃%၊ Q-၀.၁%၊ R-၅.၉၉%၊ S-၆.၃၃%၊ T-၉.၀၆%၊ U-၂.၇၆%၊ V-0.98%၊ W-၂.၃၆%၊ X-၀.၁၅%၊ Y-၁.၉၇%၊ Z-၀.၀၇%
Source : (Link)


၎။ သင့်ကွန်ပျူတာ ကီးဘုတ်က A to Z စာလုံးတွေ အလုပ် လုပ်၊ မလုပ်သိချင်ရင် ထွေထွေထူးထူး လုပ်နေစရာမလိုပါဘူး “The quick brown fox jumps over the lazy dog” လို့သာရိုက်လိုက်။ အဲ့ဒီ ၀ါကျထဲမှာ A to Z အကုန်ပါပြီးသား။
Source : (Link)


၅။ အင်္ဂလိပ်လို စာလုံးပေါင်းထဲက အရှည်ဆုံးမြို့နာမည်ကတော့ “Taumata­whakatangihanga­koauau­o­tamatea­turi­pukakapiki­maunga­horo­nuku­pokai­whenua­kitanatahu” ဖြစ်ပြီးတော့ နယူးဇီလန် နိုင်ငံမှာ ရှိပါသတဲ့။  အသံထွက်လိုက်ဖတ်ရင်း လျှာတောင် ကိုက်မိတယ်။
Source : (Link)

၆။ အင်္ဂလိပ်တွေ ခေါ်ခေါ်နေတဲ့ Alphabet ဆိုတာက မူလ ဂရိဘာသာ alpha နဲ့ beta ဆိုတဲ့ စာလုံးနှစ်လုံးကို ပူလိုက်ခြင်းကနေပြီးတော့ alphabet ဆိုပြီး ဖြစ်လာပါသတဲ့။
Source : (Link)

၇။ Fart ဆိုတဲ့ လေလည်သည် (အီးပေါက်သည်) ဆိုတဲ့ ဝေါဟာရဟာ အင်္ဂလိပ်ဘာသာမှာတော့ ရှေးအကျဆုံး စကားလုံးတွေထဲက တစ်လုံးပါတဲ့။  ကျန်တဲ့ စကားလုံးအသစ်တွေ မထွင်ခင်မှာ စကားလုံးထွင်တဲ့လူက လေလည်ခဲ့လို့ ဖြစ်ရမယ်။
Source : (Link)






6 comments:

  1. မှတ်သားစရာတွေ မို့ နှစ်သက်ပါတယ်

    လာလည်သွားပါတယ်ခင်ဗျာ ....

    ပိုစ့်လေးကို ကူးယူခွင့်ပြုပါ site link နဲ့ 

    credit ပေးပါ့မယ် ....

    ReplyDelete
  2. မှတ်သားစရာ ဗဟုသုတတွေအတွက် ကျေးဇူးပါ မောင်အောင်ထွဋ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. မှတ်သားစရာလေးတွေအတွက်ကျေးကျေးပါရှင်

    ReplyDelete
  4. တကယ့် နှိုက်နှိုက်ချွတ်ချွတ်တွေပါပဲ ... ။ ရှည်လျားလှတဲ့ စာလုံးပေါင်းတွေကို အသံထွက်ကြည့်ရတာတော့ အတော်ကို ခိုးလိုးခုလု နိုင်တာပါပဲဗျာ ... :)

    ReplyDelete
  5. ဗဟုသုတတွေ စုံလှတယ်..
    မှတ်သားစရာတွေပါဘဲ

    ReplyDelete
  6. ဗဟုသုတလေးတွေ ယူသွားတယ်..:)))

    ReplyDelete