ဗီယက်နမ်နိုင်ငံရဲ့ ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနလက်အောက်မှာ
အလုပ်လုပ်နေကြတဲ့ ဘဘကြီးတွေကို ဂေါက်မရိုက်ရ သို့မဟုတ် ဂေါက်ရိုက်ရန် လူမစုရလို့ ၀န်ကြီးဋ္ဌာနရဲ့
ဝဘ်ဆိုဒ်မှာ အတိအလင်းကြေငြာလိုက်ပါသတဲ့။ အကြောင်းမှာ
ဝေလေလေနဲ့ ဂေါက်ကြီးပဲရိုက်မနေဘဲ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပို့ဆောင်ရေးဆိုင်ရာ အလုပ်တွေကို
ပိုမို အာရုံစူးစိုက်စေဖို့ဖြစ်ပါသတဲ့။ ဒါဟာ
ရုံးချိန် အတွင်းမှာသာမဟုတ်ဘဲ ရုံးဆင်းချိန်တွေမှာပါ ဘဘကြီးကို ဂေါက်ရောဂါ မထဖို့ ပြောလိုက်တာဖြစ်ပါတယ်။
“ကျွန်တော်တို့နိုင်ငံ အနေနဲ့ရော စီးပွားရေး
လုပ်ငန်းတွေမှာပါ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ ပါးနပ်မှု့တွေကို ဒီပြသနာတွေအတွက်
စဉ်းစားပြီး အလုပ်လုပ်သင့်နေပါပြီ”လို့ ပို့ဆောင်ရေးဝန်ကြီး ဒင်လာသောင် က တောင်တရီး
သတင်းစာကို ပြောသွားပါတယ်။
ဂေါက်သီး အားကစားဟာ ဗီယက်နမ်လို ကွန်မြူနစ်
နိုင်ငံမှာလည်း ခေတ်စားလာပြီး အစိုးရအရာရှိတွေကြားမှာ ဂေါက်ရောဂါ စတာ နှစ်အနည်းငယ်ရှိနေပြီ
ဖြစ်ပါတယ်။ သောင် က သူတို့ ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနအနေနဲ့
လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့အောင်၊ လမ်းတွေ မပိတဆို့အောင် နိုင်ငံတစ်ဝှမ်းကြိုးပမ်းရမှာဖြစ်တယ်လို့
ဆိုပါတယ်။ အဆိုပါ ဂေါက်မရိုက်ရ စည်းမျဉ်းကို
လာမယ့် တင်္နလာနေ့မှာ ရုံးဝန်ထမ်းတွေ အားလုံးကို ပြောကြားမှာဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာ
အတည်ပြုမှာ ဖြစ်ပါသတဲ့။
“လူတစ်ယောက်ဟာ အစိုးရ၀န်ထမ်းဖြစ်လာပြီဆိုတာနဲ့ သူ ဒါမှမဟုတ် သူမဟာ သာမန်ပြည်သူတွေထက် အခွင့်အရေးတွေကို
ပိုမို လျှော့ယူသင့်သလို ဒီအခြေအနေကိုလည်း လက်ခံနိုင်ရပါမယ်” လို့ ထရန် မေဟာ က
VNExpress ဆွေးနွေးခန်း ၀ဘ်ဆိုဒ်မှာ ရေးသွားပါသေးတယ်တဲ့။
ဒါပေမယ့် ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်တဲ့ အားလပ်ရက်တွေမှာပါ
ဂေါက်မရိုက်ရဘူးဆိုတော့ ဂေါက်ဝါသနာရှင်တွေအတွက်ကတော့ ခြေဆောင့်ပြီး နှုတ်ခမ်းစူကာ စိတ်ကောက်ချင်စရာ
ကောင်းလှပါတယ်။
တီယျန်းဖုန် လို့ခေါ်တဲ့ ရှေ့ဆောင်လမ်းပြ
သတင်းစာ ကတော့ “၀န်ကြီးဟာ ၀န်ထမ်းတွေကို ဘာလို့ ဂေါက်မရိုက်ခိုင်းလဲဆိုတော့ ဒါဟာ အချိန်
အလဟသ ဖြုန်းတီးတာတစ်ခုဖြစ်ပြီး၊ ပိုက်ဆံတွေလည်း ကုန်လှပါတယ်။ ဒါအပြင့် အချို့တွေက ရုံးချိန်အတွင်းမှာပါ ဂေါက်နေကြတာကိုး”
လို့ ထည့်လောင်း ပြောကြားသွားပါသတဲ့။
ကဲ လုပ်တဲ့
နိုင်ငံကတော့ လုပ်နေကြပြီနော်…..
Source : (Link)
ဟားဟား ပြောတောဘူး ဘာမှ...
ReplyDeleteအပေါ်ကပြောသလိုပဲ
ReplyDeleteမီးမီးလဲဘာမှကြောတော့ဝူး
ရုံးချိန်အတွင်းမှာပါ ဂေါက်နေကြတာဆိုတော့မြန်မာပြည်နဲ့
နဲနဲတော့တူတယ်နော်..
တို့စီမှာကတော့ ရုံးချိန်ပြင်ပရော
ReplyDeleteအတွင်းမှာပါဂေါက်နေကြတာ..။။
ဟယ် တို့မြန်မာပြည်နဲ့ တူတယ်နော်
ReplyDeleteမြန်မာပြည်က လူဂျီးတွေလည်း ဂေါက်မရိုက်ကြပါဘူး။
ကလေးတွေသာ ရိုက်ကြတာ .. လူကြီးတွေက ရိုက်ဖူးရယ်း)
ဒီမှာလည်း ရုံးတွေမှာ အွန်လိုင်းမသုံးရလို့ တားလိုက်ရင် တွားဘီ..။ :)
ReplyDelete