စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, February 18, 2013

Shanghai Zoo


          ပြီးခဲ့တဲ့ စနေနေ့က ရှန်ဟိုင်းကို နောက်တစ်ကျော့ ပြန်သွားဖြစ်တယ်။  ပန်ဒါကြည့်ချင်လို့…  ပန်ဒါကို အပြင်မှာ တစ်ခါမှ မမြင်ဖူး။  ရှန်ဟိုင်းမှာ နေတာမဟုတ်ဘူးလား ဆိုတော့ အင်းဟုတ်တယ်… ဒါပေမယ့် သင်္ဘောကျင်းက ရှန်ဟိုင်းကနေ တစ်နာရီလောက်သွားရတဲ့ ချန်ရှင်းဆိုတဲ့ ကျွန်းလေးပေါ်မှာဆိုတော့ အဲဒီကျွန်းပေါ်က ဟိုတယ်မှာပဲ အနေများတယ်။  စနေနေ့ဆိုရင်တော့ ရှန်ဟိုင်းဘက်ကိုသွားပြီး ညစာစား ဖြစ်တယ်။  ကျွန်းပေါ်မှာက သင်္ဘောကျင်းကလွဲပြီးတော့ ကျန်တာဘာမှ ရှိသည်မဟုတ်။  ပျင်းစရာကောင်းသည်။  ပုံမှန်ဆိုရင် စနေနေ့ည ပြန်လာဖြစ်ပေမယ့် ဒီတစ်ခေါက်တော့ ရှန်ဟိုင်းမှာ တစ်ည အိပ်ဖြစ်လိုက်သည်။ 
          ညစာကတော့ KAAB ဆိုတဲ့ XinTianDi(French quarter) က Grill ဆိုင်မှာ စားဖြစ်သည်။  ဒီဆိုင်က Beef Steak ကောင်းသည်။  ပြီးတော့ အဲ့ဒီနားက Rendezvous Bar မှာ Live Band နားထောင်လို့ကောင်းသည်။  ထို့ကြောင့် သွားနားထောင်ဖြစ်သည်။  နောက်တစ်နေ့တော့ Zoo ကိုသွားဖြစ်သည်။  Metro လိုင်း ၁၀ကို Nanjing West Station ကနေစီးသွားပြီး Shanghai Zoo Station မှာ ဆင်းလိုက်လျှင် ရှန်ဟိုင်း တရိစ္ဆာန်ဥယျာဉ်သို့ရောက်လေ၏။  ၀င်ကြေး ယွမ် ၄၀ ဖြစ်သည်။  ကျောပိုးအိတ်ကို customer service မှာအပ်သည်။  ၂ ယွမ် ပေးရသည်။  ပန်ဒါ… ပန်ဒါ  ကြည့်ချင်သည်မှာ ပန်ဒါဖြစ်သည်။  ပန်ဒါက zoo ရဲ့ အလည်လောက်မှာရှိသည်။  တရိစ္ဆာန်ရုံရောက်တော့ တိရိစ္ဆာန်တွေမြင်ရသည်ပေါ့….  အင်း… အဲ့ဒါ ဓာတ်ပုံလေးတွေ တင်လိုက်ပါတယ် ခင်ဗျာ။ 

နန်ကျင်းလမ်းကတော့ ထုံးစံအတိုင်းပင်.. တရုတ်နှစ်သစ်ကူးရက်မို့ လူသိပ်မများလှ

ဒီကနေ ၀င်...


ဤဘူတာရုံမှ ထွက်လေသော်...  တရိစ္ဆာန်ရုံသို့ ရောက်လေသတည်း...

ပထမဆုံးက ငါးပေါင်းစုံ၊ လိပ်လဲပါ၏... ငါးမန်းကို စိတ်ဝင်စားသည်... အတော်မြန်တဲ့အကောင်... မနည်း လိုက်ပြီး ရိုက်ယူရတယ်...
     

နောက်ပြီးတော့ ဖွတ်၊ပေါက်သင်ညို၊ ပဒက်၊ မြွေ စသည်စသည်တို့ကို စုံအောင် ပြထား၏
    



ပြီးတော့ ကျွန်တော့် အမျိုးတွေဆီ သွားလည်ဖြစ်သည်... အမျိုးတွေက အများသား... စုံနေတာပဲ... သေသေချာချာကြည့်လေ လူနဲ့တူလေပဲ.... အံရော.. အံရော... အဲဒီမျောက်ခြံထဲမှာ တစ်နာရီလောက် မျောက်တွေကို စိမ်ပြေနပြေကြည့်ဖြစ်သည်..

ဘဘွန်းမျောက်ဖြစ်သည်.... Night at the Museum ကားထဲက သော့ခိုးတဲ့အကောင်... 

မျောက်ဖင်နီ မောင်နှံကတော့ အကြင်နာတွေပိုနေသည်...

အစာတောင်းနေခြင်းဖြစ်သည်...  မကျွေးရဟု ဆိုင်းဘုတ်အကြီးကြီးထောင်ထားသော်လည်း... အစာကျွေးနေကြသည်....


ဒီဘက်မှာတော့ ဂေါ်ရီလာ နှစ်ကောင် နပမ်းလုံးနေသည်...

ဒီ ဂေါ်ရီလာ အထီးကတော့ ၁၉၇၂ မှာမွေးသတဲ့... ငါ့ထက်တောင် အသက်ကြီးသေးတယ်.. အကိုကြီးပေါ့


လူနှင့် အနီးစပ်ဆုံးတူသော ချင်ပန်ဇီဖြစ်သည်... အမြီးတောင် မပါတော့...


နောက်တော့ ကျွဲ၊နွား၊ သမင်၊ ချေ၊ ဂျီ၊ ဆိတ်၊ ဆတ်၊ ကုလားအုပ်၊ ဘာညာ အိုဘာမှန်းမသိသော အကောင်များ...







နောက်တော့ ၀က်ဝံ၊ မြေခွေး၊ ၀ံပုလွေ၊ ခွေးအ စသည် စသည်....
ကျားအဖြူ ၂ ကောင်ရှိသည် ဘင်္ဂါလီကျားဟုဆိုသည်... ဘယ့်နှယ်ကြောင့် ဖြူသွားသည်မသိ...

ထို ကျားဖြူအကြောင်းကို စိတ်ဝင်တစားဖတ်နေသော  မပန်းရောင်နှင့် မညိုညို...  အဲ့ဒီအရောင်မျိုး တစ်ခြမ်းစီ ဆိုးလိုက်ရင်ကောင်းမလား စဉ်းစားနေတာ......


ခြင်္သေ့ထီးကတော့ ပင်ပင်ရှာရော့ထင် အိပ်နေသည်.....

အဲ.. ၀က်ဝံကြီးကတော့ ချစ်ဖို့ကောင်းသည်.. ပုံပုံကြီးနှင့် အစာတောင်းနေသည်.. ဗီဒီယိုပါ ရိုက်လာခဲ့သည်





ခွေးအ နှစ်ကောင်းကတော့ အိပ်နေသည်...

ဝံပုလွေဖြစ်သည်... ၁၀ ကောင်လောက်ရှိမည်... တစ်ကောင်က ထော့နင်း ထော့နင်းဖြစ်နေသည်...

ဘာဝက်ဝံမှန်းတော့မသိ.. ရေကြိုက်သည်.. ရေကူးလိုက် ပြန်တက်လာလိုက်နှင့် အလုပ်ရှုပ်နေသည်

ဂျာဂွား ကျားသစ်နက်ဖြစ်သည်... ဒီကောင်းလဲ သစ်ပင်ပေါ်မှာ အိပ်နေပြန်သည်......


          ရှန်ဟိုင်း ၂၀၁၀ expo ပွဲတော်တုန်းကတော့ စီချွမ်ပြည်နယ် ပန်ဒါမွေးမြူရေးစခန်း (ဒီအကြောင်းပိုစ့်ရေးထားသည်)  ကနေပြီးတော့ ပန်ဒါ ၁၀ ကောင်လောက်ကို ရှန်ဟိုင်း zoo ကိုသယ်သတဲ့။  ဂူဂဲလ်ထဲမှာကြည့်လိုက်တော့ အောက်က ဓာတ်ပုံလိုမျိုး ပန်ဒါလေးတွေ ၀ါးပင်တွေကြားထဲမှာ ချစ်စရာ။  
(ဂူဂဲလ်မှ ရှာထားသော် ဓာတ်ပုံသာဖြစ်၏)

ကိုယ်တိုင်ရောက်သွားတော့ ပန်ဒါ ၁ ကောင်သာရှိသည်။  အိပ်နေသည်။  အိပ်သည်မှ နိုးကို မနိုးချေ။  ထို့ကြောင့် အိပ်နေသော ပန်ဒါကိုသာ ကြည့်ခဲ့ရသည်။  ၁ နေ့ကို ၀ါးရွက် ၁၅ကီလိုဂရမ်လောက်စားသည်ဟုဆိုသည်။  
ပန်ဒါကို ထိုကဲ့သို့သာ မြင်ရသည်....  သြော်.. ဒါ ပန်ဒါကိုး....

ပန်ဒါနီကလေးတွေတော့ ရှိသည်....  ခပ်သေးသေး တယ်ရီယာခွေးကလေး အရွယ်လောက်ရှိသည်...

ဒီကောင်လေးလဲ ၀ါးရွက်စားသည် ဟူ၏။  

8 comments:

  1. ပန်ဒါရော မျောက်ပါ ချစ်ဖို့အလွန်ကောင်းတယ်

    ReplyDelete
  2. ၀က်ဝံကြီးနဲ့ ပန်ဒါလေးကိုတော့ချစ်တယ်...
    မျောက်တွေကိုတော့ မချစ်တချစ်...
    သဘောကျမိတာက လွဲရင် :)

    ReplyDelete
  3. ကအွတ်ထောင်ရဲ့ ပန်ဒါလေးက ကအွတ်ထောင်ကို ရှယ်နေဟန်တူပါရဲ့။ နဲနဲလေးမှကို ပြန်ထမကြည့်ဘူး ထင်တယ်။း)

    ReplyDelete
  4. ပန်ဒါလေးအရင်းပြုပြီး များစွာသော အကောင်လေးတွေ
    ကြည့်ခွင့်ရသွားတယ် မောင်အောင်ထွဋ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ပန်ဒါက ပို့ တုန်းက (10)ကောင်ဆို.......အခု(1)ကောင်ပဲရှိတော့တယ်ဆိုတော့......အဖော်မရှိလို့ ပျင်းပြီးအိပ်နေတယ်ထင်တယ်....
    ဓါတ်ပုံတွေကြည့်လိုက်ရတာ..တိရိစ္ဆာန်ရုံရောက်သွားသလိုပဲ ကျေးဇူးပဲ။

    ReplyDelete
  6. ကျေးဇူးအစ်ကို ....
    တစ်ချို့အကောင်တွေ ဒီဘက်မှာ မမြင်ဖူးသေးဘူးဗျ။

    ReplyDelete
  7. ကိုယ်တိုင်ရောက်သွားရသလိုပါပဲ...
    ပန်ဒါကြည့်ဖို့ ရှန်ဟိုင်းအထိသွားတဲ့ စိတ်ကိုသဘောကျတယ်..
    ကိုယ်တွေမှာတော့ ၁၀မိနစ်နဲ့ရောက်တဲ့ အိမ်နားက တိရစ္ဖာန်ရုံတောင် မရောက်တောင်နှစ်ပေါက်နေပြီ..
    တိရစ္ဖာန်ရုံကလည်း ဘာမှ မရှိသလောက်ဖြစ်နေပြီကိုး...

    ReplyDelete
  8. ပန်ဒါကြည့်ချင်လို့  သွားတယ့်သူ ပန်ဒါကို နှိုးလိုက်တာ မဟုတ်ဘူး..း) ပန်ဒါနီဆိုတာ ခုမှ မြင်ဘူးတယ်..

    ReplyDelete