စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, July 27, 2013

ငွေကြေးနှင့် ကသောင်းကနင်းများ


         “ငွေ… ငွေ.. ငွေ… လောကမှာ ငွေဟာလေ လူတန်းစား မခွဲခြားဘဲ ဖျက်ဆီးတတ်ကြပေ” ဒီသီချင်းကတော့ လူတိုင်း ကြားဖူးမှာပေါ့။  ငွေ.. ဆိုတော့ ငွေကြေး၊ ပိုက်ဆံပေါ့။  ပိုက်ဆံဆိုရင် ငွေစက္ကူရယ်၊ အကြွေစေ့ရယ်ဆိုပြီး ရှိတာပေါ့လေ။  ကျွန်တော်တို့ ရွှေပြည်ကြီးမှာတော့ အကြွေစေ့ဆိုတာက ရှားပါး ပစ္စည်းဖြစ်နေပြီ။  ထားတော့။  ဒီနေ့ ကမ္ဘာကြီးမှာ ငွေဆိုတာ ပေါ်မလာခဲ့ရင် ကျွန်တော်တို့ ဘာကို ဖလှယ်ပြီး သုံးမလဲ?

        
ငွေမပေါ်ခင်က

         ငွေဆိုတာ မပေါ်ခင်တုန်းကတော့ ကမ္ဘာအရပ်ရပ်မှာ ကုန်ပစ္စည်းဖလှယ်ဖို့  တစ်ခုခုကို ဖလှယ်ပစ္စည်းအဖြစ် သုံးခဲ့ပါတဲ့။  ဖစိဖိတ်ဒေသက နာရူးဆိုတဲ့ ကျွန်းပေါ်မှာကတော့ နဲနဲထူးခြားတယ်။  ငွေမပေါ်ခင်တုန်းက သူတို့ဟာ ကြွက်ကို ဖလှယ်ပစ္စည်းအဖြစ်သုံးခဲ့ပါသတဲ့။
         နော်ဝေတွေကတော့ ဒိန်ခဲကို ကုန်သွယ်ပစ္စည်းအဖြစ်သုံးခဲ့ပြီးတော့၊  Aztecs လူမျိုးတွေကတော့ ကိုကာစေ့တွေကို ကုန်သွယ်ပစ္စည်းအဖြစ် အသုံးပြုခဲ့ကြပါတယ်။  ပါရာဂွေးလူမျိုးတွေကတော့ ခရုတွေကို ငွေကြေးလို သဘောထားပြီးတော့ အသုံးပြုခဲ့ပြီး ရောမခေတ်က စစ်သားတွေကတော့ စစ်ထွက်လို့ရတဲ့ လစာအဖြစ် ဆား ကို လက်ခံရရှိကြပါသတဲ့။

ငွေစက္ကူ ဘယ်က စတယ်


         ငွေစက္ကူဘယ်ကစလဲဆိုရင် မွန်ဂို စစ်ဘုရင် ဂျင်ဂစ်ခန် ကို ချန်ထားလို့မရပါဘူး။  တရုတ်ပြည်မှာ ၁၀ ရာစုလောက်ကထည်းက ငွေကြေးဆိုတာက ပေါ်နေပြီဖြစ်ပါတယ်။  ဒါပေမယ့် ၁၀ စုနှစ်အနည်းငယ်ကြာပြီးတော့ မွန်ဂိုတွေ တရုတ်သာမက ကမ္ဘာ့တစ်ခြမ်းလောက်ကို မြင်းတွေစီးပြီး သိမ်းပိုက်ခဲ့ပါတယ်။  ဒီလိုသိမ်းပိုက်တဲ့အခါမှာ စစ်နိုင်လို့ ရလာတဲ့ ရွှေတွေ၊ ငွေတွေ စတဲ့ ငွေကြေးတွေကို စက္ကူအစားပြန်ပေးခဲ့ပါတယ်။  အဲ့ဒီအချိန်တုန်းက အဲ့ဒီ ငွေကြေး စက္ကူကို လက်မခံတဲ့ လူဟာ အာဏာကို ဖီဆန်တဲ့လူဖြစ်သွားပါတယ်။  ဒီတော့ ကြိုက်ကြိုက်မကြိုက်ကြိုက် အဲ့ဒီ စက္ကူတွေကိုပဲ သုံးခဲ့ကြရပါတယ်။  အဲ့ဒီကနေပြီးတော့ စက္ကူငွေကြေးတွေဟာ တွင်တွင် ကျယ်ကျယ် အသုံးများလာခဲ့တယ်လို့ ဆိုပါတယ်။




အမေရိကန် ဒေါ်လာဟာ ဘာဖြစ်လို့ $ ပုံစံဖြစ်နေရတာလဲ?

         အမေရိကန်ဒေါ်လာရဲ့  မူလဘူတကတော့ စပိန်နိုင်ငံသုံးငွေ ပီဆိုလို့ခေါ်တဲ့ Ps ကနေ စတယ်လို့ ဆိုပါတယ်။  နောက်တော့ Ps ရေးရတာကိုပဲ တိုသထက်တိုအောင် Pနဲ့ s ကို ပူပြီးရေးပါသတဲ့။  နောက်တော့ P + S = $ ဆိုပြီး ဖြစ်သွားပါသတဲ့။ 
         ဒီ ဒေါ်လာပုံစံ $ ကလေးကို ၁၈၇၅ ခုနှစ် အမေရိကန်နိုင်ငံရဲ့ ပထမဆုံး ငွေစက္ကူ မထုတ်ဝေခင်အထိ တွင်တွင်ကျယ်ကျယ် သုံးခဲ့ပါတယ်။  ဒါပေမယ့် အမေရိကန်နိုင်ငံရဲ့ ငွေစက္ကူတွေပေါ်မှာတော့ ဒီလို $ ပုံစံ ဘယ်တော့မှ မပါဝင်ခဲ့ပါဘူး။  ဒါပေမယ့် ခုချိန်မှာတော့ တကမ္ဘာလုံးက $ လေးကိုမြင်ရင် အမေရိကန်ဒေါ်လာလို့ သိနေကြပါပြီ။








မိုနိုပိုလီနဲ့ ငွေစက္ကူ ဘယ်ဟာ ပိုပြီး ထုတ်သလဲ?

         အမေရိကန်နိုင်ငံမှာတော့ မိုနိုပိုလီ ကစားရင် သုံးတဲ့ ငွေစက္ကူအတုထက်၊  အမေရိကန်ဒေါ်လာ ငွေစက္ကူကို ထုတ်ဝေတဲ့ အရေအတွက်က ပိုများတယ်လို့ ဆိုပါတယ်။ 
         အမေရိကန်မှာ မိုနိုပိုလီ ကစားရင် သုံးတဲ့ ငွေစက္ကူ တစ်နှစ်ကို ဘီလျှံ ၃၀ ဖိုးလောက် ထုတ်ပြီးတော့ တစ်ကယ့်ဒေါ်လာကတော့ တစ်နှစ်ကို ၁၁ ဘီလျှံ ဖိုလောက် အမေရိကန် ငွေစက္ကူ ထုတ်ဝေရေး ဗျူရိုက ရိုက်ထုတ်နေပါသတဲ့။




အကြွေစေ့တွေ ဘာကြောင့်ဝိုင်းတယ်?

         ဟိုး ရှေးရှေးတုန်းကတော့ အကြွေးစေ့တွေဟာ ပုံစံ အမျိုးမျိုး ရှိနိုင်ပါတယ်။  လေးထောင့်၊ တြိဂံ၊ စသည်အားဖြင့်ပေါ့။  ဒါပေမယ့် အဲ့ဒီအချိန်တုန်းက အကြွေစေ့တွေဟာ ရွှေဒင်္ဂါးတို့၊  ငွေဒင်္ဂါးတို့ စတဲ့ တန်ဖို့ရှိတဲ့ သတ္တုတွေဖြစ်ပါတယ်။  အဲ့ဒီအချိန်တုန်းက သူခိုးတွေဟာ ငွေဒင်္ဂါးတွေရဲ့ ဒေါင့်အနားလေးတွေကို ဖြတ်ဖြတ်ပြီးတော့ ခိုးကြလေ့ရှိပါသတဲ့။  ဒီတော့ သူခိုးတွေ ခိုးနိုင်မယ့် ဘေးက နည်းသထက်နည်းစေရန် အတွက် ငွေဒင်္ဂါးတွေကို ထောင့်မပါတဲ့ အ၀ိုင်းအဖြစ် ထုတ်ဝေခဲ့တယ်လို့ ဆိုပါတယ်။





ဘယ်သူ့ပုံဟာ ငွေစက္ကူတွေမှာ အများဆုံးပါခဲ့လဲ?


         ဘယ်သူရှိမလဲ အဲလီစဘက် ဘုရင်မကြီး ၂  ပေါ့။  ဗြိသျှတွေ ကိုလိုနီသိမ်းလိုက်တာ နေမ၀င်အင်ပါယာဆိုပြီးတော့ ပြောနိုင်တဲ့အထိ။  အဲ့ဒီတော့ သူသိမ်းသမျှနိုင်ငံတွေမှာ သူတို့ရဲ့ ဘုရင်မကြီးပုံပါတဲ့ ငွေကြေးကို အသုံးပြုခဲ့ကြပါတယ်။  နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။  ၁၉၃၅ ခုနှစ်မှာ ကနေဒါနိုင်ငံကစပြီးတော့ အဲလီစဘက် ဘုရင်မကြီး ၂ ရဲ့ ပုံကို ငွေစက္ကူတွေမှာ စတင်သုံးစွဲခဲ့ပါတယ်။  အဲ့ဒီအချိန်တုန်းက ဘုရင်မကြီးရဲ့ အသက်ဟာ ၈ နှစ်ပဲ ရှိပါသေးတယ်။  နောက်နှစ်ပေါင်း ၂၆ နှစ်အတွင်းမှာ အဲလီစဘက် ဘုရင်မကြီး ပုံပါတဲ့ ငွေကြေးတွေကို အင်္ဂလန်နိုင်ငံမှာရော အင်္ဂလန်နိုင်ငံ သိမ်းပိုက်ထားတဲ့ နိုင်ငံတွေမှာရော အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ 

Reference : (Link)

5 comments:

  1. ဗဟုသုတဖြစ်စရာတွေချည်းပါဘဲလား ကအွတ်ထောင်။
    ရှာရှာဖွေဖွေ တင်ပြတတ်ပါ့။

    ReplyDelete
  2. အဲဒီငွေဆိုတဲ့ စက္ကူလေးတွေကြောင့်ဘဲ..
    မပြန်နိုင်ဘူးဖြစ်နေရတယ် အကိုေ၇
    ဗဟုသုတ အတွက်ကျေးဇူးပါဗျိုးးးး

    ReplyDelete
  3. ကျေးဇူးဗျာ.....အစ်ကိုကြီိး
    မျှဝေလိုက်သော ဗဟုသုတွေ
    ဖတ်မှတ်သွားပါတယ် ။

    ReplyDelete
  4. ဟန်ကြည်July 28, 2013 at 7:28 PM

    ဘယ်တိုင်းပြည်မှာလဲတော့ မသိဘူး...ဖတ်ဖူးတာကတော့ ငွေကြေးအဖြစ် သံတုံးသံခဲတွေကို သုံးခဲ့သတဲ့...အနှီလိုသာဆိုရင် ဈေးသွားရတာ သက်သာမယ်မထင်ဘူး...ထမ်းလိုက်ရမယ့် ဖြစ်ခြင်း...ကြွက်ကို ငွေအဖြစ်သုံးတာတော့ ဒီတစ်ခါ ပထမဆုံး ကြားဖူးခြင်းပါ့ဗျာ...ထူးဆန်းပါပေ့ ကတွတ်ပီး)

    ReplyDelete
  5. ထူးဆန်းဖွယ်ဗဟုသုတနဲ့အတူ မသိသေးတာတွေမျှဝေပေးလို့ ကျေးဇူးပါ မောင်အောင်ထွဋ်ရေ...
    ငွေကြေးဟာလူသားတွေကို ဒေါသ လောဘ မာနကို ဖြစ်ပေါ်စေတဲ့စွမ်းရည်ရှိသလို
    ပျော်ရွှင် အေးချမ်းမှုနဲ့ အခက်အခဲများကိုလဲ ဖြေရှင်းပေးနိုင်စွမ်းရှိတယ်...
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete