စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, January 4, 2014

ကျွန်တော်နှင့် ဆာယိုနာရား ၂၀၁၃

          ၂၀၁၃ ကြီးသည် လက်ပြကျန်ခဲ့ပြီဖြစ်သည်။  လက်ပြမပြတော့ မသိ၊  ကိုယ့်စိတ်ထဲမှာ ကိုယ့်ဟာကိုယ် လက်ပြပြီး ထားခဲ့ခြင်းဖြစ်သည်။  ၂၀၁၁ က စခဲ့သော သင်္ဘောနှစ်စီးသည်၊  ၂၀၁၃ ဒီဇင်ဘာတွင် ထွက်သွားခဲ့ပြီ ဖြစ်သည်။  တစ်စီးက မီးထိုးဖို့ တစ်စီးက ကက်ဆက်ဖွင့်ဖို့ အဲလေ… တစ်စီးက လျှပ်စစ်မီးကြိုးတွေ ပင်လယ်ထဲ ဆွဲပြီး သွယ်ဖို့၊ နောက်တစ်စီးက Offshore စင်အသစ်ဆောက်တဲ့နေရာမှာ ပင်လယ်ထဲ ပနက်ရိုက်ဖို့ ဘာဖို့ လုပ်တဲ့ Rock Dumping လုပ်ပစ်လိုက်ကြသည်။  ကောင်း၏။  နှုတ်ဆက်ပါသည် ရှန်ဟိုင်း၊  လမ်းခွဲခဲ့ပြီ။  ကိုပီတာကြီး ပြောသလို နန်ကျင်းလမ်းကိုလွမ်းသည်၊  The Bund ကိုလွမ်းမည်၊  ယောင်ချာချာနှင့် ရှင်ထျန်ဒီး ကိုလွမ်းပြီး ကျန်ခဲ့မည်။  ဒီလိုနှင့် ၂၀၁၃ သည်ကုန်သွားလေ၏။  ဘလော့ဂ်မတင်ဖြစ်။  သူကြီးမင်း၏ တစ် လိုဖြစ်နေပြီ။



          အိပ်မက်တွေ အများကြီးမက်သည်။  ၂၀၁၃ ဒီဇင်ဘာမှာ မြန်မာပြည်ပြန်မည်…. ပြင်ဦးလွင်၊ ချောင်းသာ၊ တောင်ကြီး တစ်ခုခုသွားမည်။  စသည် စသည်… သို့သော် ဘာမှ ဖြစ်မလာ ကမန်းကတန်းနှင့် မြန်မာပြည် တစ်ပတ်သာ ပြန်ဖြစ်သည်။  ရှု့မငြီးဆီကို ၁ ရက်ခွဲသာ ရောက်ဖြစ်သည်။  မိန်းမကတော့ အတော့်ကို နှုတ်ခမ်းစူနေပြီဖြစ်သည်။  နယူးရီယားလည်း ဘယ်လို ရီးယားလိုက်မှန်းကို မသိ။ ကျန်တဲ့ရက်တွေက စလုံးမှာ သက်တမ်းထပ်တိုးတာနဲ့၊  ရုံးကအလုပ်တွေ ရှင်းတမ်းလုပ်နေတာနဲ့.. ဗီဇာအသစ်ပြန်လျှောက်တာနဲ့ လုံးလည်ချာလပတ်လိုက်ပြီးတော့ ရှေ့တစ်ပတ်ဆို တရုတ်ပြန်ရဦးမည်။  နောက်ထပ် ၂ စီး ဆောက်ထပ်ဆောက်ရဦးမည်။  ခုတစ်ခေါက်ကတော့ Submersible Barge ဖြစ်သည်။  နဲနဲလေးလွဲလိုက်လျှင် တစ်စီးလုံးမြုတ်သွားနိုင်သည်။  ထို့ကြောင့် ဆောက်တဲ့အခါ အတော်လေး ဂရုစိုက်ရဦးမည်ဖြစ်သည်။




          သြော်….  Note 3 or 5s ဆိုပြီးရေးခဲ့တဲ့ ပိုစ့်… အဲ့ဒီမှာ Note 3 ကို ရွေးဖြစ်လိုက်သည်။  Root မလုပ်တော့။  မြန်မာဖောင့် သုံးလို့ရပြီဖြစ်သည်။  ကိုသိန်းထိုက်အောင် ဆိုဒ်ထဲက ရှာတွေ့ခြင်းဖြစ်သည်။  ဘာမှမလုပ်ခင် General>Device>Font ထဲမှာ Font Style ကို Default Font ကနေပြီး တစ်ခြား Font တစ်ခုခုကို အရင်ပြောင်း။
 ပြီးရင် http://slideme.org/application/zawgyi-one-ttf ဟောဒီ ဆိုဒ်ကို ဖုန်းထဲက Browser နဲ့သွား ဒေါင်းလုဒ်ဆွဲ။  ပြီးရင် Play Store ထဲကနေ ifont ကို install လုပ်။  အဲ့ဒါတွေ ပြီးသွားရင် ဖုန်းကို Restart ချလိုက်။
          နောက် ifont ကိုဖွင့် Install ထဲမှာ Zawgyi One TTF ကို select လုပ်လိုက်။  အဲ့ဒါပြီးရင် ကျွန်တော်က ဖုန်းကို Shut Down ချလိုက်တယ်။  ပြီးတော့မှ General>Device>Font ထဲမှာ Zawgyi One TTF(iFont) ကို ရွေးလိုက်ရင် မြန်မာလို ရှိသမျှ App တွေ အကုန်လုံး ဖတ်လို့ရပါပြီ။  FB app ထဲမှာလဲ မြန်မာလို ဖတ်လို့ရရော။  Keyboard ကတော့ Frozen Keyboard install လုပ်မလားလို့ စိတ်ကူးထားတယ်။  လောလောဆယ်တော့ မလုပ်ဖြစ်သေးဘူး။ 

          ရှေ့နှစ်တော့ နန်တုန်မှာ အနည်းဆုံး ၁ နှစ်လောက် နေဖြစ်ဦးမည်။  ဘလော့ဂ်လဲ ရေးဖို့ ကြိုးစားပါဦးမည်။  လောလောဆယ်တော့ သင်္ဘောအသစ်အတွက် ပစ္စည်းတွေဝယ်ဖို့ အလုပ်ရှုပ်နေတုန်း….. Happy New Year.. 2014!

1 comment:

  1. ကအွတ်ထောင်လဲ ၀မ်းဘဲလား။ ဘက်တာသင်း နတ်သင်းပါ ကအွတ်ထောင်။
    သင်္ဘောကြီးတည်ဆောက်မှာဆိုတော့ ဂုဏ်ယူမိပါ၏။ ရှုမငြီးကိုလဲ ပစ်မထားစေလို။
    ယူထားတာ ခွဲခွါနေရဖို့ မဟုတ်။
    ဟက်ပီးနယူးယီးယားပါ ကအွတ်ထောင်။

    ReplyDelete