စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, December 27, 2011

Facebook ကူလို့ ပြန်ဆုံရတဲ့ ဘိုးဘိုးနဲ့ ဘွားဘွား


          Aurelia Matias လို့ခေါ်တဲ့ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင်က ဘွားဘွားဟာ သူမရဲ့ခင်ပွန်း ပျောက်ဆုံးသွားလို့ ၀မ်းနည်းပက်လက်ဖြစ်နေခဲ့တာပါ။  သူမရဲ့ခင်ပွန်းဟာ မှတ်ဥာဏ် ချို့ယွင်းပြီး သတိမေ့တဲ့ ရောဂါကို ခံစားနေရသူပါ။  နောက်ဆုံးတော့ ကြံရာမရတဲ့အဆုံး သူမရဲ့ ခင်ပွန်းဓာတ်ပုံကို ကျောမှာကပ်ပြီးတော့ ရှာပုံတော်ဖွင့်နေတဲ့ဓာတ်ပုံကို အပျော်တမ်းဓာတ်ပုံဆရာလေးက ဖဘ ပေါ်တင်လိုက်ပါတယ်။
          ရဲတပ်ဖွဲ့ကတော့ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ အဘွားအိုရဲ့ ယောင်္ကျား Luis Matias ကို ရှာဖွေမတွေခဲ့ပါဘူး။  အဘိုးအိုဟာ မနီလာမြို့မှာ လမ်းလျှောက်သွားရင်းနဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပျောက်ဆုံးသွားခဲ့တာပါ။  ဒါပေမယ့် Facebook ရဲ့ အကူအညီနဲ့ ၂ရက်အတွင်းပြန်ရှာတွေ့နိုင်ခဲ့ပါသတဲ့။
          အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ Avancena လို့ခေါ်တဲ့ သမီးဖြစ်သူကတော့ “ကျွန်မတို့ဟာ Facebook ကို သုံးတောင်မသုံးတတ်ပါဘူး။  ဒါပေမယ့် ခုလိုအဖေ့ကို ပြန်တွေ့ရတော့ ဒီလို ဓာတ်ပုံကို ဖဘ ပေါ်တင်ပေးတဲ့ ဓာတ်ပုံဆရာကို ကျေးဇူးတင်ပါတယ်ရှင်၊ ခုတော့ ကျွန်မ အမေလည်း အရမ်းကို ပျော်နေတယ်။  သူက အဖေ့ကို ထပ်မတွေ့ရတော့ဘူးလို့ ထင်နေတာလေ”လို့ ပြောသွားပါတယ်။
          အဘိုးအိုကိုတော့ သူ့အိမ်နားကနေ နာရီဝက်လောက်သွားရတဲ့နေရာလေးက ပန်းတွေထားတဲ့ ပုံးကလေးအနီးမှာ ပြန်တွေ့ခဲ့တာပါ။  ဒီဓာတ်ပုံကလေးကို Facebook ပေါ်မှာ အကြိမ်ပေါင်း ၆သောင်း ၁ ထောင်ကျော် ဖြန့်ပေးခဲ့ကြပါတယ်တဲ့။

          သမီးဖြစ်သူကတော့ “ကျွန်မ အမေဟာ အရမ်းကို စိတ်ထားပြည့်ဝသူပါ။  အဖေ့ကို သူ့မှတ်ဥာဏ်တွေ ချို့ယွင်းသွားကထည်းက ရေလည်းချိုးပေးတယ်၊ ချက်ပြုတ်ကျွေးမွေးတယ်၊ အ၀တ်အစားတွေအမြဲတမ်း လဲလှယ်ပေးပါတယ်။  အဖေက အမေ့ရဲ့ အချစ်ဦးလေ” လို့ပြောသွားပါတယ်။
          Reddie လို့ သူ့ကိုယ်သူခေါ်တဲ့ အပျော်တမ်း ဓာတ်ပုံဆရာကတော့ ဒီ အဘွားအိုကို လမ်းဘေးမှာ ဈေးရောင်းနေတုန်း တွေ့ခဲ့တယ်လို့ဆိုပါတယ်။  ဒါနဲ့ပဲ အဘွားကို ကူညီဖို့ ဆုံးဖြတ်လိုက်တာပါလို့ သူ့ရဲ့ Facebook မှာ ဆိုထားပါသတဲ့။
          ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းအရကတော့ ဖိလစ်ပိုင်နိုင်ငံဟာ လူဦးရေ ၉၄ သန်းရှိပြီး Facebook အသုံးပြုသူဦးရေဟာ ကမ္ဘာပေါ်မှာ အဆင့် ၁၀ အတွင်း ၀င်တယ်လို့ဆိုပါတယ်။  သြော်.. ထူးလည်း ထူးပေ လူတွေပါလားနော်…..

Source : (Link)

9 comments:

  1. Facebook ဟာ လူမှုကွန်ရက်မှာ ဒီလောက် အရေးပါလာတာ ကောင်းလည်းကောင်းတယ်..ဆိုးလည်း ဆိုးတယ်..

    ကောင်းတာလေးတွေ များများ မျှဝေနိုင်တဲ့အရပ်ကြီး ဖြစ်လာပါစေ..

    by the way,,
    ဘယ်တုန်းက ပြန်ရောက်တုန်း ကိုအွတ်ထောင်..
    ဘာတွေ ပါလာခဲ့လား.. :D

    ReplyDelete
  2. ဒါကြောင့် ဖေ့ဘွတ်သုံးနေတာ
    ပျောက်တဲ့သူများ ပြန်တွေ့မလားလို့လေ :P

    ReplyDelete
  3. ဖေ့ဘွတ်ထဲ ပြန်ပေါ်စေ... :P

    ReplyDelete
  4. အဘွားအိုလည်းအဘိုးအိုကိုပြန်တွေ့ရတော့ဝမ်းသာသလို
    အဘိုးအိုလည်းကံကောင်းတာပေါ့ မောင်အောင်ထွဋ်ရေ။
    ကိုရင်ပြောသလိုတိုးတက်မှုတိုင်းမှာကောင်းကျိုးဆိုးကျိုးဆိုတာ
    ဒွန်တွဲနေတာတော့အမှန်ပါပဲ။
    အဟိ... ချောကဘယ်သူ့ကိုများရှာနေပါလိမ့် :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. မနေ့က ပြန်ရောက်ပါတယ် ခင်ဗျား.... ဖဘ ပေါ်ရော၊ ဘလော့ဂ်ပေါ်မှာပါ မျက်စေ့နောက်အောင် မြင်ရတော့မှာပါ ဟီး ဟီး။

    ReplyDelete
  6. ကျနော်လည်း တစ်နေ့က ၆ နှစ်လောက်အဆက်ပြတ်နေတဲ့ သူငယ်ချင်းနဲ့ ဖေ့ဘွတ်ကြောင့် ပြန်စကားပြောဖြစ်တယ်း))

    ReplyDelete
  7. ဖဘကိုသုံးပြိး ပျောက်သွားအောင်လုပ်ရရင်ကောင်းမယ်း)

    ReplyDelete
  8. ဖေ့စ်ဘုတ်ထက် အဘွားအိုရဲ့ ရှာပုံတော်က မိုက်တယ်။း)

    ReplyDelete
  9. အရမ်းခေတ်မီတာပဲ

    ReplyDelete