စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, December 3, 2012

၂၆ နှစ်အတွင်း စင်ကာပူရဲ့ ပထမဆုံး ဆန္ဒပြပွဲ


          စင်ကာပူနိုင်ငံမှာတော့ ပြီးခဲ့တဲ့ အပတ်က နိုင်ငံရဲ့ ၂၆နှစ်သက်တမ်းအတွင်းမှာ ပထမဆုံး ဆန္ဒပြပွဲဖြစ်ပေါ်ခဲ့ပါတယ်။  စင်ကာပူရဲ့ ဘက်စ်ကားလိုင်း ၂ ခုထဲက တစ်ခုဖြစ်တဲ့ SMRT ဘက်စ်ကားလိုင်းမှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေက သူတို့ရဲ့ လုပ်ခ လစာမညီမျှမှု့၊ လူနေမှု့အဆင့်အတန်း နိမ့်ကျမှု့တို့ကို မကျေနပ်လို့ ဆန္ဒပြခဲ့တယ်လို့ဆိုပါတယ်။  တရုတ်နိုင်ငံသား ဘက်စ်ကား ဒရိုင်ဘာတစ်ယောက်ကနေပြီးတော့ တရုတ်လူမှု့ကွန်ယက်ဆိုဒ် ဘိုင်ဒူးမှာ မကျေနပ်ချက်တွေအတွက် ဆန္ဒပြဖို့ ပိုစ့်တင်ပြီးနောက်ပိုင်းမှာ အခြားသော တရုတ်နိုင်ငံသား ဒရိုင်ဘာတွေပါ ပူးပေါင်းပါဝင်လာပြီး လူ ၂၀၀ နီးပါး ပါဝင်တဲ့ ဆန္ဒပြပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
          ဒီအထဲမှာ ပြီးခဲ့တဲ့နှစ်တုန်းက မလေးရှားနိုင်ငံသား ဒရိုင်ဘာတွေကို စင်ကာပူ ဒေါ်လာ ၂၇၅ လစာတိုးမြှင့်ပေးပြီး တစ်လစာ ဆုငွေချီးမြှင့်ခဲ့ပြီး တရုတ်နိုင်ငံသား ဒရိုင်ဘာတွေကိုတော့ စင်ကာပူဒေါ်လာ ၇၅ ကျပ်သာတိုးမြှင့်ပြီး ဆုငွေချီးမြှင့်ခဲ့ခြင်းမရှိခဲ့တာဟာလဲ တင်းမာမှု့ရဲ့ အဓိက အချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ 


          စင်ကာပူကတော့ ဒါဟာ တရားမ၀င်တဲ့ ဆန္ဒပြပွဲဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီးတော့ တနင်္လာနေ့မှာ အဓိက ပါဝင်ခဲ့တဲ့ ဒရိုင်ဘာကို ထောင်ဒဏ်ချမှတ်ဖွယ်ရှိပါတယ်။  အခြားသော ၄ယောက်ကိုလဲ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။   ၂၉ ယောက်ကိုတော့ အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်ကဒ်ကို ရုတ်သိမ်းခဲ့ပါတယ်။  စင်ကာပူဥပဒေမှာတော့ ကျန်းမာရေး ၀န်ဆောင်မှု့၊ ပို့ဆောင်ရေး စတဲ့ အရေးပါတဲ့ ဋ္ဌာနတွေမှာ လုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေဟာ ဆန္ဒပြချင်တယ်ဆိုရင် ၁၄ရက်ကြိုတင်အကြောင်းကြားရမှာဖြစ်ပြီးတော့ ဒီလိုမှာ မဟုတ်ရင်တော့ တရားမ၀င် ဆန္ဒပြပွဲအဖြစ်သတ်မှတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

Source : (Link 1, Link 2)

2 comments:

  1. မလေးမှာတော့မကြာခဏ ဆန္ဒပြတာတွေ့ဖူးတယ်
    ကုန်ဈေးနှုန်းတက်လဲသူတို့က ပြကြတယ်
    စင်ကာပူမှာတော့ခုမှကြားဖူးတာပေါ့
    ဒါနဲ့ စာတွေကျဲနေတယ်နော် မအားလို့လား......
    ပျော်ရွှင်တဲ့ ဒီဇင်ဘာဖြစ်ပါစေ

    ReplyDelete
  2. ထူးခြားဖြစ်စဉ်လေးဖတ်သွားတယ် မောင်အောင်ထွဋ်ရေ။
    အခုတစ်လောပို့စ်တင်တာတွေနည်းနေသလားလို့။
    မောင်အောင်ထွဋ်တစ်ယောက်အလုပ်များနေပုံရတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete