စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, September 29, 2011

ရေလွှာလျှောစီး ချစ်စရာ ပါပီလေးများ


          ဒီတစ်ခါတော့စကိတ်စီးမယ့် တရုတ်ရဲမေများ မဟုတ်တော့ပါဘူး။ ရေလွှာလျှောစီးမယ့် ပါပီတွေရဲ့ ဓာတ်ပုံလေးတွေဖြစ်ပါတယ်။  အမေရိကန် ကာလီဖိုးနီးယားပြည်မှာရှိတဲ့ Huntington Beach (ဟန်တင်တန် ကမ်းခြေ) မှာ တတိယအကြိမ်မြောက် နှစ်ပတ်လည် ခွေးများ ရေလွှာလျှောစီးပြိုင်ပွဲ ကျင်းပတုန်းက ရိုက်ထားတဲ့ ပုံတွေလို့ဆိုပါတယ်။  ခွေးအမျိုးအစားပေါ်မူတည်ပြီးတော့ ရေလွှာလျှောဘုတ် ၄မျိုးရှိပါသတဲ့။  ခွေးသေးသေးလေးတွေ ပေါင် ၂၀ လောက်ကနေပြီးတော့ ခွေးအကြီးကြီးတွေ ပေါင် ၆၀လောက်အထိ ၀င်ပြိုင်ကြပါတယ်။  ဓာတ်ပုံတွေကတော့ အင်တာနက်မှကူးယူဖော်ပြတာဖြစ်ပါတယ်။
ကဲစလိုက်ကြရအောင်……
ပြိုင်ပွဲမစတင်မှာ ကြွရောက်လာကြတဲ့ ခွေးပရိတ်သတ်တွေကိုတော့ ဟော့ဒီလိုမြင်တွေရမှာပါ
အလန်းဇယားနဲ့ ဖလမ်းဖလမ်းထနေတဲ့ ကိုပါပီ

ဟော့ဒါက မာကက်တင်းဆင်းနေတဲ ပါပီ

ရော့ကာလား ပန့်လား ဘာဖြစ်ဖြစ်လာထား

မဒီကညာလေးတွေကို မျက်မှန်မဲကြီးအောက်က ရှိုးနေတာ

ဟောဒါက မျက်မှန် ဒီဇိုင်း အသစ်ရှင့်

ကဲရေလွှာလျှောစီး စပါပြီ... လူကြီးမင်းများ လက်ခုပ်တီးကြပါ။  ကလေးတွေ ငြိမ်ငြိမ်နေကြပါ.... 

Picture : REUTERS/Lucy Nicholson
ဒီကောင်ကြီးကတော့ မီတာ ၆၀ (၁၉၇ ပေ)လောက်အထိ ဝေးဝေးရောက်အောင် ရေလွှာလျှောစီးနိုင်လို့ ဂင်းနစ်စံချိန်တင်သွားပြီ


Picture : AP/Orange County Register, Cindy Yamanaka
ဒါကအဖွဲ့လိုက် ခွေးအများဆုံးတစ်ခါထည်း စကိတ်စီးတဲ့ စံချိန်တင်ဖို့ကြိုးစားတာ။  ဒါပေမယ့် ၁၀ စက္ကန့်ပြည့်အောင် မစီးနိုင်လို့ စံချိန်မတင်နိုင်ခဲ့ပါဘူး။

စတိုင်အလန်းနဲ့ အပြတ်ကြမ်းနေတဲ့ ကိုပါပီ

မကြောက်ပါနဲ့ ပါပီ..

စူပါခွေး...

 
တို့ကတော့ သူများတွေလိုမဟုတ်ဘူး ခပ်တည်တည်ဘဲ စီးတယ်

အောင်မြင်စွာ ရောက်ရှိလာပါပြီ

သိပ်ချစ်လို့ မခွဲနိုင်ဘူးကွယ်... နှစ်ယောက်တူတူစီးတယ်

အဲ့သလိုခွေးတွေကို ချစ်လို့ ခွေးတစ်ကောင်ဝယ်မွေးမိပါတယ် ကွန်ပလိန်းတွေ ၀ိုင်းတက်လိုက်တာနဲ့ နောက်ဆုံး ခွေးကလေးကို သူများပေးပစ်လိုက်ရတယ်။  အောက်ကခွေးကလေးပုံက ကျွန်တော့်ခွေးခင်ဗျ... နာရူတိုတဲ့ နာမည်က ကိုယ့်ခွေးကို ကိုယ့်ဟာကိုနာမည်ပေးထားတာ  သခင်တူလို့လားတော့မသိဘူး သောင်းကျန်းချက်က 9 လောက်ရှိတယ်။  စားလိုက်တာလည်း တစ်နေ့ကို ၇ နပ်လောက်စားတယ်။  ကျွန်တော်စားသမျှလည်းသူကလိုက်စား၊ သူ့အစားလည်းသူကစား အစုံစားတဲ့အကောင်။  ရုံးသွားရင် ခေါ်သွားတယ် ရုံးမှာ ထားတယ်၊  အိမ်မှာကျတော့ အခန်းထဲမှာထားတယ်။ ဒီကောင်ကလည်း ဘာသောင်းကျန်းသလည်းမမေးနဲ့ တစ်ခါမှကို အငြိမ်မနေတာ... တွေ့တာကိုက်။ ဘာပြောကောင်းမလဲ တက်လိုက်တဲ့ ကွန်ပလိန်းတွေ နောက်ဆုံး သူများကို ပေးလိုက်ရပါပြီ တစ်ခါက နာရူတို... :(





Ref: (Link)

8 comments:

  1. ဟာ ကွာ..........အသိနောက်ကျလိုက်တာ
    ဖလမ်းဖလမ်းထနေတာပဲ ဒီဇိုင်းတွေကတော့
    ငါ့အတီးလေးလဲအဲလိုပြင်ပေးဦးမှ..
    အိမ်ကဇလုံထဲဝင်စီးခိုင်းရမယ် ဟဲဟဲး)

    ReplyDelete
  2. အဲ့ဒါအားကျပြီးတော့ ခွေးတစ်ကောင်မွေးလိုက်တာ ဘေးကလူတွေ ကွန်ပလိန်းတက်လို့ သူများပေးလိုက်ရတယ်... ဟင့် ဟင့်။ အနော့်မှာခွေးမရှိတော့ဘူး :(

    ReplyDelete
  3. ခွေးကို လိုင်စင်နဲ့ မွေးရင်ကော ကွန်ပလိန်းတက်လို့ရလို့လား .. ဗျ

    ReplyDelete
  4. လျှော်ကြေးပေးနိုင်သရွှေ့တော့ မွေးလို့ရပါတယ်ခင်ဗျာ... :) ကျွန်တော်အကောင်ဖျက်ဆီးတဲ့ စာရင်းကို ရေးလိုက်ရင် တစ်မျက်နှာလောက်ရှိမှာမို့လို့ ထည့်မရေးတော့ပါဘူး။ သူများပစ္စည်းတွေကို အသာထား.... ကျွန်တော့ ကိုယ်ပိုင်စားရင်းထဲကဆိုရင်တော့ ကျွန်တော့ ဖုန်း နားကျပ်၊ ဖိနပ် ၄ ရံ၊ အိမ်ရေချိုးခန်းထဲက မှန်ဘီဒို (ကိုက်လိုက်တာ ဗီဒိုအောက်နားမှာ သွားရာတွေကြီးဘဲ)၊ ဘီး၊ ရေမွှေးပုလင်း၊ Rool-on ပေါင်းများစွာ၊ ကွန်ပျူတာ Coolpad၊ သောက်လက်စ မာတဲလ် တစ်ပုလင်း၊ ရုံးမှ စာရွက်စတမ်းများ၊ အအေးပုလင်းပေါင်းများစွာ.... ဒီကောင် ဖျက်ဆီးလို့ ကုန်ပါတယ်ခင်ဗျာ :)

    ReplyDelete
  5. ခွေတွေချစ်ဖို့ကောင်းလိုက်တာ...
    ခွေးတွေကြောင်တွေကိုလူထက်စိတ်ဝင်စားတယ်..
    ချစ်လဲချစ်တယ်....အဲလိုလိမ္မာတော့ ပိုပြီးချစ်ဖို့ကောင်းတာပေါ့
    ဖလန်းဖလန်းထ တာသိပ်မပြောနဲ့ စွယ်စုံကတရားစွဲနေအုန်းမယ်
    အဲဒီထဲက အတော်ဆုံခွေးက jasmine ခွေးပဲ
    ခင်တဲ့ jas

    ReplyDelete
  6. အလိုလေး ........ အလန်းဇယားတွေပါလား။

    ReplyDelete
  7. jas နှင့် အလင်းစက်များကို လာလည်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ကျွန်တော်လည်း ခွေးတွေကို ချစ်တယ်ခင်ဗျ။ ငယ်ငယ်တုန်းကဆို အိမ်က ခွေးက ၁၂ ကောင်လောက်ရှိတာ.. တရုန်းရုန်းနဲ့ ပျော်ဖို့ အလွန်ကောင်း :)

    ReplyDelete
  8. တကယ့်် အလန်းလေးတွေပဲ ကျေးဇူး ခွေးလေးတွေကိုကြည့်ပြီး ပျော်သွားတယ် ပြီးတော့ အားတက်သွားတယ်

    ReplyDelete