“ငွေ… ငွေ.. ငွေ… လောကမှာ ငွေဟာလေ လူတန်းစား
မခွဲခြားဘဲ ဖျက်ဆီးတတ်ကြပေ” ဒီသီချင်းကတော့ လူတိုင်း ကြားဖူးမှာပေါ့။  ငွေ.. ဆိုတော့ ငွေကြေး၊ ပိုက်ဆံပေါ့။  ပိုက်ဆံဆိုရင် ငွေစက္ကူရယ်၊ အကြွေစေ့ရယ်ဆိုပြီး
ရှိတာပေါ့လေ။  ကျွန်တော်တို့ ရွှေပြည်ကြီးမှာတော့
အကြွေစေ့ဆိုတာက ရှားပါး ပစ္စည်းဖြစ်နေပြီ။ 
ထားတော့။  ဒီနေ့ ကမ္ဘာကြီးမှာ ငွေဆိုတာ
ပေါ်မလာခဲ့ရင် ကျွန်တော်တို့ ဘာကို ဖလှယ်ပြီး သုံးမလဲ?
စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Saturday, July 27, 2013
Thursday, July 25, 2013
သွားကြဦးမလား ဆစ်ဒနီမြို့ရဲ့ သင်္ဘောသစ်တော
         အရာရာအားလုံးကတော့ အချိန်တန်ရင် ကြွေလွင့်သွားကြရတာ ပါပဲလေ…
ဒါပေမယ့် ဆစ်ဒနီမြို့ရဲ့ Homebush ကမ်းခြေက သက်တမ်း ၁၀၂ နှစ်ရှိပြီဖြစ်တဲ့ သင်္ဘောပျက် ကြီးကတော့
တစ်မျိုး ဆန်းသစ် နေပြန်ပါတယ်။  SS Ayrfield
လို့ အမည်ရတဲ့ သင်္ဘောကြီးက ၁၉၁၁ ခုနှစ်က အင်္ဂလန်နိုင်ငံမှာ တည်ဆောက်ခဲ့ပြီးတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ
အမေရိကန်စစ်သည်တွေ အသုံးပြုခဲ့ပါတယ်။  ၁၉၇၂
ခုနှစ်မှာတော့ သူမကို စွန့်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ ခုလက်ရှိရှိနေတဲ့ ကမ်းခြေရာ
သူမရဲ့ နားခိုရာနေရာ ဖြစ်လာခဲ့ပါတယ်။  
         ဒါပေမယ့် ခုချိန်မှာတော့ SS Ayrfield ဟာ
ရေပေါ်သင်္ဘော သစ်ပင်ကြီးအဖြစ် ဓာတ်ပုံပညာရှင်တွေကြားထဲမှာ ရေပန်းစားနေပါတယ်။  သံချေးတွေနဲ့ ဆွေးမြေ့နေတဲ့ သင်္ဘောအိုကြီးပေါ်မှာ
ဒီလိုမျိုး သစ်ပင်တွေ လှပစွာ ပေါက်နေတာကိုက ဆွဲဆောင်မှု့တစ်မျိုးဖြစ်နေလို့ ခုဆိုရင်
ကမ္ဘာအရပ်ရပ်က ဓာတ်ပုံပညာရှင်တွေဟာ ဒီသင်္ဘောကြီးကို လာရောက်ပြီး ဓာတ်ပုံရိုက်ကူးနေကြပါပြီ…
ကဲ… ရေပေါ် သစ်တောကြီးရဲ့ အလှအပကို ခံစားကြပါစို့လားဗျာ..
Monday, July 22, 2013
လောကကြီး စိမ်းလန်းစေဖို့ မြက်ပင်တွေ ဆေးဆိုးကြစို့
            မြို့တော်ကြီး စိမ်းလန်းစိုပြေဖို့
အလှစိုက်ထားတဲ့ မြက်တွေ ခြောက်သွေ့သွားလို့ စိတ်ပျက်မနေပါနဲ့။  တရုတ်နိုင်ငံ ချန်ဒူးမြို့မှာတော့ မြက်ပင်တွေ စိမ်းလန်းစိုပြေနေစေဖို့
ဆေးဆိုးနေတယ်လို့ဆိုပါတယ်။  ဒါပေမယ့် မြို့တော် စိမ်းလန်းစိုပြေ စည်ပင်သာယာရေး အရာရှိကတော့ “ဒါဟာ အစိမ်းရောင် ဆိုးဆေးမဟုတ်ပါဘူး။  ဒါဟာ မြက်ပင်တွေအတွက် ဓာတ်မြေသြဇာနဲ့ မြက်တွေပိုပြီး
ရာသီဥတု ခံနိုင်ရည်ရှိလာအောင် ဓာတုဗေဒ ဆေးတွေ ထည့်ထားတဲ့ အရည်တွေဖြစ်ပါတယ်။  ဒါပေမယ့် ဒီဆေးရည်ဟာ အပင်တွေ၊ လူတွေ၊ မြေကြီး နဲ့
သဘာပတ်ဝန်းကျင်ကို ထိခိုက်မှု့မရှိစေပါဘူး။ 
ဒီစနစ်ကို လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ထဲကနေ စပြီးတော့ သုံးလာတာ ဒီနေ့အထိ ဘာပြဿနာမှ
မရှိပါဘူးလို့” ဆိုသွားပါတယ်။ 
Sunday, July 21, 2013
ဘွဲ့များသခင် ဘွဲ ၁၈ ခုပိုင်ရှင်
         အကောင်ကြီးကြီး အမြီးရှည်ရှည်ဆိုတာကို ကြားဖူးမှာပေါ့။  မင်္ဂလာဆောင်ဖြစ်ဖြစ်၊ မွေးနေ့ဖြစ်ဖြစ် နာမည်နောက်မှာ
သက်ဆိုင်ရာ ဘွဲ့လေးတွေထည့်မှ တင့်တယ်သကိုး။ 
အဲ့ဒီတော့ ကိုယ့်လူတို့ တစ်သက်မှာ ဘွဲ့ပေါင်း ဘယ်နှစ်ခုလောက် ယူမယ်လို့
မှန်းထားပါသလဲ?  အင်ဒိုနီးရှားက ၀ယ်လင် ကူစူမား
ဆိုတဲ့ လူငယ်ကတော့ အသက် ၃၁ နှစ်မှာ ဘွဲ့နဲ့ အသိအမှတ်ပြုလက်မှတ်ပေါင်း ၁၈  ခုလက်ဝယ်ပိုင်ပိုင်ရထားပြီဖြစ်လို့  သူသာ မင်္ဂလာဆောင်လိုက်ရင် သတို့သားနဲ့ သတို့သမီး
ဖိတ်စာထဲမှာ ဟိုဖက် ဒီဖက်ရိုက်ပြီး ဝေရမလို ဖြစ်နေပါပြီ။  
တက္ကသိုလ်ပေါင်း မြောက်များစွာကို မမော မပန်း မနက် ၇ နာရီကနေ ည ၁၀ နာရီအထိ ပြေးလွှား
တက်ခဲ့ရတယ်လို့ ဆိုပါတယ်။  
         “ကျွန်တော် အင်ဒိုနီရှား ကမ္ဘာ့ စံချိန်တင်တဲ့
ပြတိုက်ကနေ အသိအမှတ်ပြု လက်မှတ်ရထားပါပြီ။ 
ဒီထဲမှာတော့ ကျွန်တော့်နာမည်ရယ် နောက်ပြီး ကျွန်တော်ရတဲ့ ဘွဲ့တွေဖြစ်တဲ့
ST, SE, SSos, SKom, SS, SAP, SStat, MT, MSM, MKn, RFP-1, CPBD, CPPM, CFP,
AffWM, BKP, QWP အားလုံးပါပါတယ်။  ဘွဲ့နာမည်တွေက
ရှည်လွန်းတော့ စာကြောင်းသုံးကြောင်းလောက် ရေးယူရတယ်” လို့ ဘွဲ့ပေါင်း ၁၈ ခုပိုင်ရှင်
ဝယ်လင်က ဆိုပါတယ်။
         ကျွန်တော့်ရဲ့ ဘွဲ့တွေက စီမံခန့်ခွဲမှု့၊  ငွေကြေးဆိုင်ရာ နဲ့ အခွန်တွေနဲ့သက်ဆိုင်တဲ့ ဘွဲ့တွေများပါတယ်။  စီမံခန့်ခွဲမှု့ကို အဓိက ဦးတည်ပြီး ကျောင်းတွေတက်ပေမယ့်
ကျွန်တော် ဥပဒေနဲ့  အင်ဂျင်နီယာ ပညာရပ်တွေကိုလဲ
လိုက်စားခဲ့ပါတယ်လို့ ဘွဲ့များသခင်က ဆိုသွားပါသေးတယ်။
         သူရထားတဲ့ ဘွဲ့တွေထဲမှာ Bachelor ဒီဂရီ ၈
ခုနဲ့  Master ဒီဂရီ ဘွဲ့ ၃ ခုတောင် ပါဝင်ပါသေးတယ်။  အခုလဲ နောက်ထပ်ကျောင်းတွေ ထပ်တက်ဦးမယ်လို့ ဆိုထားပါတယ်။  အင်း ဘွဲ့တွေ တသီကြီးနဲ့  ဘယ်လိုအလုပ်မျိုး လုပ်ဦးမယ်တော့မသိ။
Source
: (Link)
Subscribe to:
Comments (Atom)