စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, July 22, 2013

လောကကြီး စိမ်းလန်းစေဖို့ မြက်ပင်တွေ ဆေးဆိုးကြစို့

            မြို့တော်ကြီး စိမ်းလန်းစိုပြေဖို့ အလှစိုက်ထားတဲ့ မြက်တွေ ခြောက်သွေ့သွားလို့ စိတ်ပျက်မနေပါနဲ့။  တရုတ်နိုင်ငံ ချန်ဒူးမြို့မှာတော့ မြက်ပင်တွေ စိမ်းလန်းစိုပြေနေစေဖို့ ဆေးဆိုးနေတယ်လို့ဆိုပါတယ်။  ဒါပေမယ့် မြို့တော် စိမ်းလန်းစိုပြေ စည်ပင်သာယာရေး အရာရှိကတော့ “ဒါဟာ အစိမ်းရောင် ဆိုးဆေးမဟုတ်ပါဘူး။  ဒါဟာ မြက်ပင်တွေအတွက် ဓာတ်မြေသြဇာနဲ့ မြက်တွေပိုပြီး ရာသီဥတု ခံနိုင်ရည်ရှိလာအောင် ဓာတုဗေဒ ဆေးတွေ ထည့်ထားတဲ့ အရည်တွေဖြစ်ပါတယ်။  ဒါပေမယ့် ဒီဆေးရည်ဟာ အပင်တွေ၊ လူတွေ၊ မြေကြီး နဲ့ သဘာပတ်ဝန်းကျင်ကို ထိခိုက်မှု့မရှိစေပါဘူး။  ဒီစနစ်ကို လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ထဲကနေ စပြီးတော့ သုံးလာတာ ဒီနေ့အထိ ဘာပြဿနာမှ မရှိပါဘူးလို့” ဆိုသွားပါတယ်။ 


ဘာအန္တရာယ်မှ မရှိ၊ လူကို ဘေးဥပါဒ် မဖြစ်စေဘူးလို့ ဆိုပေမယ့် ချန်ဒူးမြို့ကလူတွေကတော့ အဲ့ဒီ မြက်တွေပေါ် လမ်းလျှောက်လိုက်ရင် သူတို့ ဖိနပ်တွေပါ စိမ်းကုန်လို့ မျက်လုံး ပြူးနေကြတယ်....




            ခုတော့ ချန်ဒူး မြို့ကြီးဟာ ဓာတု ဆိုးဆေးအစွမ်းနဲ့ မြက်တွေ စိမ်းစိမ်းလန်းလန်းဖြစ်နေပါပြီ။    ၂၀၀၈ ခုနှစ် ဘေဂျင်းအိုလံပစ် ကျင်းပတုန်းကလည်း ဘေးဂျင်းမြို့ပတ်ဝန်းကျင်က မြက်တွေ စိမ်းလန်းနေစေဖို့ ဒီလိုမျိုး ဆေးရည်သုံးခဲ့တယ်လို့ ဆိုပါတယ်။  အင်း…… ဘာပြဿနာမှ မတတ်ရင်တော့ ဘာပြဿနာမှ မရှိဘူးပေါ့လေ။စ်ပါးသွားကရင်တော့ ဘုရားတရားသာ တရမလိုလို.....


Source : (Link)

1 comment:

  1. ဟန်ကြည်July 23, 2013 at 9:57 PM

    ရွှေပြည်ကြီးနဲ့တော့ ကိုက်မယ်မထင်ဘူး...ဒီကလူတွေက မြက်ခင်းလေးမြင်ရင် ရှူးပေါက်ချင်ရတာနဲ့ အီအီးပါချင်ရတာနဲ့...း)

    ReplyDelete