စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, August 14, 2011

တရုတ်ပြည်ရဲ့ ပထမဆုံး လေယဉ်တင်သင်္ဘော





တရုတ်နိုင်ငံမှ ပထမဆုံး တည်ဆောက်ပြီးစီး သွားတဲ့ လေယဉ်တင်သင်္ဘောကြီးပါ။ တရုတ်ပြည်ရေတပ်မတော် (People’s Liberation Army Navy’s [PLAN’s]) အတွက်လည်း ပထမဆုံး လေယဉ်တင်သင်္ဘောဖြစ်ပါတယ်။

ပြီးခဲ့တစ် တစ်ပတ်လောက်ကမှ စမ်းသတ်မောင်းနှင့်မှု့ (Sea Trail) ပြီးစီးတယ်လို့သိရပါတယ်။ အဆိုပါသင်္ဘောဟာ ယူကရိန်းနိုင်ငံမှ ဆိုဗီယက်လက်ကျန် သင်္ဘောကို ၁၉၉၈ခုနှစ်တွင်(wikipeida တွင် ၂၀၀၁ တွင်ဝယ်ယူသည်ဟု ဖော်ပြထားသည်) တရုတ်နိုင်ငံမှ ၀ယ်ယူပြီး ဆက်လက် တည်ဆောက်ခဲ့တာဖြစ်တယ်။ ၀ယ်ယူတုန်းက သင်္ဘောနာမည်က “Varyag” ဖြစ်ပါတယ်။ဒါလီယန်ပြည်နယ်ရှိ သင်္ဘောကျင်းမှာ တည်ဆောက်ပြီးစီးခဲတာပါ။ တန်ချိန် ၆၇၀၀၀ ရှိပြီး မီတာ ၃၀၀ ရှည်လျှားတဲ့ conventional steam-turbine powerကို အသုံးပြုထားတဲ့ အဆိုပါသင်္ဘောဟာ တရုတ်ပြည်ရဲ့ ရေတပ်အင်အားမြှင့်တင်မှု့ကို ပြသလိုက်တာဖြစ်ပါတယ်။
တရုတ်ကတော့ ဒီသင်္ဘောကို နိုင်ငံကာကွယ်ရေးနှင့် လေ့ကျင့်ရေးအတွက်သာ သုံးမယ်လို့ပြောထားပါတယ်။ Sea Trial မှ ပြန်လာပုံကို ယခု link "http://www.liveleak.com/view?i=97b_1313314764" ကနေကြည့်ရှု့နိုင်ပါတယ်။

ဒါဟာပထမခြေလှမ်းဖြစ်ပြီး လေယဉ်တင် သင်္ဘောတစ်စီးထဲနှင့် လေတပ်ကို သေချာစွာ ရွေ့လျှားနိုင်သေးမှာ မဟုတ်ဘူးလို့ တရုတ်က ဆိုပါတယ်။ ရေပေါ်၊ ရေအောက်၊ ဝေဟင် မှာ လေယဉ်တင်သင်္ဘောကို ကာကွယ်စောင့်လျှောက်မည့် ဖျက်သင်္ဘောများ၊ တိုက်သင်္ဘောများ၊ ရေငုပ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများကို ဖြိုခွဲနိုင်မည့် တန်ပြန်ရေငုပ်သင်္ဘော (Anti submarine)များ၊ ဒုံးခွင်း ကာကွယ်ရေစနစ်များ အစရှိသည် အစရှိသည်များကို ပြည့်စုံအောင်လုပ်ဆောင်ဦးမယ်လို့ ဆိုထားပါတယ်။

ဘေဂျင်းကတော့ လောလောဆယ် J-15 Flying Shark Attack Jet တိုက်လေယဉ် ဓာတ်ပုံများကို ထုတ်ဖော်ပြသထားပါတယ်။ ၄င်းလေယဉ်များမှာ ခေါက်သိမ်းနိုင်သော တောင်ပံများ၊ လေယဉ်ရဲ့ အမြီးပိုင်းပုံစံများကတော့ ကျဉ်းမြောင်းတဲ့ နေရာတွေမှာ ထားသိုနိုင်အောင် စီမံထားပါတယ်။ ဒါဟာ လေယဉ်တင် သင်္ဘောမှာ အသုံးချဖို့ ဖြစ်ပါတယ်။




တစ်ရုတ်ပြည်ဟာ ရေတပ်အင်အား အသုံးစရိတ်ကို ၂၀၀၆ ခုနှစ်မှ စတင်မြှင့်တင်ခဲတာဖြစ်ပြီး ဒီနှစ်အတွက် အသုံးစရိတ်ကို ဘီလီယံ ၆၀၁ ယွမ်(RMB) ကို အသုံးပြုမယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ်မှာ နောက်ထပ် ၂ စီးကို ထပ်မံ တည်ဆောက်ဦးမယ်လို့လဲ ကြားနေရပါတယ်။
ထိုသင်္ဘော စမ်းသပ်မောင်းနှင့်မှု့(Sea Trial) ပြီးစီး ပြီးနောက်မှာဘဲ တိုင်ဝမ်က သူ့ရဲ့ ဒုံပျံအသစ် Husing Feng III လို့ခေါ်တဲ့ aircraft carrier killer "Anti-Ship Cruse Missile" ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဘာတွေဆက်ဖြစ်ဦးမယ်ဆိုတာကတော့ ပိတ်ကားပြင်ပေါ်တွင် ဆက်လက်ကြည့်ရှု့ကြပါကုန်။
Reference : Internet

No comments:

Post a Comment