စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, August 14, 2011

Gyroscopic Stabilization






သင်္ဘောများတွင် rolling ခေါ် ဘယ်ညာတိမ်းစောင်းမှု့ကို ထိန်းညှိပေးနိုင်ရန် တပ်ဆင်သည့် Gyroscopic Stabilizer အကြောင်းကို အနည်းငယ် တင်ပြလိုပါသည်။ စစ်သင်္ဘောများတွင် လည်းကောင်း၊ မြန်နှုန်းမြင့် သင်္ဘောငယ်များ(Speed boat) တွင်လည်းကောင်း၊ ကြီးမားသော ခရီးသည်တင် သင်္ဘောကြီးများတွင် လည်းကောင်း တပ်ဆင်ကြသည်။
Gyroscopic stabilizer အကြောင်းကို မစခင် Gyroscopic Precession အကြောင်းကို အနည်းငယ် ပြောပြလိုပါသည်။ သင်္ဘောများ၏ Gyroscopic Stabilizers များ၏ သဘောသဘာဝမှာ Gyroscopic Precession ကို အခြေခံထားသောကြောင့် ဖြစ်သည်။

Gyroscope တစ်ခုကို အားတစ်ခုဖြင့် လည်ပတ်စေသောအခါ အဆိုပါ Gyroscope တွင် Angular Momentum တစ်ခု ရရှိလာသည်။ အင်ဂျင်များ၏ အားကို မြင်းကောင်ရေ (Horse Power)၊ ဂျင်နရေတာများ၏ အားကို ကီလိုဝပ် (kW) ဖြင့် ဖော်ပြသကဲ့သို့ Gyro Stabilizer များ၏ အားကို Angular momentum ဖြင့် ဖော်ပြသည်။ အဆိုပါ လည်ပတ်မှု့ကြောင့် Gyroscope ၏ အလည်ဗဟို ဆုံချက်နေရာမှ ၉၀ ဒီဂရီအတိုင်း အားတစ်ခု(Torque) ကို သက်ရောက်ဖြစ်ပေါ်စေသည်။ အဆိုပါဖြစ်ရပ်ကို “Precession” ဟုခေါ်သည်။ ဤအချက်ကို ရူပဗေဒဆိုင်ရာ သဘောတစ်ရားမျာဖြင့် ယခုအခန်းတွင် ရှင်းမပြတော့ပါ။ သို့သော် မြင်လွယ်အောင် စက်ဘီးတစ်စီး၏ စက်ဘီးခွေတစ်ခုနှင့် နှိုင်းယှဉ်ပြပါမည်။

အဆိုပါပုံတွင် ကလေးငယ်တစ်ယောက်သည် စက်ဘီးခွေ တစ်ခုကို ကိုင်ကာ ဘယ်ဘက် သို့မဟုတ် လက်ဝဲဘက်သို့ လည်ပတ်အောင် အားတစ်ခုဖြင့် လှည့်လိုက်သည်။ ထိုအချိန်တွင် စက်ဘီးခွေကို ရေပြင်ညီအတိုင်း လည်ပတ်နေစေသည် ဆိုပါစို့။ အထက်ပါ လည်ပတ်မှု့ကြောင့် စက်ဘီးခွေ၏ ၀န်ရိုးနေရာတွင် ၉၀ဒီဂရီ အတိုင်း အင်အားတစ်ခု (Torque) တစ်ခုဖြစ်ပေါ်လာပြီး အဆိုပါ အားသည် စက်ဘီးခွေကို ကိုင်ထားသောနေရာမှ ထိုလူငယ်လေး၏ ဝေးရာ ဆန့်ကျင်ဘက်ကို သက်ရောက်စေသည်။
ထို့အတူ အဆိုပါ စက်ဘီးခွေကို ညာဘက်သို့ လှည့်လိုက်ပါက အဆိုပါ Torque သည် လူငယ်လေးနှင့် နီးရာဆီသို့ သက်ရောက်စေမည်ဖြစ်သည်။ ထိုလည်ပတ်မှု့ကြောင့် ၉၀ဒီဂရီအတိုင်း ဖြစ်ပေါ်လာသော Turning Force၏ သက်ရောက်မှု့ကို Precession ဟုခေါ်ပါသည်။
Gyroscope တစ်ခု၏ သဘောတရားမှာလည်း ထိုနည်းတူဖြစ်သည်။ Gyroscope အပေါ်သက်ရောက်နေသော angular momentum များလာသည်နှင့် အမျှ turning torque သည်လည်း များလာမည်ဖြစ်သည်။ Angular momentum သည် လည်ပတ်မှု့မြန်ခြင်းမှသော်လည်းကောင်း၊ အစွန်းတစ်ဘက်ရှိ အလေးချိန် (peripheral weight) တိုးမြှင့်လာခြင်းကြောင့်သော်လည်းကောင်း သက်ရောက်နိုင်သည်။



ထိုသဘောတရားကို ၁၉၃၂ခုနှစ်တွင် တည်ဆောက်ခဲ့သော “ကွန်တီ ဒီ ဆာဗိုရာ” အမည်ရှိသင်္ဘောတွင် အသုံးပြုခဲ့သည်။ အလွန်ကြီးမားသော ၀န်ရိုးကို ဗဟိုပြုပြီး လည်ပတ်နိုင်သော Stabilizer ၃လုံးကို သင်္ဘော၏ center line တလျှောက် တပ်ဆင်ထားသည်။ ထို Stabilizer တစ်လုံးချင်းစီ၏ Spinning axis ခေါ် လည်ပတ်နိုင်သောအပိုင်းမှာ ဒေါင့်မတ် ၉၀ ဒီဂရီ (vertical) အတိုင်းဖြစ်သည်။ ထို့နောက် Gyroscope ထည့်ထားသော gimballed ကို သင်္ဘော၏ ဒေါင်လိုက် (Transverse or awartships) အတိုင်း တပ်ဆင်ထားသည်။ သင်္ဘော ဘယ်ညာလူးသော အခါ သင်္ဘော gyro၏ ၀န်ရိုးကို ကို ဘယ်ညာ ဖက် (တစ်ဖက်မှ တစ်ဖက်သို့) ရွှေ့လျှားစေသည်။ အဆိုပါရွှေ့လျှားမှု့မှတစ်ဆင့် ရှေ့ မှ နောက်သို့ လည်ပတ်မှု့ကိုဖြစ်ပေါ်စေသည်။ အထက်ပါရွေ့လျှားမှု့စနစ်သည် အထက်တွင်ဖော်ပြခဲ့သော စက်ဘီးခွေ လည်ပတ်မှု့ ပုံစံအတိုင်းပင်ဖြစ်သည်။

ကနဦး အသုံးပြုခဲ့သော Gyro Stabilizers များမှာ ကောင်းစွာ အလုပ်မဖြစ်ခဲ့ပေ။ ၄င်းတို့၏ ကြီးမားလေးလံသော Gyroscopic rotors များ၊ casing (အကာများ)၊ gyro အဖြစ်အသုံးပြုသော gimballed များကြောင့် သင်္ဘော၏ ကုန်သယ်ယူနိုင်သော ပမာဏကို လျှော့ကျစေသည်။ ထိုပြင့် ၄င်းတို့၏ ကြီးမားသော ကိုယ်ထည်များကြောင့် ခရီးသည်တင်ဆောင်မည့်နေရာများ၊ ကုန်စည်တင်ဆောင်နိုင်မည့်နေရာများကို လျှော့နည်းစေသည်။ ထို့ပြင် သင်္ဘောသည် rolling နှင့် pitching ဖြစ်နေသော အခြေအနေတွင် ဖြစ်ပေါ်လာသော မတည်ငြိမ်မှု့(unstable)ကိုထိန်းနိုင်ရန် သင်္ဘောတွင် တပ်ဆင်ထားသော Gyro Stabilizer ၏ အစိတ်အပိုင်းများကို လုံလောက်စွာလည်ပတ်စေရန် စွမ်းအင် အမြောက်အများ အသုံးပြုရန်လိုအပ်သည်။







အထက်ပါ အချက်များကြောင့် direct gyroscopic stabilization သည် သင်္ဘောများအတွက် မသင့်လျှော်ကြောင်းသိရှိခဲ့ပြီး အဆိုပါနည်းလမ်းကို ထပ်မံ အသုံးမပြုတော့ပေ။ နောက်ပိုင်းတွင် Fin ခေါ် သင်္ဘော၏ ဘေးဘက်တွင် တောင်ပံများတပ်ဆင်ထားသော Gyro Precession ကို အခြေခံသည့် နည်းလမ်းကို အသုံးပြုလာကြသည်။








အဆိုပါ Gyroscopic Stabilizer များတွင် လည်ပတ်စေသော ၀န်ရိုး (Spin axis)၊ Input axis နှင့် output axis ဟူသော ၀န်ရိုး ၃ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ အထက်တွင်ဖော်ပြခဲ့သည့် ကြီးမားသော Gyroscope များအစား သေးငယ်သော Gyroscope များကို Sensor များတပ်ဆင်ပြီး အသုံးပြုလာကြသည်။ သင်္ဘောတိမ်းစောင်းမှု့ကြောင့် angular acceleration ၏ အကျိုးသက်ရောက်မှု့ကြောင့် ဖြစ်ပေါ်လာသော တစ်ဘက်သို့တိမ်းစောင်သွားသည် ဒေါင့်

(tilt angle) ကို gyro မှတစ်ဆင့် Stabilizing Fins ခေါ် သင်္ဘောတည်ငြိမ်စေရန် သုံးသော တောင်ပံများစီးသို့ လျှပ်စစ် အချက်ပြ (Electrical signal) ဖြင့် ပို့ပေးသည်။
















Stabilizing fins ခေါ် တည်ငြိမ်မှု့အတွက် သုံးသော တောင်ပံများ၏ ပြုမူပုံမှာ လေယဉ်တောင်ပံများတွင် သုံးသော ailerons များအတိုင်းပင်ဖြစ်သည်။ အဆိုပါ တောင်ပံ အောက်သို့ ရိုက်ခတ်ပေးချိန်တွင် ရေစီးဆင်းမှု့ကို အောက်သို့ သက်ရောက်စေပြီး သင်္ဘောကို မတင်ပေးသည်။ အပေါ်သို့ ရိုက်ခတ်ပေးချိန်တွင် သင်္ဘောကို အောက်သို့ ဆွဲချပေးသည်။

















Gyro stabilizer များ၏ အားသာမှု့မှာ သင်္ဘောစတင်တိမ်းစောင်ချိန်မှာပင် တိမ်းစောင်းသည့်ပမာဏကို ချက်ချင်းသိရှိစေပြီး တောင်ပံများကို အသုံးပြုကာ သင်္ဘောကို stability ထိန်းညှိပေးခြင်ဖြစ်သည်။ အခြားသော Stability ထိန်းညှိပေးသော စနစ်များလည်းရှိသည်။ ဥပမာ - Flume Tank ဟုခေါ်သော စနစ်ဖြစ်သည်။ အဆိုပါစနစ်တွင် tank များအတွင်းရှိရေကို တစ်ဘက်မှ တစ်ဘက်သို့ ရွေ့ပြောင်းပေးခြင်းဖြင့် ထိန်းညှိပေးသည်။ သို့သော Gyro stabilizer များထက် အချိနပိုမိုကြာမြင့်သည်။
Gyro stabilizer များတွင် တပ်ဆင်သော တောင်ပံ (fins) များ၏ အရွယ်အစားနှင့် လည်ပတ်နိုင်မှု့ (ရိုက်ခတ်နိုင်မှု့) ကြိမ်နှုန်းသည် အဆိုပါတောင်ပံများ၏ ထိရောက်မှု့ (စွမ်းရည်)ကို အကျိုးသက်ရောက်မှု့ဖြစ်သည်။ သို့သော် အဆိုပါ တောင်ပံများ၏ ခံနိုင်ရည်နှင့် ရှုပ်ထွေးသော တည်ဆောက်မှု့တို့ကြောင့် အရွယ်အစားမှ ကန့်သတ်ချက်ရှိသည်။ တန်၃၀၀၀ ရှိသည် Ro-Ro carrier (ကားတင်သင်္ဘော) များတွင် ပုံမှန်အားဖြင့် ၄မီတာ အရှည်ရှိသော တောင်ပံများကို အသုံးပြုကြသည်။

အချို့သော သင်္ဘောများတွင် ကုန်တင်ဆောင်နေချိန်တွင် တစ်ဘက်မှ တစ်ဘက်သို့ တိမ်းစောင်းသွားသော အခြေအနေဖြစ်ပေါ်လေ့ရှိသည်။ အဆိုပါ အချိန်တွင် Gyro Stabilizer Fins များကို အသုံးပြုရန် မသင့်လျှော်ပေ။ အဘယ်ကြောင့်ဆိုသော် တောင်ပံများ၏ ပတ်ဝန်းကျင်တွင် ရေစီးဆင်းမှု့မရှိသောကြောင့် သင်္ဘောကို သက်ရောက်ရန် လုံလောက်သော velocity မရရှိသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် များသောအားဖြင့် anti-rolling tanks များကို အသုံးပြုပြီး သင်္ဘောကို ထိန်းညှိကြသည်။ ထိုအတူ gyro stabilizing fins များကို ရေခဲသော အာတိတ်ဒေသရပ်ဝန်းများသို့ သွားလာသော သင်္ဘောများတွင်လည်း အသုံးပြုရန် မသင့်လျှော်ပေ။


Ref: 1. The Management of Merchant Ship Stability, Trim and Strength by I. C. Clark (BSc, MSc and Master Mariner)
2. www.wikipedia.org


No comments:

Post a Comment