စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, November 29, 2011

အမှတ်တရ Keppel’ Nantong


        ဒီနေ့တော့ ကျွန်တော်တို့ ဆောက်နေတဲ့ သင်္ဘော ၉ စီးရဲ့ နောက်ဆုံးအစီးမြောက် သင်္ဘောကို Keppel’ Nantong က အောင်မြင်စွာ ဆောက်လုပ်ပြီိးစီးခဲ့ပါပြီ။  ဒါကြောင့် လက်စသပ်စရာလေးတွေ သပ်ပြီးရင် ကျွန်တော်လည်း နန်တုန်း မြို့ကနေ ထွက်ခွာပြီး သင်္ဘောအသစ်ဆောက်မယ့် တစ်ခြားနေရာကို သွားရတော့မှာပါ။
          ဒီကနေ့တော့ နောက်ဆုံးသင်္ဘော လက်လွှဲတဲ့ ပွဲလေးဖြစ်လေတော့ ကျွန်တော်တို့ သင်္ဘော ကုမ္ပဏီက လူကြီးမင်းများလည်း လက်မှတ်ထိုးဖို့ လာကြပါတယ်။  ကျင်းမှာလည်း သင်္ဘော ပြီးစီးပွဲလေး အကျဉ်းချုပ်လုပ်ပေးတာနဲ့ အမှတ်တရဓာတ်ပုံရိုက်ထားတာတွေ သိမ်းထားတဲ့အနေနဲ့ ပိုစ် တင်လိုက်ပါတယ်။


၉ စီးပြီးကြောင်း အမှတ်တရပွဲ

ဒါက လွန်ခဲ့သော ၃ လလောက် နောက်ဆုံးသင်္ဘော ရေမချခင်



ဒါကတော့ သင်္ဘောကျင်းက လက်ရှိဆောက်နေတဲ့ Floating Dock ရဲ့ ပထမပိုင်း ရေချဖို့ လုပ်နေတာ..ဒုတိယပိုင်းနဲ့ ပထပိုင်းက ရေချပြီးတော့မှ ဆက်မယ်....



ဒါက Thruster Room

ဒါက Engine Room

ဒါကတော့ Silent Room (ECR လို့ရယ်တော့ ပြောလို့မရဘူး Engine Control က Local control)





Keppel' နန်တုန်းက သင်္ဘောကျင်း ၀န်ထမ်းများ



ဒါကတော့ အမှတ်တရ အဖြစ် ကျွန်တော်တို့ကို iPad 2 တစ်ယောက်တစ်လုံး လက်ဆောင်ပေးနေတာ...

9 comments:

  1. သေချာတယ်နော် တိုက်တန်းမနစ်ဘူးမလား ဟိဟိ

    နေပါဦး နန်တုန်းမှာဆိုတော့ Tony Precision ကိုသိလားကိုအားထောင်
    များတို့ကုမဏီပေါ့ အဲဒါး)

    ReplyDelete
  2. တစ်ညလုံးမိန်းမကိုလွမ်းတယ်အကြောင်းပြပြီးမူးအောင်သောက်
    မနက်ကိုအလုပ်ဆင်း
    အဲဒီတော့နဲနဲပါးပါးမှားယွင်းမှုရှိမှာပဲ
    အဲဒီ သဘောင်္တွေမှတ်ထားရမယ် ရွှေဒိုးပြေသလိုပဲ
    တိုက်တန်းနစ် မနစ် များတို့မသိဘူးလေ
    ခင်ခင်မင်မင် jasmine

    ReplyDelete
  3. သြော်.. ကိုအောင်ထွဋ်က တရုတ်ရောက်နေတာကိုး.. ၉ စီးတောင်ရှိပြီလား.. ဆောက်တာ.. မိုက်တယ်ဗျာ..း)))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  4. ဟန်ကြည်November 29, 2011 at 9:11 PM

    သင်္ဘောကို တစ်စီးလုံးဆောက်ပြီးမှ ရေချတာမှတ်နေတာ တစ်ပိုင်းချင်းစီရေချမှန်း အခုမှပဲ သိတော့တယ်...ကိုယ်နဲ့ အကျွမ်းတ၀င်မဖြစ်တဲ့နယ်ပယ်ဖြစ်ပေမယ့် ပုံတွေကြည့်ပြီး တော်တော်စိတ်ဝင်စားမိတယ်...လူအင်အား စက်အင်အားတွေ အတော်သုံးယူရမယ်ထင်ပါရဲ့...စိတ်အ၀င်စားဆုံးကတော့ နောက်ဆုံးက ဓာတ်ပုံပဲ...အိုင်ပက်တစ်လုံးစီရတယ်ဆိုကိုး...

    ReplyDelete
  5. ဗဟုသုတရစေလို့ ကျေးကျေးပါနော်

    ReplyDelete
  6. ဟယ် လက်ဆောင်ရတဲ့ အိုင်ပက်လေးကို ကိုယ့်ဘလော်ဂါချင်းချင်း လက်ဆောင်ပြန်မပေးချင်ဘူးလားဟင်
    ဘယ်ပေးမလဲနော် ပေးရင် အိမ်ပြန်ရောက်တဲ့ခါ မိန်းမက ဗိုက်ခေါက်ဆွဲလိမ်မှာပေါ့..း)
    သဘောင်္ရေချပွဲက ပျော်စရာကြီး
    ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်ပါဝင်လုပ်ဆောင်လုပ်တဲ့ အလုပ်တစ်ခု ပြီးမြောက်သွားတာ တကယ်ကို ဝမ်းသာစရာပေါ့နော်.. Bravo...

    ReplyDelete
  7. လက်ဆောင်ရတဲ့ iPad 2 တရုတ်ကလုပ်တဲ့
    ဖုန်းဖြစ်မနေဖို့အရေးကြီးတယ်နော်..
    ပန်းသီးအစစ်ရော..ဟုတ်ရဲ့လား
    တော်ကြာတရုတ်ပန်းသီးကြီးဖြစ်နေမှာစိုးလို့..

    ReplyDelete
  8. အစ်ကိုရေ ဂုဏ်ယူပါတယ်နော်။ ဆက်လက်ပြီးအောင်မြင်မှုတွေ ရနိုင်ပါစေ။

    ReplyDelete
  9. မဒမ်... တိုင်းတန်းတော့ မနစ်ပါဘူးခင်ဗျာ။ သင်္ဘောကသေးတော့ တိုင်းတန်းနစ်လို့ ခါးကျိုးမှာ မပူရဘူး။ မဒမ် ရော ကျွန်တော့် သင်္ဘော မစီးချင်ဘူးလား ဟင် :)။ Tony Pricision ကိုတော့ ကျွန်တော်မသိပါဘူး ခင်ဗျာ

    မဂျက်စ် - ဟဲ ဟဲ အလုပ်လုပ်ချိန်ကျတော့ အလုပ်လုပ်ပါတယ် ခင်ဗျာ။ အလုပ်ပြီးရင်တော့ အလုပ်အကြောင်း ခေါင်းထဲမှာ မရှိတော့ပါဘူးခင်ဗျာ။ အများကြီးတော့ မမှားနိုင်ပါဘူးခင်ဗျာ... နည်းနည်းပါးပါးပေါ့ ဟီး ဟီး

    ကိုနေ၀သန် - လာလည်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

    ဦးဟန်ကြည် - နှစ်ပိုင်းခွဲတာက သင်္ဘောကျင်းရဲ့ Facility က တစ်စီးလုံး ရေချဖို့ မဖြစ်နိုင်လို့ပါခင်ဗျာ။ ဒါနဲ့ နှစ်ပိုင်းခွဲပြီး ရေချလိုက်ရတာပါ။

    ကိုလွင်ပြင် - ကျေးဇူးတင်ပါတယ်ခင်ဗျာ

    မချော - ဟီး ဟီး ဟုတ်ပ ကျွန်တော်လည်း အိမ်က မဒမ်ကို အဲ့ဒီ ကျောက်သင်ပုန်း ပေးမလို့ စိတ်ကူးနေတာ။

    မဂျယ်ရီ ပစ်ပစ် ခင်ဗျာ Assemble in China လို့ရေးထားတယ် :( ဟိုဟာသထဲကလိုဖြစ်နေပြီ God created the World, the rest are made in China ဆိုသလိုပေါ့ တရုတ်ထုတ် ပစ္စည်းနဲ့ ကင်းတဲ့ အသုံးအဆောင်က ခပ်ရှားရှားတယ်။

    ကိုမောင်မောင် - ကျေးဇူး အများကြီးတင်ပါတယ် ခင်ဗျာ။

    ReplyDelete