စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, February 3, 2012

အတွေ့အကြုံရှိတာ တစ်ပန်းသာတယ်၊ ဒါပေမယ့် ပညာရေးလက်မှတ်က ပိုထိရောက်တယ်


           ဒီပုံပြင်ကလေးက အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်က ရယ်စရာမောစရာပြောတာကို သဘောကျလို့ ဇာတ်အိမ်အကြမ်းလေး တည်ပြီးရေးလိုက်တာပါ။  မူရင်းက ဘယ်ကမှန်းတော့ မသိပေမယ့်၊ သူဖတ်ပြတာကတော့ မေးလ်ထဲကရတဲ့ တရုတ်စာနဲ့ ရေးထားတဲ့ဟာလေးပါ။
တစ်ခါတုန်းက ကိုဘမောင်ဆိုတာက နာမည်ကြီး ဓားပြ၊ တပည့်တပန်းကလည်း များလေတော့ သူ့ ဓားပြအဖွဲ့ကြီးက စည်စည်ကားကားကြီးပေါ့လေ။  သို့ပေမယ့် ကိုဘမောင်ဟာ အတန်းပညာတော့ မတတ်ရှာပေဘူး။  တစ်ခုခုမေးကြည့်ပါလား “ဒီမှာ ဘာမောင်တို့က လက်ရဲတယ်၊ ဓားထိုးပက်စက်တယ်၊ ခေါင်းခြောက်စရာတွေ လာမမေးနဲ့ မိုက်လို့ ဓားပြဖြစ်နေတာ” လို့ ပြန်ပြောလိမ့်မယ်။
 ဒီလိုနဲ့ တစ်နေ့ကျတော့ ဘမောင်တို့ လူစု အစိုးရ ဘဏ်တစ်ခုကို ၀င်ပြီးတော့ ဓားပြတိုက်ကြပါလေရော…..

 “လက်မြှောက် မလှုပ်နဲ့၊  စဉ်းစားကြည့်စမ်း ပိုက်ဆံက နိုင်ငံတော်ပိုင်တာ၊ အသက်က ခင်ဗျားပိုင်တာ ကြိုက်တာကိုရွေး” ဆိုပြီး ကိုဘမောင်က ခပ်တည်တည်နဲ့ ပြောလောတော့ ဟိုကလည်း သူ့အသက် သူချစ်လေတော့ ပိုက်ဆံထုတ်တွေ ပေးလိုက်သတဲ့။

ဒါနဲ့ ဓားပြတိုက်ပြီး ပြန်လာတော့ သူ့တပည့်တွေက ဆရာကြီးကို “ဆရာကြီး ကိုဘမောင်၊ ကျွန်တော်တို့ တိုက်ခဲ့တာ ဘယ်လောက်တောင်ရသတုန်း ဗျ” လို့ မေးပါသတဲ့။

ကိုဘမောင်က “ဟဲ့ကောင် ငတုံးတွေ၊ ပိုက်ဆံက ဘယ်လောက်လဲ စစ်စရာကို မလိုတာ… မနက်ဖြန် သတင်းစာထဲကို ကြည့် ငါတို့ တိုက်လို့ ငွေ ဘယ်လောက် ဘဏ်က ပါသွားသလဲဆိုတာ သိမှာပေါ့ ဟ” လို့ ပြန်ဖြေတယ်ဆိုရင်ပဲ တပည့်တွေက အော်.. ဒါကြောင့် ဘမောင်၊ ဘမောင်လို့ နာမည်ကြီးနေတာကိုးလို့ ချီးမွန်းလေသတဲ့။

အဲ့ဒီအချိန်မှာပဲ ဓားပြတိုက်ခံလိုက်ရတဲ့ ငွေကိုင်စာရေးလေးက သူ့မန်ဂျာဆီသွားပြီးတော့ 
“ဆရာရေ… ခု ကျွန်တော်တို့ဘဏ်ကနေပြီးတော့ သိန်း ၂၀ ဖိုး ဓားပြတိုက်ခံလိုက်ရတဲ့ အကြောင်းကိုတော့ ချက်ချင်း ရဲစခန်းကို အကြောင်းကြားမှဖြစ်မယ်” လို့ဆိုလေတော့

“ဟဲ့ကောင် ငတုန်း၊ နလပိန်းတုန်း၊  အထူအပါးနာမလည်တဲ့ အကောင်၊  ခုအတိုက်ခံလိုက်ရတာ သိန်း ၂၀၊  အဲ့ဒါမျိုးကို သိန်း ၇၀ ပါသွားတယ်လို့ သတင်းပို့ရတယ် ဒါမှ ငါတို့ ဖျောင်ထားတဲ့ သိန်း ၅၀ က စာရင်းပျောက်သွားမှာ”လို့ ဆိုလေသတဲ့။

                ဒီလိုနဲ့ နောက်နေ့ သတင်းစာထွက်လာတော့ သိန်း ၇၀ ဖိုး ဓားပြအတိုက်ခံလိုက်ရတဲ့ အကြောင်းပါလာလေသကိုး။ အဲ့ဒီလိုနဲ့ ဓားပြတွေ ငွေဝေစုခွဲတဲ့ အချိန်ရောက်တော့ မှ သိန်း ၂၀ ပဲ ရှိတာကို သိလိုက်ရတဲ့ ကိုဘမောင် တစ်ယောက်ကတော့ ဒီလိုလေး ငိုသံကြီးနဲ့ ပြောလိုက်လေသတဲ့
“သြော်….ငါတို့မှာတော့ အသက်စွန့်ပြီး တိုက်လိုက်ရတာ၊ တစ်ကယ်တမ်းရတော့ သိန်း ၂၀။  ဟို မန်နေဂျာဆိုတဲ့ အကောင်ကတော့ စားပွဲပေါ်မှာ ကော်ဖီလေးသောက်ပြီး ရသွားတာက သိန်း ၅၀၊  ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ……”

7 comments:

  1. တော်တော်သဘောကျတယ်ဗျိုးးးးးဟဟဟဟ

    နေပါဦး ကိုဘမောင်ရဲ့ အဲလေ ကိုအားထောင်ရဲ့
    ဘယ်မလဲ နတ်ကတော်ပါပု ဘယ်ရောက်နေပြန်သတုံး
    ရောင်းစားပစ်လိုက်ပီလားး))))

    ReplyDelete
  2. ကိုလွင်ပြင် - လင့်ပြောင်းချိတ်ပြီးပါကြောင်းခင်ဗျာ....
    မဒမ်ကိုး - ရေးနေတုန်း၊ မပြီးသေးလို့ ပါခင်ည၊ ကျွန်တော်ပြီးတာနဲ့တင်ပေးပါ့မယ်။

    ReplyDelete
  3. မအားတဲ့ကြားက အားရပါးရကိုရယ်မိတယ်

    ReplyDelete
  4. ကိုကိုမောင်(ပန်းရနံ့)February 3, 2012 at 8:36 PM

    ဒီမှာ ဘဏ်မန်နေဂျာအောင်ထွတ်... အဲလေ.. ဆားပုလင်း အောင်ထွတ်။

    နတ်ရုပ်ကြီးကို ဆားပုလင်းကလဲ လက်စဖျောက်လိုက်ပြီမဟုတ်လား။း)

    ReplyDelete
  5. ;) ဟားဟားး)း) ရယ်ရတယ်ဗျို့း)း)
    လိမ်တဲ့သူနဲ့ တိုက်တဲ့သူ သြော် လောဘကိုးဗျာ့
    ဓါးပြတွေ ခွဲတမ်းခွဲတော့ ပြသာနာတက်အုံးမယ်း)း)


    မောင်ဘကြိုင်

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete