စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, April 6, 2012

စမ်းကြဦးမလား ဓားမ ကုထုံး


          "တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း" ဆိုသလိုပဲ နိုင်ငံတွေမှာလည်း ကျန်းမာရေးနဲ့ ပတ်သတ်ပြီးတော့ ကုထုံး အမျိုးမျိုးရှိကြပါတယ်။  ထိုင်ဝမ်နိုင်ငံက ကုထုံးကတော့ အများနဲ့မတူ တမူထူးတဲ့ ဓားမကုထုံးပါတဲ့။  ဓားမ ကုထုံးက လွယ်ပါတယ် ဆရာဝန်က လူနာကို ဓားမ တစ်ချောင်း ဒါမှမဟုတ် တစ်ခါတစ်လေ ၂ ချောင်းသုံးပြီးတော့ လူနာကို ဓားသွား ထက်ထက်နဲ့ ခြစ်ခြင်းပဲ ဖြစ်ပါသတဲ့။  ဒါဟာ အရေပြား နဲ့ ကြွက်သားတွေကို  ဖြေလျှော့စေပြီးတော့ ကျန်းမာရေးကောင်းစေပါသတဲ့။  ရှင်ချူးက မြို့တော်ဝန်တောင် ရွေးကောက်ပွဲနီးတုန်းက ဖိအားတွေများလို့ အဆိုပါ ဓားမ ကုထုံး ခံယူဖူးပါသတဲ့။  သူ့အဆိုအရတော့ အတော် ကောင်းတယ်ဆိုပဲ။  ကျွန်တော်တို့ဆီမှာတော့ ကမာခြစ်တာလား ဘာလား ခေါ်ကြတယ် ထင်ပါတယ်၊ ဇွန်းတို့ ကျားဘမ်းဘူး အခွံတို့နဲ့ ကျောကို ခြစ်တာမျိုး ထင်ပါတယ်။ 
          ဒီကုထုံးကုသချိန်ဟာ ၁၀ မိနစ်ကျမြင့်ပြီး ကျသင့်ငွေ  ၃.၃ ဒေါ်လာ လောက်ရှိတယ်လို့ဆိုပါတယ်။  ကုထုံးကောင်းမကောင်းတော့မသိဘူး၊ ကျွန်တော်ဆိုရင်တော့ မျက်နှာနားမှာ ဓားမတွေ ၀ဲနေလို့ အသဲယားလိုက်မယ့်ဖြစ်ခြင်း။  ဒါ့ကြောင့်လည်း အကြောတွေ ပြေသွားတယ်လို့ ဆိုကြတယ် ထင်ပ။

Source : (Link)

5 comments:

  1. ဟုတ်ပါ့ ...

    အရှေ့မှာ ဓါးတွေ ၀ီး ကနဲ .. ၀ီးကနဲ မြင်နေ .
    အသံတွေ ကြားရုံနဲ့တင် .. ဟီး ဟီး ..

    အမ သူငယ်ချင်း (ကချင်) ဂွန်ဆန်လည်း နေမကောင်းရင် သံဗူး အဖုံးနဲ့ ဂုတ် (လည်ပင်း) တို့ ကျောကုန်းတို့ကို ဆားခြစ်တယ် ...
    အဲလိုမျိုး ခြစ်လိုက်ရင် လူက တော်တော် နေကောင်းသွားတယ် ပြောတယ် ...
    အမ ... အထင် သွေးပုတ်တွေ ... အခိုးပုတ်တွေ .. ထွက်သွားတာလား လို့ ...

    ကိုရီးယားကျတော့ လက်ညိုးထိပ်မှာ အပ်နဲ့ ဖောက်ပီး သွေးပုတ် ထုတ်တာ ရုပ်ရှင်ကားတွေမှာ ကြည့်ဖူးတယ် ...

    ရန်ကုန် ... အာရှတော်ဝင်ဆေးရုံမှာ ... သွေးထုတ်တာလည်း တွေ့ဖူးတယ် .... တခါ ထုတ်ရင် ၂သောင်းနီးပါးပဲ ... ( အရင်ဈေးနှုန်း .. အခုတော့ မသိဘူး )

    ဆရာ ... ကလေး အထူးကု သမားတော် ဒေါက်တာ ရဲမြင့်ကျော် က ... သူ့ ကုပေးတဲ့ ကလေး .. သွေးလွန်တုပ်ကွေး ဖြစ်နေတာကို အမေက ဆားခြစ်တယ် ... ကလေးက ထွက်ပြေးတယ် ... ကလေးက အရမ်း ကိုယ်ပူနေတယ် ... အတင်း ချုပ်ပီး ကလေးကို ဆားခြစ်တာ .. ကလေးက ပိုးဝင်ပီး သေသွားလို့ ... ဆရာက MRTV 4 ကနေ ... ကလေးတွေကို အဲလိုမျိုး မလုပ်ဖို့ ပြောတာ ကြည့်ဖူးပါတယ် ...

    အမကတော့ ... ဆားခြစ်တဲ့ ရိုးရာ ကုထုံးက မှ တော်သေးတယ် ..

    ဒီလိုမျိုး ဓါးခြစ် ကတော့ ဘုရား ... ဘုရား ...

    ReplyDelete
    Replies
    1. ဟုတ်ပ အမရေ.. ဓါးကြီး မျက်နှာနား တစ်ဝဲ၀ဲနဲ့ အသဲယားလိုက်မယ့် ဖြစ်ခြင်း။ တစ်ချို့ မြန်မာပြည်ကရွာတွေမှာလည်း မြွေကိုက်ရင် အဆိပ်တွေထွက်အောင်ဆိုပြီး တစ်ကိုယ်လုံးကို ဓားနဲ့ မွှန်းတဲ့ အယူအဆက ရှိသေးတယ်.. မြွေဟောက်လိုမျိုး သွေးထွက်လွန်စေတဲ့ အဆိပ်ပါတဲ့ မြွေမျိုးအကိုက်ခံရရင် သွေးထွက်လွန်တာရော၊ မေးခိုင်ပိုးဝင်တာရောနဲ့ လူနာတွေ ဒုက္ခ ရောက်ကြတယ်လို့ ကျွန်တော့် မဒမ်ကတောင် ပြောနေသေးတယ်... ရိုးရာပေမယ့် ပယ်သင့်တာပယ်၊ သုံးသင့်တာ သုံးသင့်တယ်လို့ ကျွန်တော်ကတော့ ထင်တာပဲ။

      Delete
  2. သားသားကတော့ ကြောက်ကြောက်

    ReplyDelete
    Replies
    1. ကြောက်ပါနဲ့... ကိုလွင်ပြင်ရယ်... ဗိုလ်အောင်ဒင် ကဘာမှ လုပ်ပါဝူး... :P

      Delete
  3. ရှမ်းပြည်မှာနေတုန်းကတော့ (မက်ကလောင်) ခြစ်တာခံရဘူးတယ် ကိုယ်ခန္ဓာကိုဆီ သုပ်ပြီခြစ်တာပါ
    တစ်ကယ်သက်သာတယ် သူတို့စီမှာဖျားတာ၊ဗိုက်အောင့်တာ၊အကျောတက်၊ အဲလိုနည်းနဲ့ပဲ ကုကျတာ..
    .ကျွန်တော်သိသလောက် အေးတဲ့ ဒေသတွေမှာပဲ ဖြစ်လေ့ဖြစ်ထ ရှီတယ်ထင်တယ်
    (မက်ကလောင်) မိပြီဆိုရင်တော့ သွေးခြင်းခြင်း ရဲအောင် ခြစ်ကိုခြစ်ရမှ
    နို့မို့ဆို သေတဲ့အထိ ပါ ဖြစ်နိုင်တယ်လို့ ..အဆိုရှီပါတယ်..ကိုယ်တိုင်လည်းကြုံဘူးခဲ့တာပါ..

    (ဒုတိယ)

    ReplyDelete