စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, April 16, 2012

စွန့်စွန့်စားစား ဗီယက်နမ်က ရဲသား

          ဗီယက်နမ်က ဒုရဲအုပ် ငုယင် မန်ဖန်း တစ်ယောက်ကတော့ စွန့်စွန့်စားစား လို့ပဲ ပြောရမလား ဒီနေ့ တွတ်ပီ ကံမကောင်းပါလားလို့ပဲ ပြောရမလိုပါပဲ။  အဆိုပါရဲသားဟာ ခရီးသည် ၃၉ ယောက်စီးနင်းလို့ရတဲ့ ဘက်စ်ကားတစ်စီးရဲ့ ဒရိုင်ဘာကို စာရွက်စာတမ်းတွေ စစ်ဆေးဖို့ ရပ်ခိုင်းခဲ့ပါတယ်။  ဒါပေမယ့် ဒရိုင်ဘာက စာရွက်စာတမ်းတွေလည်း မပေး၊ ကားကိုလဲ ရပ်မပေးပဲ မောင်းပြေးတဲ့ အခါမှာတော့ ကိုရွှေရဲတစ်ယောက် ကားရှေ့က ဘန်ဘာပေါ် ခြေထောက်တင်၊ ၀ိုက်ပါကို လက်ကကိုင်လို့ ဒရိုင်ဘာမောင်းသမျှ ခရီးတစ်လျှောက် ကားယားကြီးကို ပါသွားတာပါ။  ဒရိုင်ဘာကလည်း တစ်နာရီကို ကီလို ၅၀ လောက်အထိရောက်အောင် မောင်းခဲ့တယ်လို့ဆိုပါတယ်။  ကိုရွှေရဲခမျာမှာတော့ “ရဲကို ခေါ်ပေးကြပါ” လို့ အော်ရင်းတန်းလန်းနဲ့ ဘက်စ်ကားသွားလေရာ ကားယားကြီး ပါသွားရှာပါသတဲ့။
          ဒရိုင်ဘာ ဖောင်ဟွန်ဖျောင်းကိုတော့ ရဲတွေရော၊ ပြည်သူတွေရောပါ ၀ိုင်းပြီး ကားရပ်ခိုင်းကာ ကားပေါ်က ဆွဲချခဲ့ရတယ်လို့ဆိုပါတယ်။  ဒီလိုမောင်းပြေးတဲ့အတွက် ဒရိုင်ဘာကတော့ ၃ နှစ် အများဆုံး ထောင်ဒဏ်ခံရဖွယ်ရှိပါတယ်။  ယခင်ကလည်း ဒီဒရိုင်ဘာဟာ ကားတိုက်မှု့အတွက် ထောင် ၄ နှစ်ကျဖူးပြီး ၂၀၁၀ခုနှစ်ကမှ လွတ်လာခဲ့တယ်လို့ဆိုပါတယ်။  သြော်... ရဲကလည်း ရဲ တက်စရာရှားလို့ ကားရှေ့ကိုမှ သွားတက်၊ ဒရိုင်ဘာကလည်း ဒရိုင်ဘာ။  အောက်က YouTube မှာတော့ ကိုရွှေရဲရဲ့ အဖြစ်သနစ်ကို ရှု့စားနိုင်ပါတယ်။

Source : (Link)

5 comments:

  1. ဖစ်မှဖစ်ရလေ ကိုရွှေ့ရဲရယ် ဟစ် ဟစ်း)))

    ReplyDelete
  2. ဟီးရိုးရဲပဲဟး)

    မောင်ဘကြိုင်

    ReplyDelete
  3. အတော်တော့ သတ္တိကောင်းတာပဲ
    သူမို့လို့ဟယ်---

    ReplyDelete
  4. ရဲ လိုက်တဲ့ အာဂ ရဲပါပဲလားး)


    (ဒုတိယ)

    ReplyDelete
  5. ဟီးရိုးပါပဲလား.. :P..

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete