စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, April 29, 2012

လမ်းခွဲရက်သူမို့ သွားတွေအကုန်နှုတ်ပစ်လိုက်သည့် သွားဆရာဝန်မလေး


          လူတစ်ချို့ကျတော့ အချစ်ကြီးရင်တော့ အမျက်ကြီးတတ်တာလေမို့ ထားသွားရက်တဲ့ ချစ်သူကို အမုန်းမပြေ လက်စားချေချင်ကြတာ ဆန္ဒန်ဆင်မင်း ၀တ္တုထဲက စူဋ္ဌသုဘဒ္ဒါလိုပေါ့လေ။  ဟောဒီမှာတော့ ထူးထူးခြားခြား သွားဆရာဝန်မလေးက သူ့ကို ပစ်သွားတဲ့ ချစ်သူကို လက်စားချေတဲ့ အနေနဲ့ ကျွမ်းကျင်ရာ လိမ်မာရာဆိုသလို သူကျွမ်းကျင်တဲ့ သွားပညာနဲ့ အံပုံတပ်ကာ တစ်သက်လုံး နေလေရော့ဟယ်ဆိုပြီး သွားတွေ တစ်ချောင်းမကျန် နှုတ်ပစ်လိုက်ပါသတဲ့။

          ပိုလန်နိုင်ငံသူ အသက် ၃၄ နှစ်ရှိတဲ့ အန်နာ မက်ကိုဝခ် ဟာ သူ့ချစ်သူ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ မာရက် အိုဇူစကီးကို သူမကိုထားရစ် နောက်တစ်ယောက်နဲ့ ချစ်လို့ လမ်းခွဲပြီး နောက်တစ်နေ့မှာပဲ ချစ်သူကို မေ့ဆေးပေးကာ သွားတွေ တစ်ချောင်းမကျန် နှုတ်ပြီး လှလှပပလက်စား ချေလိုက်လို့ ထောင်ဒဏ်ခံရတော့မှာဖြစ်ပါသတဲ့။  သွားတွေနှုတ်လဲပြီးရော ခေါင်းကို ပတ်တီးဖွေးနေအောင်စီးလို့ ပါးစပ်ပါ ဟမရအောင် ပတ်တီးဆို့လို့ ထားရစ်ပါတယ်။  အိုဇူစကီးကတော့ “ကျွန်တော်နိုးလာတော့ တစ်ခုခုမှားနေတယ်ဆိုတာသိလိုက်တယ်။  ကျွန်တော့ပါးစပ်ထဲမှာ သွားတွေမရှိတော့ဘူး၊  ခေါင်းတစ်ခုလုံးကိုလဲ ပတ်တီးတွေနဲ့ စီးထားတာခံရတယ်” လို့ ဆိုပါတယ်။

          “သူမကတော့ ကျွန်တော့်ပါးစပ်ဟာ ထုံနေလို့ ခုလောလောဆယ် ဘာမှ ခံစားရမှာ မဟုတ်ဘူး။  ဒါပေမယ့် အထူးကုဆရာဝန်နဲ့ သွားတွေ့ရမယ်လို့ပြောပါတယ်။  ကျွန်တော်ကတော့ သူမကို ပရောဖက်ရှင်နယ်တစ်ယောက်ဖြစ်လို့ ဒီလောက်အထိ ရက်ရက်စက်စက်လုပ်လိမ့်မယ်လို့ ထင်မထားခဲ့တာပါ။  ဒါပေမယ့် အိမ်ပြန်ရောက်လို့ မှန်ရှေ့မှာ ပါးစပ်ဟကြည့်လိုက်တော့ ဒီကောင်မက ကျွန်တော့် ပါးစပ်ထဲကသွားတွေ တစ်ချောင်းမကျန်နှုတ်ပစ်လိုက်တာပါပဲ။  ခုတော့ ကျွန်တော့်ရည်းစားအသစ်လဲ ကျွန်တော့်မှာ သွားတစ်ချောင်းမှ မရှိတော့လို့ ကျွန်တော့်ကို ပစ်သွားပြီ” လို့ ၀မ်းနည်းပက်လက် ထပ်လောင်းပြောကြားသွားပါတယ်။
          လက်စားအချေကောင်းတဲ့ သွားဆရာဝန်မလေး မက်ကိုဝခ်ကတော့ ၃ နှစ် ထောင်ဒဏ်ခံရဖွယ်ရှိတယ်လို့ ဆိုသွားပါတယ်။  ကဲ.. ကို့လူတို့… ချစ်သူရှာထား အရွေးမမှားရအောင် သွားဆရာဝန်မကလေးတွေများ ကြိုက်မိရင်တော့ သစ္စာရှိကြဖို့ တိုက်တွန်းပါရစေ။  မဟုတ်ရင်တော့ အံပုံနဲ့ညား တစ်သက်လုံး ပါးခွက်ခွက်ကြီး ဖြစ်နေပါဦးမယ်။

Source : (Link)
          

7 comments:

  1. တော်သေးတာပေါ့ သွားတော့မယ့်သူကို သွားတွေပဲ နုပ်ပေးလိုက်လို့
    ခေါင်းဖြက် မသွားတာ ကံကောင်းတယ်မှက်း)

    ReplyDelete
  2. ဟန်ကြည်April 29, 2012 at 1:31 PM

    အင်း...သွားဆရာဝန်မို့သာပေါ့...ဦးဏှောက်နဲ့ အာရုံကြော အထူးကုသာဆိုရင် ဘယ့်နှယ်များလုပ်မယ် မတွေးတတ်ဘူး...

    ဒါနဲ့...ဟိုမောင်မင်းကြီးသားက နောက်တစ်ယောက်နဲ့ တွဲနေပါလျက်နဲ့ ဘာဖြစ်လို့ အရင်ရည်းစားဆီ ပြန်လာသလဲ မပြောတတ်ဘူး...နာချင်လို့နဲ့ တူပါရဲ့...

    ReplyDelete
  3. ဟုတ်တယ် လုပ်ရမယ် သစ္စာဖောက်တဲ့သူတွေ

    ReplyDelete
  4. :)... ထူးထူးဆန်းဆန်းပါလား.... သွားမရှိပဲ ဘယ်လိုနေရပါ့နော်..း)

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  5. တိန်
    ဟီးဟီး သွားတွေဆိုတော့ အခံခက်ပေမယ့် ခံသာသေးတာပေါ့
    ဒီလူနောက်တော့ တစိမ့်စိမ့်တွေးပြီး သွားတွေမို့တော်သေးတယ် လုပ်နေမှာပါး)
    ဟီးး)း)

    ReplyDelete
  6. အမျိုးသမီးလေးလည်း အချစ်စိတ်မွှန်ပြီး ဒေါသတကြီး အညှိုးထားမိဟန် တူပါတယ်။ ဒါပေမယ့် သူ့ကို ထောင်၃နှစ်ချမယ်ဆိုတာတော့ များလွန်းပါတယ်။

    လေးစားစွာဖြင့်
    မြတ်

    ReplyDelete