စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, April 25, 2012

တောင်ကိုရီယားက အကျဉ်းထောင်စောင့် စက်ရုပ်


          ငယ်ငယ်တုန်းက ကလေးတွေ အသဲစွဲ အာနိုးမင်းသားကြီးရဲ့ တာမီနေတာ စက်ရုပ်ကားကို ကြည့်ဖူးကြမှာပါ။  ခုတော့ တောင်ကိုရီးယားနိုင်ငံမှာ အကျဉ်းထောင်စောင့်မယ့် စက်ရုပ်တွေကို တီထွင်လိုက်ပါပြီတဲ့။  ဒီစက်ရုပ်မှာ 3D ကင်မရာတွေ တပ်ဆင်ထားပြီးတော့ လူသားတွေရဲ့ အပြုအမူ ခံစားမှု့တွေကို နားလည်နိုင်စေမယ့် အထူး ဆော့ဖ်ဝဲ ထည့်သွင်းထားတယ်လို့ဆိုပါတယ်။  ဒါကြောင့် အပြုအမူ မူမမှန်တဲ့ အကျဉ်းသားတွေကို တွေ့ရင် ထိုအကျဉ်းသား မဟုတ်တာ မလုပ်ခင်အချိန်မှာပဲ စက်ရုပ်ထိန်းတဲ့လူထံ ထောင်စောင့် စက်ရုပ်က သတင်းပို့မှာ ဖြစ်ပါသတဲ့။ 
          စက်ရုပ်ဖြစ်လေတော့ လူတွေလို ညောင်းတာတွေဘာတွေ မရှိပဲ တက်တက်ကြွကြွနဲ့ တစ်နေ့လုံး အကျဉ်းသားတွေကို လှည့်ပတ်စောင့်ကြည်နေနိုင်မှာပါ။  ဒါပေမယ့် စက်ရုပ်ထိန်းတဲ့လူ အိပ်ငိုက်နေရင်တော့ မပြောတတ်ဖူးပေါ့လေ။  ဒီစက်ရုပ်ကိုတော့ wi-fi နဲ့ စက်ရုပ်မောင်းတဲ့လူက အခန်းထဲကနေ ထိန်းကျောင်းနိုင်တယ်လို့ ဆိုထားပါသတဲ့။ 

Source : (Link)

1 comment:

  1. တီထွင်မှုတွေ လွဲမှားပြီး တစ်ချိန်ချိန်မှာ လူသားတွေကို စက်ရုံတွေက ပြန်အုပ်ချုပ်သွားမှာစိုးရတယ်။ ရုပ်ရှင်တွေကြည့်လိုက်တိုင်းလည်း လူသားတွေကို မျောက်တွေ၊ စက်ရုပ်တွေ၊ ဂြိုဟ်သားတွေက အမိန့်ပေးတာချည်း ကြည့်နေရလို့ပါမောင်အောင်ထွဋ်ရေ :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete