စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, April 7, 2012

ထူးထူးခြားခြား ဖိလစ်ပိုင်က Good Friday ပွဲတော်

          ဖိလစ်ပိုင်နိုင်ငံမှာတော့ ယေရှု့ကိုယ်တော်ရဲ့ လူသားတို့အတွက် အပြစ်ခံယူခြင်း အထိမ်းအမှတ်အဖြစ် Good Friday မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပနေကြ ပွဲတော်ကို ဆင်နွှဲကြပါတယ်။  ဒါကတော့ ယေရှု့ကိုယ်တော်ရဲ့ လူသားတို့အပေါ် အနစ်နာခံ ကယ်တင်မှု့ကို ဖော်ပြတဲ့အနေနဲ့ မိမိကိုယ်ကို ကားစင်တက်ပြီး သံများ ရိုက်သွင်းခံခြင်းပဲ ဖြစ်ပါတယ်။
 ကက်သလစ် ဘုရားရှိခိုးကျောင်းဝန်းအတွင်း ဖိလိပိုင် အမျိုးသားတစ်ဦး ခြေ၊လက်များကို သံရိုက်သွင်း ခံနေပုံ


 Jon Jon Tanael ဆိုတဲ့ ဖိလစ်ပိုင်အမျိုးသားကတော့ သူ့လက်ကို သံရိုက်သွင်းနေတာကို ကြည့်နေတဲ့ ပုံဖြစ်ပါတယ်။  ၃ လက်မရှည်တဲ့ သံချောင်းကို တူနဲ့ ရိုက်သွင်းတာဖြစ်ပါတယ်။  Good Friday မှာတော့ ၈၀ ရာခိုင်နှုန်းကျော်သော ဖိလစ်ပိုင်လူမျိုးတွေဟာ ကက်သလစ် ဘာသာ ကိုးကွယ်ကြပါတယ်။
ဘူလာကန် ဒေသ၊ ပိုအမ်ဘောင်က  ဖိလစ်ပိုင် အမျိုးသမီးတစ်ဦး ခြေထောက်ထဲသို့ သံချောင်းရိုက်သွင်းခံယူနေစဉ်


 ပါစီ ဗလန်စီယာဆိုသူ အသက် ၄၁ နှစ်ရှိတဲ့ အမျိုးသမီးတစ်ဦး သူမ ကားစင်တင်နေတုန်း လက်တွင်းသို့ သံချောင်း ရိုက်သွင်းထားပုံ

Source : (Link)




5 comments:

  1. အမ်မလေးဗျာ့
    ကြောက်တယ်
    သရို့ယုံကြည်ချက်ကလဲ အံ့လောက်ပါရဲ့
    ရင်ထိတ်တာာ



    မောင်ဘကြိုင်

    ReplyDelete
  2. သင့်တောင့်သက်တာတော့ဘယ်လိုမှရှိမှာမဟုတ်ဘူး
    ဒါပေမယ့်လဲ
    သူတို့ယုံကြည်ရာပေါ့နော် ထူးဆန်းတာတော့အမှန်ပဲ

    ReplyDelete
  3. အဲဗျာ.. အသေသက်လိုက်ရင်
    ပိုပြီး အဓိပ္ပွါယ် ရှီမှာ..း)

    (ဒုတိယ)

    ReplyDelete
  4. အိုးး တစ်ကယ်ကို ဆန်းကြည်တာဘဲ။ တစ်ခါမှ မကြားဖူးဘူး။ အစ်ကို ရေ ကျေးဇူးပါဘဲ။

    ReplyDelete
  5. လူတွေအစွန်းရောက်နေကြကြောင်သူတို့ကိုသူတို့နာလည်လာဖို့ဘယ်သူတွေလုပ်ဆောင်ပေးကြမှာလဲ

    ReplyDelete