စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, April 23, 2012

Punk စတိုင်လ် ဆံပင်ထောင် အနီဆိုးလို့ ငှက်နဲ့မှားပြီး သေနတ်ပစ်ခံလိုက်ရတဲ့ မမ


          ကော်လိုရာဒိုက အသက် ၂၃ နှစ်ရှိတဲ့ မချောတစ်ယောက်ကတော့ ပန့်ကေ ညှပ်ပြီး (Mohawk) ဆံပင်အနီဆိုးထားတာကို ငှက်ထင်လို့ ခေါင်းကို သေနတ်နဲ့ အပစ်ခံရပါသတဲ့။  ပစ်တဲ့သူကတော့ သူ့ကြောင်တွေကို အမြဲတမ်းလာနှောက်ယှက်နေတဲ့ အမွေးနီငှက်ကို ပစ်ဖို့ထွက်လာရင်း တောင်စောင်းပေါ်မှာ ထိုမမရဲ့ ဆံကေသာနီနီ အလှကို ငှက်နဲ့မှားပြီး သူ့ရဲ့ ဒသမ ၂၂ ကယ်လီဘရာ ရိုင်ဖယ်နဲ့ဆော်လိုက်မိတယ်လို့ ဆိုနေပါတယ်။   ရော့ခ်ဝဲကတော့ ပေ ၉၀ အကွာကနေ ဒီ အနီရောင် ထောင်ထောင်၊ ထောင်ထောင်ကို ငှက်အမှတ်နဲ့ ပစ်ပြီးတော့မှ မိန်းမအော်ငြီးသံကြားလို့ မှားပစ်မိမှန်းသိပါသတဲ့။  အသက် ၄၂ နှစ်ရှိတဲ့ ငှက်ပစ်ကောင်းသူ ဒါရေး ရော့ခ်ဝဲလ်ကိုတော့ လျှော်ကြေး ငွေ ဒေါ်လာ ၁သောင်း ပေးဆောင်စေပြီးတော့ သေနတ်ကိုင်ခွင့် ပိတ်လိုက်ပါသတဲ့။   ဒီအပြင် သူ့အပြုအမူကိုလဲ ၅ နှစ် စောင့်ကြည်မှာဖြစ်တယ်လို့ ဆိုပါတယ်။  အဆိုပါ ဆံနီ မမ ကတော့ ခေါင်းကို သေနတ်နဲ့ အပစ်ခံရပေမယ့် မသေခဲ့ဘူးတဲ့။

Source : (Link)

6 comments:

  1. aww.. အံ့ရောပဲ..း).. ဘာပြောရမှန်းတောင်မသိတော့ဘူး.. :P

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  2. ညကလာဖတ်သွားတာ မန့်မရလို့ ဟဲဟဲ

    လုပ်ကြည့်ရင်ကောင်းမလားလို့ စဉ်းစားနေတယ်း)

    ခင်မင်လျှက်

    ဂျာရစ်

    ReplyDelete
  3. ကြက်အမောက်နဲ့ လည်း တူသလိုလိုပဲ။မှားမယ်ဆိုလည်း မှားပစ်ချင်စရာ

    ReplyDelete
  4. မှတ်ကရောလား တော်ပါသေးတယ် မသေလို့

    ReplyDelete
  5. ဟား.. တော်တော်လည်း တူသကိုးနော့.. ဟီး နှုတ်သီးလေးပါ ချွန်လိုက်လို့ကတော့ ပွဲပြီးပြီ..

    ReplyDelete