စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, June 3, 2012

မိုင်ပေါင်း ၁၁၀၀ ကျော်ကို စက်ဘီးသမားတွေနဲ့အတူ လိုက်ပြေးတဲ့ ခွေးကလေး

          တရုတ်နိုင်ငံမှာတော့ ခွေးကလေး တစ်ကောင်ဟာ စက်ဘီးသမားတွေနဲ့အတူ မိုင်ပေါင်း ၁၁၀၀ ကျော်၊ ပေပေါင်း ၁သောင်း၃ထောင်ကျော်မြင့်တဲ့ တောင်ပေါင်း အနည်းဆုံး ၁၂ တောင်ကို ကျော်ဖြတ်ပြီး ပြေးနိုင်လို့ နာမည်ကြီးနေပါတယ်။  ဒီ ပိုင်ရှင်မရှိတဲ့ ခွေးကလေးဟာ စက်ဘီးသမားတွေရဲ့ အစီအစဉ်ဖြစ်တဲ့ တရုတ်နိုင်ငံတောင်ပိုင်း စီချွမ်နယ်ကနေ တိဘက်ရဲ့ လာဆာကို ၂၄ရက်နဲ့ စက်ဘီးနင်းမယ့် အစီအစဉ်မှာ စက်ဘီးသမားတွေနောက်ကနေ တစ်ကောက်ကောက် လိုက်ခဲ့တာ ဖြစ်ပါတယ်။
          “ပထမတော့ ကျွန်တော်တို့ဟာ သူ့ကို အိမ်ပြန်ခေါ်ပြီး မွေးဖို့ အစီအစဉ်မရှိဘူး၊ ဒါပေမယ့် ဒီခွေးကလေးရဲ့ ခံနိုင်ရည်ကို တွေ့ရတော့ ကျွန်တော်တို့ အရမ်းကို အံသြသွားခဲ့ရတယ်။  ဒီခွေးကလေးဟာ စီချွန်နယ် ချန်ဒူးမြိုကနေ လိတန်မြို့အထိ (၂.၆မိုင် အမြင့်ရှိတဲ့ မြို့ကလေး) ကျွန်တော်တို့ အဖွဲ့နဲ့ အတူ တောက်လျှောက်လိုက်လာခဲ့ပါ။  နောက်ပိုင်းမှာတော့ ကျွန်တော်တို့ သူ့အတွက် ခြင်းကလေးတစ်ခုလုပ်ပေးမယ်လို့ တောင်ပေါ်ကပြန်ဆင်းလာတော့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်” လို့ တရုတ်ဗဟို ရုပ်မြင်သံကြားဋ္ဌာနကို အသက်၂၂နှစ်ရှိ စက်ဘီးစီးအဖွဲ့က ကောလိပ်ကျောင်းသား ရှောင်ရောင်က ပြောသွားပါတယ်။
          ဒီခွေးကလေးလိုက်လာပုံကတော့ ရှောင်ရောင်က ကြက်ပေါင်တစ်ခုကို ခွေးကလေးကို ကျွေးရာကနေပြီးတော့ ခွေးကလေးဟာ ဒီလို ခရီးရှည်စက်ဘီးစီးအဖွဲ့နဲ့အတူ လိုက်ပါလာတာဖြစ်ပါတယ်။  ခုတော့ သူတို့အဖွဲ့ဟာ ခွေးကလေးကို ရှောင်စာ လို့ နာမည်ပေးထားပါသတဲ့။  ရှောင်ဆိုတာကတော့ အသေးလေးလို့ အဓိပ္ပာယ်ရပြီး စာ ဆိုတာကတော့ သူတို့ရဲ့ ခရီးစဉ်အဆုံးသတ်မယ့်မြို့နာမည်ရဲ့ နောက်ဆုံး စာလုံးကို ယူထားတာပါတဲ့။ 

          ခွေးကလေးဟာ ပထမနေ့မှာ တောင်တက်ခရီး ၃၇မိုင်ကို သူတို့နဲ့ အတူလိုက်လာနိုင်တဲ့အခါ “ခွေးကလေးရဲ့ ခံနိုင်ရည်ဟာ ကျွန်တော်တို့အတွက် အရမ်းကို အားတက်စေခဲ့ပါတယ်။  ခွေးကလေးလိုမျိုး ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ ပန်းတိုင်ခရီးကို ရောက်အောင် စက်ဘီးနဲ့သွားကြမယ်ဆိုတဲ့ စိတ်တက်ကြွမှု့မျိုးရအောင် ခွေးကလေးက ကျွန်တော်တို့ကို လမ်းပြပေးခဲ့ပါတယ်။  ကျွန်တော်ကတော့ ခွေးကလေး ရှောင်စာကို အိမ်ပြန်ရင် ခေါ်သွားတော့မယ်။  သူကလည်း ကျွန်တော့်ကို သူ့သခင်လို့ သတ်မှတ်လိုက်ပါပြီ” လို့ ရှောင်ရောင်က ဆိုပါတယ်။ 
          လူဘိုလို့ခေါ်တဲ့ စက်ဘီးအဖွဲ့ထဲက တစ်ယောက်ကလည်း “ဒီခွေးကလေးကြောင့် ကျွန်တော်တို့ အရမ်းပျော်ရွှင်ရပါတယ်။  ဒီကောင်က စက်ဘီးအဖွဲ့က တစ်ခြားလူတွေ နောက်ကျကျန်ခဲ့ရင် တောင်ပေါ်ကနေ ဆင်းပြေးပြီးတော့ သူတို့ကို တစ်ခြားအဖွဲတွေဆီကို ရောက်လာအောင် တွဲခေါ်ပေးပါတယ်။  ဒီခွေးလေးကတော့ ကျွန်တော်တို့အတွက် အားဆေးလိုပါပဲ” လို့ ပြောသွားပါသေးတယ်။
          ခုတော့ ခွေးကလေး ရှောင်စာအတွက် GoGo ရှောင်စာ ဆိုပြီး ၀ီဘို (တရုတ် တွီတာ)မှာ အကောင့်တောင်ရှိနေပါပြီ။  နေ့စဉ် ရှောင်စာ သွားလာတဲ့ ခရီးရဲ့ နောက်ဆုံးဓာတ်ပုံတွေကို တင်ပေးနေပါသတဲ့။  အခု ရှောင်စာ့ကို follow လုပ်တဲ့လူပေါင်း ရှစ်သောင်းနှစ်ထောင်ကျော် ရှိနေပြီလို့ ဆိုပါသတဲ့။





Source : (Link)
Photo  : (www.weibo.com)
          

8 comments:

  1. တော်တော်ဇွဲကြီးပြီး သံယောဇဉ်ကြီးတဲ့ကောင်ပဲ


    ပုံ
    မောင်ဘကြိုင်

    ReplyDelete
  2. ဒီလိုခွေးမျိုးရလိုက်တဲ့သူကတော့ကံထူးရှင်ပဲနော်

    ReplyDelete
  3. ချစ်စရာလေးဗျ...ခွေးလေးက....၊အဲ့လိုခွေးလေးတစ်ကောင်တော့ မွေးလိုက်ချင်သေး...။

    ReplyDelete
  4. ခွေးလေးတစ်ကောင်တော့ လိုချင်မိသား..ခုတော့ ခွေး မပြောနဲ့ ..ကိုယ့်ကိုကိုယ်တောင် အနိုင်နိုင်ရယ်..:P

    ReplyDelete
  5. အရင်ဘ၀က အပြေးသမားထင်တယ်.. :P

    ReplyDelete
  6. အရင်ဘ၀က စက်ဘီးသမားများဖြစ်နေသလားမသိနော်...
    ခရီးကြမ်းကိုအတူတူနှင်ထားတော့ သံယောဇဉ်တွယ်ပြီပေါ့....

    ReplyDelete
  7. ချစ်စရာခွေးလေးဘဲ...

    ReplyDelete
  8. သခင်ကိုတော်တော်ချစ်တယ်ထင်တယ်.............

    ReplyDelete