စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Thursday, June 7, 2012
သတိ ၀သောသူများကို မီးမရှို့ရ.. လောင်တတ်သည်
          သြစတြီးယားမှာတော့ ထူးထူးဆန်းဆန်း မီးလောင်မှု့ ဖြစ်သွားပါတယ်။  ဖြစ်တဲ့နေရာကလည်း မီးသင်္ဂြိုလ်တဲ့ စက်ရုံမှာပါတဲ့။  ဖြစ်ပုံကတော့ ပေါင် ၄၄၀ ရှိတဲ့ အ၀လွန်အမျိုးသမီး တစ်ယောက်ရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုလ်ရင်းနဲ့ မီးသင်္ဂြိုလ်စက်ရဲ့ Filter ကို ပိတ်မိစေကာ အပူချိန် ၃၀၀ ဒီဂရီ စဲလ်စီအက်စ်လောက်အထိ ရောက်လာပါသတဲ့။  နောက်တော့ မီးခိုးတွေအူထွက်လာပြီး မီးသတ်သမားတွေဟာ ခက်ခက်ခဲခဲ ၀င်ရောက်ပြီး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။  အင်္ဂလန်တို့၊ ဆွီဒင်တို့မှာတော့ အ၀လွန်သူတို့အတွက် သီးသန့် မီးသင်္ဂြိုလ်စက်တွေ ရှိတယ်လို့ဆိုပါတယ်။  တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို သြစတြီးယားမှာလည်း ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်း။  ဟိုတစ်လောကလည်း သြစတြီးယားက နာမည်ပြောင်းဖို့ စီစဉ်နေတဲ့ ရွာအကြောင်းလေး ပိုစ့်တင်ခဲ့ပါသေးတယ်။  အင်း… မြန်မာနိုင်ငံမှာတော့ အရမ်းဝတဲ့လူတွေ (၀အောင် စားနိုင်သောက်နိုင်တဲ့လူတွေ၊ အချို့ အချို့ကလွဲလို့ပေါ့လေ) အရမ်းမများသေးတာကြောင့်ပဲ မင်းကြီးများကို ကျေးဇူးတင်ရမလိုလို ဖြစ်နေပြီ။  မဟုတ်ရင် မီးသင်္ဂြိုလ်စက်တွေလည်း ဆိုဒ်ကြီး ရဦးမယ်ထင်ပ။  
8 comments:
  1. ဟုတ် ဟုတ် ၀ိတ်ချနေပါတယ် ၀ိတ်ချနေပါတယ်း))
    ခင်မင်လျှက်
    ဂျာရစ်
    ReplyDelete
  2. တော်ပြီ မ၀ချင်တော့ဘူး
    အစကတော့ဝချင်နေတာလေ
    ReplyDelete
  3. တို့များတော့ ပိန်လွန်းလို့ ပိန်းနေဒယ် မစိုးရိမ်းဖူး မီးတခါမြိုက်ပြာဖြစ်ပီ
း)
    ReplyDelete
  4. သြော်... ဖြစ်ရလေ..။
    ReplyDelete
  5. ကိုယ်လည်း ဝိတ်ချမှထင်တယ် သယ်ရင်းရေ...
    ReplyDelete
  6. တို့ကတော့ အခုပိန်သွားလို့ကို စိတ်ညစ်နေတာ ဟင့်
    ReplyDelete
  7. :P.. ၀တဲ့သူတွေများ သေတာတောင် အလောင်းမလှပါလား.. ဟိဟိ....
    ခင်မင်လျက်
    နေ၀သန်
    ReplyDelete
  8. မီးရှို့ပါတယ်ဆိုမှ မီးလောင်လို့ မီးသတ်သမားက ငြိမ်းလိုက်၇တဲ့ အဖြစ်ပါလား..
    တော်ပြီဝိတ်လျှော့ဦးမှး)
    ReplyDelete