စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, June 17, 2012

အင်ဒိုနီးရှားက ဖားပြုတ်လူသား

          လောကကြီးဟာ တစ်ခါတစ်လေတော့ တော်တော်လေးကို ဆန်းကြယ်ပါတယ်။  ဟောဒီ အင်ဒိုနီရှားက ချန်ဒရာ ၀စ်(စ)နု ကိုတော့ သတင်းတွေထဲမှာ Bubble man ခေါ်ဆိုနေကြပါတယ်။ ကျွန်တော်ကတော့ ဖားပြုတ်လူသားလို့  ကင်ပွန်းတပ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၃၃ နှစ်အချိန်တုန်းကတော့ ချန်ဒရာအတွက် အပျော်ဆုံးအချိန်ပေါ့။  အင်ဒိုနီးရှားနိုင်ငံက တောရွာကလေးမှာ ချစ်စရာကောင်းလှတဲ့ ဇနီးသည်နဲ့အတူ ဘ၀သစ်အတူစခဲ့ကြတယ်။ ချန်ဒရာရဲ့ ဘ၀မှာ ဒီလိုအိပ်မက်ဆိုးတွေ စပေးတာကတော့ အသက် ၁၉ နှစ်အရွယ်မှာပါ။  ရှားပါးလှတဲ့ ဖြစ်တောင့်ဖြစ်ခဲရောဂါတစ်ခု အဖြစ် သူ့အရည်ပြားပေါ်မှာ ပန်းရောင် အဖုလေးတွေ စထွက်လာခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်မှာတော့ သူ့ ကျောပြင်ပေါ်ကို ပြန့်နှံလာခဲ့ပြီး အသက် ၃၂ နှစ်အရွယ်မှာတော့ သူ့တစ်ကိုယ်လုံးကို အဖုအပိန့်တွေ လွှမ်းခြုံသွားခဲ့ပါတယ်။  အခု အသက် ၅၇နှစ်ရှိပြီဖြစ်တဲ့ ချန်ဒရာဟာ အိမ်အပြင်ကို ထွက်ခွာခဲပါတယ်။  သူ့ကိုလူတွေ တွေ့မြင်သွားရင် ကြောက်လန့်နေမှာစိုးလို့ အိမ်အပြင်ကို တောင်မထွက်နိုင်ပါဘူး။  သူ့သမီးကို ကျောင်းပို့၊ကျောင်းကြိုအတွက်တော့ အိမ်ကနေထွက်ဖြစ်ပါသတဲ့။  ဒီလို ထွက်တဲ့အခါမှာလည်း အကျီင်္တွေ အထပ်ထပ်ဝတ်ဆင်၊ မျက်မှန်တပ်ပြီးမှ အိမ်ကနေ ထွက်ရပါတယ်။  သူ့သမီးရဲ့ သူငယ်ချင်းတွေက သူ့လိုအဖေမျိုးရှိရလားဆိုပြီး သူ့သမီးကို မလှောင်ပြောင်စေချင်လို့ ဖြစ်ပါတယ်။ 

သစ္စာရှိလှတဲ့ သူ့ဇနီးကို ချန်ဒရာက “နင် ငါ့ အဝေးကို ထွက်သွားပါ၊ ဘယ်တော့မှ ပြန်မလာပါနဲ့” လို့ ပြောခဲ့ပေမယ့် ဇနီးဖြစ်သူကတော့ “ကျွန်မ ငြင်းခဲ့ပါတယ်။  သူ့ရဲ့ အရည်ပြားအပေါ်ယံ သဏ္ဍာန်ပြောင်လဲသွားယုံနဲ့ ကျွန်မ သူ့ကို ပစ်မသွားပါဘူး။  ကျွန်မဟာ သူ့နဲ့ တစ်ဘ၀လုံး လက်တွဲသွားမှာ ဖြစ်သလို သူခုလို ဖြစ်သွားတဲ့အတွက် ကျွန်မမှာ စိတ်ပျက်အားလျှော့မယ့်အစား ပိုပြီးတော့တောင် အိမ်ထောင်စုအတွက် ခွန်အားတွေ ဖြစ်လာစေပါတယ်” လို့ ထုတ်ဖော်ပြောသွားပါတယ်။
ချန်ဒရာနှင့် သမီးငယ် လစ်(စ်)

ခုလို သူ့ရဲ့ အဖြစ်ကို ချန်ဒရာက ကမ္ဘာကို ထုတ်ပြခဲ့တာကတော့ သူ့သားသမီးတွေအတွက် စိုးရိမ်လို့ ဖြစ်ပါတယ်။  သားအကြီး မာတင် ၃၂ နှစ်နဲ့ သမီငယ် လစ်(စ်)တို့မှာလည်း ဒီရောဂါ လက္ခဏာတွေ စပြနေပါပြီ။  “ကျွန်တော့် ကလေးတွေမှာလည်း ဒီလိုရောဂါမျိုး စဖြစ်နေပြီ။ သူတို့ဟာ ရောဂါဒီထက်ပိုမို ဆိုးရွားလာမှာကို စိုးရိမ်နေကြပါတယ်”။  ချန်ဒရာဟာ သူ့ သား၊သမီးတွေကို ဆေးကုသဖို့၊ ဆရာဝန်နဲ့ ပြသဖို့ ငွေကြေးလည်း မတတ်နိုင်ရှာပါဘူး။  သူစိုးရိမ်တာက တစ်နေ့ သူ့ ကလေးတွေဟာ သူ့လိုမျိုး ဖြစ်သွားမှာကိုပါပဲ။  တစ်နေ့နေ့မှာတော့ ကျွန်တော်တို့ မိသားစုမှာဖြစ်နေတဲ့ ရောဂါကို အခမဲ့ ကုသပေးမယ့်သူရှိရင်တော့ ဒီလိုအခွင့်အရေးကို ရချင်ပါတယ် လို့ ချန်ဒရာက ပြောသွားပါတယ်။  

Source : (Link)

5 comments:

  1. ဖြစ်မှဖြစ်ရလေသနားဖို့ကောင်းလိုက်တာနော်

    ReplyDelete
  2. ပုံမြင်နေကတည်းက ကြောက်နေတာ ရေးထားတဲ့စာလဲ မဖတ်ရဲဖူး... ၃ ခေါက်လောက် ခေါက်တုံ့ခေါက်ပြန်လာပြီမှ နည်းနည်ဖတ်ရသွားတယ် :P မဟာဗန္ဒုလသွေးပါတယ် ထင်တယ် :P :P

    ReplyDelete
  3. လူမှာ အဲဒီလို ဖြစ်နေလို့ ကြောက်စရာ ဖြစ်နေတာ။
    ကျောက်တုံးတစ်ခုမှာ အဲဒီလို ဖြစ်နေရင်တော့ အရမ်းလှတာဘဲ ဆိုပြီး ဓါတ်ပုံ ခဏခဏ ရိုက်နေကြလောက်တယ်။

    ReplyDelete
  4. မျိုးရိုးလိုက်မှာတော့ အသေအချာပဲ။ သူ့သမီးမျက်နှာမှာတောင် နဲနဲ စဖြစ်နေတာ ဓါတ်ပုံထဲမှာ တွေ့နေရတယ်။

    ReplyDelete
  5. သနားဖို. ကောင်းလိုက်တဲ. မိသားစုပါလား။ ချန်ဒရာ ရဲ ဆုတောင်းပြည်.၀ပါစေ။ ဒီဘ၀ မှာဘဲ ဒီကံဆိုး အဆုံးသတ်နိုင်ပါစေ။

    ReplyDelete