စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, June 30, 2012

သမီးငယ်လေးအတွက် အဖေ့ရဲ့ အမှတ်တရ လက်ဆောင်..


          ဒီနေ့ သတင်းလေး တစ်ပုဒ်ကို ဖတ်လိုက်ရတော့ တော်တော်လေး သဘောကျသွားတယ်။  ဒါကတော့ သမီးငယ်လေးတစ်ယောက်ရဲ့ ဘွဲ့ယူတဲ့နေ့မှာ သူမရဲ့ ဖခင်က လက်ဆောင်လေးတစ်ခုပေးခဲ့ပါတယ်။  သမီးငယ်လေးအတွက် အကောင်းဆုံးလက်ဆောင်လေးပါ။  ဖခင် တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေ အထပ်ထပ်သွန်းလောင်းလို့ပေါ့။  အချိန်တွေအများကြီး ရင်းလို့ ဒီလိုလက်ဆောင်လေးကို ပေးခဲ့ပါတယ်။  ဒီလက်ဆောင်လေးကို ရလိုက်တဲ့အချိန်မှာ သမီးငယ်လေးကလည်း ပြောမပြတတ်အောင် ၀မ်းသာလွန်းလို့ မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ပါတယ်။  ဒါဟာ ဘယ်လိုလက်ဆောင်မျိုးဖြစ်မယ်ထင်လဲ?  ကဲ အောက်က အကြောင်းအရာလေးကို ဆက်မဖတ်ခင် ဒီမှာတင်ရပ်ပြီးတော့ စဉ်းစားကြည့်ပါ။  ကိုယ်ဆိုရင်ရော ဘယ်လိုလက်ဆောင်မျိုးကို သား၊ သမီးတွေရဲ့ ဘွဲ့ရတဲ့နေ့မှာ ပေးမယ်လို့ စိတ်ကူးထားလဲ?

          ဘရိုင်ယန်မာတင်ဟာ သူမရဲ့ သမီးငယ်လေးငယ်ငယ်ကထည်းကနေပြီးတော့ သမီးငယ်လေးရဲ့ စာအုပ်တစ်အုပ်ကို ယူထားခဲ့ပြီးတော့ ၁၃ နှစ်တိုင်တိုင် ဆရာ၊ ဆရာမတွေ၊ နည်းပြတွေ နဲ့ ကျောင်းအုပ်တွေကို နှစ်စဉ်နှစ်တိုင်း စာသင်နှစ်ပြီးတိုင်းမှာ သူ့ သမီးငယ်လေး ဘရန်နာ မာတင်အတွက် အမှတ်တရဖြစ်စေမယ့် စာစုလေးတွေကို ရေးဖို့ ခွင့်တောင်းခဲ့တာပါ။  ဒီလိုနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ သမီးငယ်လေး ဘရန်နာ မာတင် ဘွဲ့ရတဲ့နေ့မှာတော့ ဖခင်ဖြစ်သူ ဘရိုင်ယန်က ဒီစာအုပ်ကလေးကို ဘွဲ့ရတဲ့ အထိမ်းအမှတ်အနေနဲ့ ပေးခဲ့ပါတယ်။



          “ပထမ ဒီစာအုပ်ကလေးရတော့ ကျွန်မပျော်သွားပါတယ်၊ ကလေးဘ၀တုန်းက စွဲစွဲမက်မက် ဖတ်ခဲ့တဲ့ စာအုပ်ကလေးမလား.. ဒါပေမယ့် ဖေဖေက ကျွန်မကို စာအုပ်ကို မဖွင့်ပါနဲ့လို့ပြောတယ်”
          “ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်တော့ ကျွန်မ မူကြိုတုန်းက ဆရာမက ကျွန်မကို အတွက် အမှတ်တရလေးရေးပေးထားတာ။  ၀မ်းသာလွန်းလို့ ကျွန်မငိုမိတယ်… ဖေဖေကပြောတယ်.. ကျွန်မ အတွက် သူဟာ ၁၃နှစ်တိုင်တိုင် ဒီစာအုပ်လေးထဲမှာ ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ အတန်းတစ်လျှောက်လုံးက ဆရာ၊ ဆရာမတွေ၊ နည်းပြတွေ၊ ကျောင်းအုပ်တွေကို ကျွန်မအတွက် တစ်ခုခုရေးပေးပါလို့ တောင်းဆိုခဲ့တာပါတဲ့”
          ကျွန်တော်တို့တွေရော… ကျွန်တော်တို့ရဲ့ ရင်သွေးလေးတွေအတွက် အမှတ်တရအဖြစ် သူတို့လူလားမြောက်လာတဲ့ တစ်နေ့ကျရင် ဘာကို ပေးဖို့ရည်ရွယ်ထားလဲ?

Source : (Link)

5 comments:

  1. ကျောင်းဝင်ကြေး ၀တ်စုံဖိုး ဗလာစာအုပ်ဖိုး
    တနှစ်တနှစ်သန့်ရှင်းရေးဖိုး တပျက်စီးဖိုး ဆရာကတော့ပွဲဖိုး
    ကျူရှင်းဖိုး ကျောင်းမုန့်ဖိုး စာပွဲခင်ဖိုး အသင်ကြေး ....
    ဘောင်ချာတွေ ပဲ စုထားလိုက်တော့မယ်
    အဟတ် အဟတ်

    ReplyDelete
  2. အတော်လေးစိတ်ကူးကောင်းတဲ့ဖခင်တစ်ယောက်ပါ

    ReplyDelete
  3. ဟန်ကြည်June 30, 2012 at 6:12 PM

    စိတ်ကူးကောင်းလိုက်တာ ကိုအောင်ထွဋ်ရေ...ဖတ်ရင်းနဲ့တောင် ကြည်နူးလွန်းလို့ဗျာ...ကိုယ့်သားသမီးတွေရောက်ရင် ဒီလိုမျိုးလေး လုပ်ပေးချင်ပါရဲ့...ဒါပေမယ့် ဒီကဆရာမတစ်ချို့နဲ့တော့ သိပ်ကီးကိုက်မယ် မထင်ဘူး ကိုယ့်ဆရာရေ့...

    ReplyDelete
  4. ကြည်နူးစ၇ာကောင်းလိုက်တာ..

    ReplyDelete
  5. ကိုယ်ဆိုရင်လဲ ငိုမိမှာပဲ...။

    ReplyDelete