စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, July 21, 2012

သွားကြဦးမလား မြွေအနှိပ်ခန်းတဲ့


          အစ္စရေးနိုင်ငံမှာတော့ ထူးထူးခြားခြား မြွေအနှိပ်ခန်း ဖွင့်ထားတယ်လို့ဆိုပါတယ်။  ပိုင်ရှင်ဖြစ်သူ အဒါ ဘားရက် ကတော့ သူ့အနှိပ်ခန်းကို လာရင် ကလီဖိုးနီးယားက မြွေ၊ ဖလော်ရီဒါကမြွေ၊ အပြင် မြွေမျိုးစုံနဲ့ နှိပ်ပေးမယ်လို့ ဆိုပါတယ်။  ဘားရက်ကတော့ စပါးကြီးမြွေနဲ့ ကြီးမားတဲ့ မြွေကြီးတွေကို အသုံးပြုခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အကြောတွေကို ဖြေလျှော့ပေးနိုင်ကြောင်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပါသတဲ့။  အနှိပ်ခံသူများဟာ မြွေကြီးတွေနဲ့ ထိတွေ့ပြီးနောက်မှာ သူတို့ရဲ့ စိတ်ဖိစီးမှု့တွေကိုပါ ဖြေလျှော့နိုင်တယ်လို့လဲ ဆိုပါတယ်။ 
          မြွေအရွယ်အစားကတော့ နှိပ်နည်းအမျိုးမျိုးပေါ်မူတည်ပါသတဲ့။  သင်ဟာ အရမ်းကို ပင်ပန်းနွမ်းနယ်နေရင်တော့ မြွေအကောင် ကြီးကြီးတွေနဲ့နှိပ်ပေးမှာဖြစ်ပြီးတော့ မြွေအကောင် သေးသေးလေးတွေကတော့ မျက်နှာလိုမျိုး၊ ခြေထောက်လိုမျိုး သေးငယ်တဲ့ အစိတ်အပိုင်းတွေ အတွက်ဖြစ်ပြီ တလှပ်လှပ် ခံစားရစေမယ်လို့ ဆိုထားပါတယ်။  အဲ.. တစ်ခါနှိပ်ရင်တော့ အမေရိကန်ဒေါ်လာ ၈၀ ယူပါသတဲ့ဗျား။  ကဲ.. အလုပ်ပင်ပန်း၊ ညောင်းညာ၊ စိတ်ဖိစီးသူများ မြွေအနှိပ်ခန်းကလေးကို သွားပြီး စမ်းကြည့်ကြပါဦးလား?







အနှိပ်ခံတဲ့လူတော့ ဘယ်လိုနေတယ်မသိ... ကြည့်ရတာ နှာခေါင်းတွေ၊ နားတွေ ယားလိုက်သည့် ဖြစ်ခြင်း 




Source : (Link)

10 comments:

  1. ဟုတ်ပ..အဲလိုလုပ်ရဲပါဘူးးပင်ပန်းရင်လည်းပင်ပန်းပလေ့စေတော့..

    ReplyDelete
  2. နှိပ်ဘူးနှိပ်ဘူး မြွေက အပေါက်သေးသေးလေးမှာ ၀င်တတ်တယ်...ဟုတ်တယ်ဟုတ် နှခေါင်းတို့ ဟိုအပေါက်မျိုးဝင်ရင် ဘယ်လိုလုပ်မလဲ။

    ဇက်ဗီ

    ReplyDelete
  3. မကြာခဏဆိုသလိုသွားတတ်ပါတယ် ခြေထောက်တော့ ခဏခဏနှိပ်တတ်တယ်
    ဒီပုံကြည့်ပြီးမှ နောက်တခါသွားဖို့တောင်ကြောက်နေမိပြီ
    ဒါကိုပဲမျက်စိထဲမြင်နေရလို့

    ReplyDelete
  4. ပုံကြည့်တာနဲ့ တင် ကျောချမ်းနေပြီ။ သွားရဲဘူး။

    ReplyDelete
  5. ကြောက်ထှာာာာ ကြောက်ထှာ အသည်းယားတယ်

    မောင်ဘကြိုင်

    ReplyDelete
  6. အောင်မယ်လေးကွယ်... ညောင်းရင်လည်း ညောင်းပါစေတော့... အေကာင်ရှည်...အကောင်တိုတွေဆို ဘယ်လိုမုန်းမှန်းမသိတာ...:P

    ReplyDelete
  7. ယားထှာဗျာ.....၊ကြည့်ကြည့်ပြီး အူထဲအသဲထဲကကို ယားလာတယ်.....၊အဲ့အနှိပ်ခန်းတော့ ရွှေထွက်တောင်မသွားဘူး...ဗျိုးးးးးးးးးး။

    ReplyDelete
  8. မကြံကောင်းမစည်ရာ ဂျာ
    မတော်တစ
    တေတွားရင်
    ဘာ အာမခံချက်ရှိလဲ ဂျာာာ :PPP

    ReplyDelete
  9. နွေတေးရှင်(မင်းဧရာ)July 22, 2012 at 3:07 AM

    မတော်တရော်
    ဇော်ကလိဇွပ်ကုန်မှဖြင့် ခက်မယ်း)။

    ReplyDelete
  10. အောင်မငှီး..မီးမီးကြောက်ကြောက်

    ReplyDelete