စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Tuesday, January 29, 2013
CA0162
CA0162 ဆိုတာက ချန်ပန်ဇီ မျောက်ကလေးရဲ့ နာမည်ပါ။  သူ့ဘ၀က တစ်ကယ်တမ်းတော့ ပျော်ရွှင်စရာ ဘ၀တစ်ခုမဟုတ်ခဲ့ပါဘူး။  ၁၀ ရက်သားအရွယ်ကလေးမှာပဲ သူ့မိခင်လက်ထဲကနေ စမ်းသပ်ခန်းထဲကို ရွှေ့ပြောင်းခံခဲ့ရတယ်။  အဲဒီ သိပ္ပံစမ်းသပ်ခန်းထဲမှာပဲ သူဟာ ကူညီရာမဲ့ စမ်းသပ်မှု့မျိုးစုံကို ခံခဲ့ရတယ်။  ရင်ကြပ်ပန်းနာဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ စသည် စသည်အားဖြင့် ဆေးမျိုးစုံစမ်းသပ်ဖို့ရာ သူ့ကိုယ်ထဲကို ထိုးသွင်းခြင်းခံခဲ့ရတယ်။  ဒီလိုနဲ့ သူ့ရဲ့ အသည်းဟာလည်း ဆိုးဆိုးဝါးဝါးကို ထိခိုက်ခဲ့ရပါတယ်။  သူ့ရဲ့ ရင်ဘတ်မှာ စမ်းသပ်ခန်းကနေပြီးတော့ CA0162 ဆိုတဲ့ စာတမ်းကို ဆေးမှင်ထိုးထားပါတယ်။
          နောက်ပိုင်း အဲဒီ ဓာတ်ခွဲစမ်းသပ်ခန်း ပိတ်သွားတော့ သူ့ကို စမ်းသပ်ခန်းထဲမှာ သနားစရာတွေ့ရှိရတာပါပဲ။  ဒီလို စမ်းသပ်ခန်းတွေမှာ မွေးဖွားလာတဲ့ မျောက်တွေဟာ သူတို့ရဲ့ အသက် ၅၀ သက်တမ်းအတွင်းမှာ နေရောင်ခြည်ကိုတစ်ခါမှ မမြင်ဖူးသွားကြပါဘူး။  တစ်ချိန်လုံး စမ်းသပ်ခံနေကြရင်းနဲ့ ဘ၀တစ်ခု ဖြတ်သန်းသွားရတာပဲ။  ဒါပေမယ့် CA0162 ဆိုတဲ့ ချန်ပန်ဇီလေးကတော့ ကံကောင်းခဲ့ပါတယ်။  ဒေါက်တာ နွန်ဆိုတဲ့ တိရိစ္ဆာန်ချစ်တတ်တဲ့ ဆရာဝန်တစ်ယောက်က သူ့ကို ကယ်ဆယ်ခဲ့ပြီးတော့ ဖလော်ရီဒါမှာ သူတို့အတွက် နားခိုရာလေးကို ဖန်တီးပေးခဲ့ပါတယ်။ CA0162 ဆိုတဲ့ ချန်ပန်ဇီလေးရဲ့ သိပ္ပံနာမည်ကနေ Clay ဆိုတဲ့ နာမည်ကို ပေးထားပါတယ်။
          ဒါပေမယ့် ဒေါက်တာနွန်ဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကထည်းက ကင်ဆာရောဂါနဲ့ အသက် ၅၉နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။  လောလောဆယ် ဖလောရီဒါက အဆိုပါ မျောက်ကလေးတွေတစ်ကောင်ကို ကြည့်ရှု့စောင့်ရှောက်စရိတ်က တစ်နှစ်ကို ပေါင် ၁ သောင်းကျော်လောက်ရှိပါသတဲ့။  ရုပ်ရှင်မင်းသမီး အိန်ဂျယ်လီကာ ဟူစတင်လိုမျိုး တိရိစ္ဆာန်ချစ်တဲ့ လူတွေက ၀ိုင်းဝန်းပြီးတော့ ကြည့်ရှု့စောင့်ရှောက်ကြပေမယ့်  ဒီလိုမျိုးစရိတ်ကို ရရှိဖို့ရာ မလွယ်လှပါဘူး။
          အဆိုးတွေထဲက အကောင်းတစ်ခုကတော့ Clay ဟာ ပန်းချီဆွဲတတ်တာပါပဲ။  ခုဆိုရင် သူ့ရဲ့ ပန်းချီကား တစ်ခုကို ၉၅ပေါင်နဲ့ ရောင်းချနေပါတယ်။  ဒီအတွက် ရတဲ့ငွေတွေဟာ သူ့ရဲ့ ဘ၀တူ မျောက်ကလေးတွေရဲ့ ဘ၀ကို အသက်ဆက်ပေးနိုင်မှာဖြစ်ပါတယ်။  ကြမ်းတမ်းလှတဲ့ ဘ၀ကို ဖြတ်သန်းလာခဲ့ရတဲ့ Clay ဟာ လူတွေနဲ့ ယဉ်ပါးနေတာတော့ မဟုတ်ပါဘူး။  သူဟာ အမြဲတမ်းရန်လိုနေတတ်ပါတယ်။  သူဟာ တစ်ခြားသော မျောက်တွေနဲ့လဲ အတူတစ်ကွ နေထိုင်ခြင်းမရှိပါဘူး။  သူ့ရဲ့ အချိန်တွေကို ပန်းချီဆွဲခြင်း၊ အရုပ်တွေနဲ့ကစားခြင်းတို့ဖြင့်သာ ကုန်ဆုံးစေပါသတဲ့။  ဒီလိုနဲ့ပဲ စမ်းသပ်ခန်းထဲက မျောက်ကလေးတွေရဲ့ ဘ၀ဟာ ကုန်ဆုံးဦးမှာပါပဲ။
Source : (Link)
7 comments:
  1. အစမ်းအသပ်ခံ Chimpanzee လေးဘဝဟာလည်း သနားစရာ။
    ဘာသာရေးအရဆိုရင်တော့ အတိတ်ကံရဲ့ အကျိုးပေါ့ မောင်အောင်ထွဋ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  2. ဟင် ....ကိုထွဋ်
    ၁၀ ရက်သားဆိုတာ တကယ့်ကလေးလေးနော်
    အဲဒါကိုတောင် အမေနဲ့တူတူမနေရပဲ
    အစမ်းသပ်ခံဖြစ်ရရှာတယ်....:(
    သနားဖို့အရမ်းကောင်းလိုက်တာ
    CA0162 ဆိုတဲ့ သူ့ရဲ့စမ်းသပ်ခန်းနံမည်ကို
    မိုးနတ်ဖြင့် အရမ်းမုန်းတာပဲ :(((
    Clay ဆိုတဲ့ နံမည်လေးကမှ ချစ်စရာနော်
    သူနဲ့လဲ လိုက်မှာပါ ....အင်းလေ
    ဒီလောက်စိတ် ဒဏ်ရာတွေရပြီးတဲ့နောက်မှာတော့
    သူလဲ အားလုံးနဲ့ တသီးတခြားဖြစ်နေတာရော
    ရန်လိုနေတယ်ဆိုတာရော မဆန်းပါဘူးလေ .....
    ReplyDelete
  3. ထူးဆန်းတဲ့ မျောက်လေးရဲ့ အဖြစ်အပျက်တွေကိုခံစားရင်းရောက်ခဲ့ပြန်တယ်
    ReplyDelete
  4. သနားစရာပါပဲ.. ကိုအောင်ထွဋ်ရေ.... အထီးကျန်မွန်းကျပ်မှုဒဏ်ဟာ ဘ၀ဖြစ်ရှုံးတဲ့အချက်မှာ အဓိကပါပဲ.....
    ခင်မင်လျက်
    နေ၀သန်
    ReplyDelete
  5. မျောက်မလေးနဲ့တူတယ်။ နှုတ်ခမ်းဆိုးဆေးတွေဆိုးလို့။
    တိရစ္ဆာန်တွေ ကောင်းစားဖို့အတွက် သစ်တောတွေ သစ်ပင်တွေ စတေးရတယ်။
    လူတွေကောင်းစားဖို့အတွက် တိရစ္ဆာန်တွေ စတေးရတယ်။
    လူကြီးတွေ ကောင်းစားဖို့အတွက် လူငယ်တွေ စတေးကြရတယ်။း)
    ReplyDelete
  6. သနားစရာ အဖြစ်လေးပါဘဲ
    မျောက်ဘဝရောက်နေတာတောင် လွတ်လပ်ခွင့်
    မရှိရှာဘဲ... စမ်းသပ်ခံနေရတဲ့ ဘဝလေး မို့
    သနားမိပါတယ်...
    သူ့ခမျာ သူ့ဝမ်းစာအတွက်တောင် သူ့ဘာသာ ပန်းချီလေးဆွဲပြီး
    ရှာရတယ်...း(
    ReplyDelete
  7. ဖတ်ရတာ သနားမိတယ်အစ်ကိုရာ.
    အဲဒီလို ဘ၀မျိုးရောက်ရမှာလည်း ကြောက်မိပါရဲ့...
    ReplyDelete