စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, July 25, 2013

သွားကြဦးမလား ဆစ်ဒနီမြို့ရဲ့ သင်္ဘောသစ်တော

         အရာရာအားလုံးကတော့ အချိန်တန်ရင် ကြွေလွင့်သွားကြရတာ ပါပဲလေ… ဒါပေမယ့် ဆစ်ဒနီမြို့ရဲ့ Homebush ကမ်းခြေက သက်တမ်း ၁၀၂ နှစ်ရှိပြီဖြစ်တဲ့ သင်္ဘောပျက် ကြီးကတော့ တစ်မျိုး ဆန်းသစ် နေပြန်ပါတယ်။  SS Ayrfield လို့ အမည်ရတဲ့ သင်္ဘောကြီးက ၁၉၁၁ ခုနှစ်က အင်္ဂလန်နိုင်ငံမှာ တည်ဆောက်ခဲ့ပြီးတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်စစ်သည်တွေ အသုံးပြုခဲ့ပါတယ်။  ၁၉၇၂ ခုနှစ်မှာတော့ သူမကို စွန့်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ ခုလက်ရှိရှိနေတဲ့ ကမ်းခြေရာ သူမရဲ့ နားခိုရာနေရာ ဖြစ်လာခဲ့ပါတယ်။ 

         ဒါပေမယ့် ခုချိန်မှာတော့ SS Ayrfield ဟာ ရေပေါ်သင်္ဘော သစ်ပင်ကြီးအဖြစ် ဓာတ်ပုံပညာရှင်တွေကြားထဲမှာ ရေပန်းစားနေပါတယ်။  သံချေးတွေနဲ့ ဆွေးမြေ့နေတဲ့ သင်္ဘောအိုကြီးပေါ်မှာ ဒီလိုမျိုး သစ်ပင်တွေ လှပစွာ ပေါက်နေတာကိုက ဆွဲဆောင်မှု့တစ်မျိုးဖြစ်နေလို့ ခုဆိုရင် ကမ္ဘာအရပ်ရပ်က ဓာတ်ပုံပညာရှင်တွေဟာ ဒီသင်္ဘောကြီးကို လာရောက်ပြီး ဓာတ်ပုံရိုက်ကူးနေကြပါပြီ… ကဲ… ရေပေါ် သစ်တောကြီးရဲ့ အလှအပကို ခံစားကြပါစို့လားဗျာ..

Photo credit : Rodney Campbell

Photo Credit : Steve Dorman


Photo Credit : Neerav Bhatt


Photo Credit : evangelique



Source : (Link)


6 comments:

  1. သူရို့အမျိုးအနွယ်တွေက ဒီလို ဒီလို ပိုက်ဆံရှာကောင်ကြတာကလား။
    အင်္ဂလန်က စတုန်းဟင့်ဂ်ျလို့ခေါ်တဲ့ ကျောက်တုံးအစုအပုံကြီးကိုလဲ ဒီလိုကြော်ငြာပြီး ဒီလို ပိုက်ဆံရှာကြတာကလား။ သူကြီးမင်းဆီကတောင် ဆယ့်လေးငါးပေါင် ရသွားတယ်။း)

    ဒီသဘောင်္တောအုပ်ကြီးက လှတော့လှသား။

    ReplyDelete
  2. Parramatta River ထဲ က Homebush Bay ဆိုတဲ့  နေရာမှာ ရှိနေတာပါအကို Homebush Beach မဟုတ်ဘူးလို့ ထင်ပါတယ်

    ReplyDelete
  3. အပျင်းထူနေတာနဲ့ ကိုအားထောင်ကြီးဆီမရောက်တာ အများကြီးလွတ်သွားတယ် ဗဟသုတုတွေအများကြီးဘဲ အကြွေးတွေ ပြန်လာရှင်းနေတယ် ဗျိုးးးးး

    ReplyDelete
  4. မျက်လုံးထဲမှာသဘောင်္ပန်းအိုးထဲမှာအပင်တွေစိုက်ထားသလိုမြင်မိတယ်။း)
    အိုင်အိုရာ

    ReplyDelete
  5. ပိုက်ဆံရှခဲ့ရင်တော့အရောက်ကိုသွားမယ်

    ReplyDelete
  6. ဘယ်လိုများ မေးလိုက်တာလဲ မောင်အောင်ထွဋ်ရယ်...
    သွားချင်တာပေါ့ကွယ် အခွင့်အရေးမရသေးလို့ပါ :)
    ဆွေးမြေ့အိုနေတဲ့သင်္ဘောကြီးများပျက်ဆီးသွားရင်နှမြောစရာနော်..
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete