ဒီနေ့ အင်တာဗျူးလေးတစ်ခုဖတ်လိုက်ရတော့ တော်တော်လေး
အားတက်မိတယ်။ ကျွန်တော်များသောအားဖြင့် အပြုသဘောဆောင်တဲ့ အတွေးအမြင်ကို တတ်နိုင်သလောက်
လက်ခံဖို့ ကြိုးစားပါတယ်။ လှေကားထစ်လေးတွေထဲက လှေကားထစ် တစ်ထစ်ပြီး တစ်ထစ်ကို တက်ဖို့ အားယူနေတဲ့ မြန်မာပြည်အတွက် ဒီလိုသတင်းလေးတွေဖတ်ရတာ ပိုပြီးတော့ အားရမိတယ်။ သတင်းလေးကတော့ နိုင်ငံခြား ရင်းနှီမြှုပ်နှံမှု့ဆိုင်ရာဥပဒေအသစ်ကို ဇူလိုင်လကုန်ပိုင်းမှာ အတည်ပြုနိုင်ဖို့ မျှော်လင့်တယ်ဆိုတဲ့ သတင်းလေးပါ။ ဒီ ဥပဒေ အသစ်ထဲမှာ နိုင်ငံခြားက လာရောက်ပြီး ရင်းနှီမြှုပ်နှံမယ့်
ကုမ္ပဏီတွေအတွက် သက်လာတဲ့ အခွန်နှုန်းထား၊ ဒေသတွင်း မြေပိုင်တွေဆီကနေပြီးတော့ ပိုမိုလွတ်လပ်စွာ
မြေယာ ငှားရမ်းနိုင်ဖို့ စတဲ့ အချက်အလက်တွေပါဝင်တဲ့ ဥပဒေသစ်ကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးနေတယ်လို့
ဆိုပါတယ်။ လွှတ်တော်မှာ အတည်ပြုပြီးရင်တော့
သမ္မတကြီးဆီကို တင်သွင်းလို့ တရားဝင်ထုတ်ပြန်နိုင်မယ်လို့ ဆိုပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု့ဆိုင်ရာ ဥပဒေ အသစ်
အတည်ဖြစ်ဖို့ကတော့ ဇွန်လိုင် လကုန်လောက်မှန်းထားတယ်လို့ ဆိုထားပါတယ်။ ဒီအထဲမှာ ကိုကာကိုလာ ကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ
နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် စတင်ဖို့ ဆောင်ရွက်နေသလို GE (General
Electric Co.) ကလည်း လျှပ်စစ် ဓာတ်အားပေးစက်တွေနဲ့ ပါတ်သတ်တဲ့ ထုတ်ကုန်တွေကို သွင်းဖို့
ဆွေးနွေးနေတယ်လို့ဆိုပါတယ်။
ရင်းနှီမြှုပ်နှံမှု့ဆိုင်ရာ
ဥပဒေ အသစ် ပြဋ္ဌာန်းနိုင်မှသာ ပွင့်လင်းမြင်သာလို့ ရင်းနှီမြှု့ပ်နှံသူတွေ ၀င်ရောက်လာနိုင်မှာပါ။ နောက်တစ်ချက်ဖြစ်တဲ့ လျှပ်စစ် ကဏ္ဍကိုလည်း သမ္မတကြီးနဲ့CNE တို့ အင်တာဗျူးမှာ ဖြေသွားတာတွေ့တော် အတော်လေး အားတက်မိပါတယ်။ ဆိုလေတော့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ဟပ်ချလောင်းမဟုတ်ပေမယ့်၊
တဖြည်းဖြည်း ပွင့်လမ်းလာဖို့ အခွင့်အရေးတွေ မြင်မိတော့ အားတက်မိတယ်။ အလုပ်သမား သမဂ္ဂတွေ၊ သက်ဆိုင်ရာပါတီတွေလည်း ရင်းနှီးမြှုပ်နှံမှု့
ဥပဒေ မတင်ခင်က စလို့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ အလုပ်လုပ်တဲ့အခါ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်၊
လုပ်ပိုင်ခွင့်ကစတဲ့ အလုပ်သမား အခွင့်အရေးတွေနဲ့ ပါတ်သတ်တာတွေ ကြိုတင် ပြင်ဆင်ထားနိုင်ရင်တော့
အကောင်းဆုံးပေါ့လေ။ အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့
ဥပဒေတွေမှာလည်း နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ပါတ်သတ်ပြီး ဖြစ်ပေါ်လာမယ့် အမှု့အခင်းတွေကို
တိကျစွာ ကိုင်တွယ်နိုင်ဖို့ တိကျ၊ သေချာတဲ့ ဥပဒေမျိုးတွေ ကြိုတင်ဖြည့်စွက်နိုင်ဖို့လည်း
အရေးကြီးတယ်လို့ ကျွန်တော်က မြင်ပါတယ်။

















