စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, September 24, 2011

Irish pensioner 'died of spontaneous human combustion' - လူတွေဟာ အလိုအလျှောက်မီးလောင်ကျွမ်းပြီး သေဆုံးနိုင်ပါသလား?


တာရာမင်းဝေရဲ့ အရှေ့ဘက်မြို့ရိုးမှာ မိုးတွေရွာနေသည် ၀တ္တုကို ဖတ်ဖူးပါသလား။  အဲ့ဒီအထဲမှာ ကချေသည်ကလေးဟာ နောက်ဆုံး မိမိကိုယ်ကို လောင်ကျွမ်းစေတဲ့ ပြကွက်နဲ့ အသုံးတော်ခံပြီး သေဆုံးသွားခဲ့ပါတယ်။  ဒါမျိုးတွေကို အပြင်လောကမှာရေ တွေ့မြင်နိုင်မယ်လို့ ထင်ပါသလား။
            ဒီသတင်းကတော့ အိုင်ယာလန်နိုင်ငံက အသက် ၇၆နှစ်အရွယ်ရှိ မိုက်ကယ် ဖဟာတီ လို့ခေါ်တဲ့ လူတစ်ဦးဟာ မည်သည် ပြင်ပမှ မီးလောင်ကျွမ်းမှု့မှ မရှိဘဲ ကိုယ်တိုင် မီးလောင်ကျွမ်းကာ သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။  သူဟာ အိုင်ယာလန်နိုင်ငံ ဂေါဝေးရှိ သူ့အိမ်ရှေ့ခန်းမှာ မီးလောင်ကျွမ်းပြီး သေဆုံးသွားခဲ့တာပါ။  သူ့ကိုယ်မှတစ်ပါး အခြားသော ပစ္စည်း ပစ္စယာတွေကို မီးလောင်ကျွမ်းခြင်းမရှိခဲ့ဘူးလို့ စုံစမ်းသူတွေက ဆိုပါတယ်။
            ဂေါဝေးမှာ နေထိုင်တဲ့ ဒေါက်တာ ကီရာရင် မက် လော့လင်း (Dr. Kieran McLoughlin) ရဲ့အဆိုအရကတော့ သူဆရာဝန်လုပ်သက် ၂၅နှစ်အတွင်း ဒီလိုမျိုး အလိုအလျှောက် ရုတ်တရက် လူတစ်ဦးရဲ့ကိုယ်မှနေ ရုတ်တရက်မီးလောင်ကျွမ်းတာမျိုးကို မတွေ့ဘူးပါဘူးတဲ့။  ဒါဟာ အိုင်ယာလန်နိုင်ငံမှာတော့ ပထမဆုံး အဖြစ်အပျက်လို့ ယုံကြည့်ပါတယ်တဲ့။

            အလိုအလျှောက်မီးလောင်ကျွမ်းခြင်းဆိုတာက အရာဝတ္တုတစ်ခုဟာ (ဥပမာ လူ့ခန္ဒကိုယ်လည်းဖြစ်နိုင်ပါတယ်) ဓာတုနည်းအားဖြင့် ဓာတ်ပြုပြီး ပြင်ပမှ မည်သည့် လောင်းကျွမ်းစေသော အပူနှင့် ထိတွေ့မှု့မရှိဘဲ လောင်ကျွမ်းတာဖြစ်ပါတယ်။
            များသောအားဖြင့် ဒီလို လောင်ကျွမ်းခံရတဲ့လူတွေတော်တော်များများဟာ လုံးဝ ပြာကျတဲ့အထိ လောင်ကျွမ်းလေ့ရှိပြီး အိမ်ထဲမှာ လောင်ကျွမ်းမှု့ အဖြစ်များပါသတဲ့။  လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာအတွင်းမှာ ဒီလိုနည်းမျိုးနှင့်သေဆုံးခဲ့သူပေါင် ရာနှင့်ချီရှိခဲ့ပြီး အချို့တွေကို ကျွမ်းကျင်သူတွေက သေသေချာချာကို စစ်ဆေးခဲ့ကြပါတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။
            အခုအချိန်မှာ ဒီလို ထူးထူးဆန်းဆန်းသေဆုံးရခြင်းကြောင့် မှု့ခင်းဆရာဝန်တွေ၊ စုံစမ်းသူတွေအနေနှင့် မည်သည့်အကြောင်းကြောင့် သေဆုံးရတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချဖို့ ခက်ခဲနေတယ်လို့ဆိုပါတယ်။  ဒီ မီးလောင်ကျွမ်းပြီး သေဆုံးသွားခဲတဲ့လူဝန်းကျင်မှာလည်း ဒီလူကို လောင်ကျွမ်းစေဖို့ ဘာမီးအစအနမှ မတွေ့ခဲ့ဘူးလို့ မှုခင်း ကျွမ်းကျင်သူများရဲ့ တွေ့ရှိချက်က သက်သေပြနေပါတယ်။
            ဒါ့အပြင် မည်သည့် မသင်္ကာစရာ မှလည်း ထိုမီးလောင်တဲ့ညက မတွေ့ရှိခဲ့ပါဘူးတဲ့။  မည်သူတစ်ဦးတစ်ယောက်မှ ဒီအခန်းထဲကို ၀င်လာခြင်းမရှိသလို၊ မည်သူမှလည်း ဒီအိမ်ထဲကနေ ထွက်ခွာသွားခြင်းမရှိပါဘူးတဲ့။
            ရောဂါဗေဒ ပညာရှင် ဖရော်ဖက်ဆာ ဂရေ့စ် ကယ်လဂျီ ကတော့ ဒီ လောင်ကျွမ်းခဲ့သူမှာ အမျိုးအစား B သွေးချိုရောဂါနှင့် သွေးတိုးရောဂါ ရှိခဲ့ပါတယ်တဲ့။  ဒါပေမယ့် သူမကတော့ ဒီလူဟာ နှလုံးရောဂါနှင့် သေဆုံးခဲ့တာမဟုတ်ဘူးလို့ ကောက်ချက်ချပါတယ်။
            ဒေါက်တာ မက်လောလင်း ကတော့ ဒါကို သူ ဆေးစာအုပ်တွေထဲမှာ ထည့်သွင်းဖော်ပြဖို့ အကြံပေးမှာဖြစ်ပြီး ဘာကြောင်ဒီလို ဖြစ်ပွားသလဲဆိုတာကို သိရဖို့ ဆက်လက် ရှာဖွေသွားမယ်လို့ဆိုပါတယ်။  သူ့အဆိုအရတော့ “ဒီမီးလောင်မှု့ကို သေသေချာချာ စုံစမ်းစစ်ဆေးပြီးပါပြီ။  ဒါလိုစုံစမ်းလို့ ထွက်လာတဲ့ကောက်ချက်ကတော့ အလိုအလျှောက် မီးလောင်ကျွမ်းခြင်းပါ။  ဒါပေမယ့် ဘာကြောင့်ဆိုတာကိုတော့ သေချာတဲ့ အဖြေတစ်ခုအဖြစ် ရှင်းမပြနိုင်သေးပါဘူး” လို့ ဆိုသွားပါတယ်။
            ကဲ့ ဒီစာဖတ်နေတဲ့လူတွေကော နည်းနည်းလောက် ကိုယ့်ကိုယ်ကို စမ်းကြည့်ကြပါ။  အပူချိန်များတက်လာလားလို့။  နည်းနည်းပူလာရင်တော့ ရေခပ်မြန်မြန်သာ သွားချိုးကြပါလို့။

Source : (Link)

4 comments:

  1. ဂက်စ်လိုဆိုရင်ရေချိုးမှပိုလောင်နေရင်ဘယ်လိုလုပ်မလဲး)
    ဟဲဟဲ

    ReplyDelete
  2. ဒိုင်ဗင်ထိုးပြီး ပိုက်ကလေးနဲ့ လေရှုပေါ့ :) ဟီး ဟီး

    ReplyDelete
  3. အဲဒါ ခဏခဏ ကြားဖူးတယ်ဗျာ ..
    မြန်မာအယူအဆနဲ့ဆိုရင်တော့ "လောင်မီးကျတယ်" ခေါ်မလားပဲ ... :D

    ReplyDelete
  4. မြေမျိုတာတော့ မတွေဘူးသေးဘူးဗျ။ သတင်းလေးဘာလေးလိုက်ရှာလိုက်ဦးမယ် တစ်ခြားနိုင်ငံတွေမှာ မြေမျိုဖူးလားလို့ :)

    ReplyDelete