Marvel ကာတွန်းကားတွေထဲမှာ Wolver Ring၊
Iron Man၊ Super Man စတဲ့ စူပါဟီးရိုးတွေဟာ ကလေးတွေရဲ့ ဇာတ်လိုက်ကျော်ကြီးတွေပေါ့။  စူပါဟီးရိုးတွေ အပြင်မှာ တကယ်ရှိပါသလား?  စွမ်းအားရှင် (မြန်မာပြည်မှ စွမ်းအားရှင်များကို
မဆိုလို) ကြီးတွေမှာ သူတို့ရဲ့ သက်ဆိုင်ရာစွမ်းအား၊ ပါဝါတွေတဲ့ အကူအညီလိုနေတဲ့ လူတွေကို
အကူအညီတွေ ပေးကြပါတယ်။  ဟောဒီမှာတော့ တရုတ်နိုင်ငံ၊
ဘေဂျင်းမြို့က စူပါဟီးရိုး မိန်းကလေးပါတဲ့။ 
သူ့မရဲ့ နာမည်ကိုတော့ ကျိကျင်း မိန်းကလေး (သို့မဟုတ်) Chinese Redbud Women
လို့ သူ့မဟာသူမ နာမည်ပေးထားပါသတဲ့။
          အဆိုပါ စူပါဟီးရိုးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ
ခရစ်စမတ် မတိုင်ခင်တုန်းက ဘေဂျင်း ဘူတာရုံမှာ နေရာစမရှိတဲ့ အသက်အရွယ်ကြီးရင့်နေသူတွေကို
အ၀တ်အထည်တွေ၊ ငွေကြေးတွေ ထောက်ပံပေးပါသတဲ့။ 
သို့ပေမယ့် ခမျာလေးမှာတော့ သူများတွေကိုသာ အ၀တ်ထူထူတွေပေးတယ်၊ သူကိုယ်တိုင်တော့
ချမ်းချမ်းစီးစီး ဒီဇင်ဘာလမှာ အ၀တ်အစား လုံးလုံးခြုံခြုံ မ၀တ်နိုင်ရှာပါဘူး။  လှလည်း လှချင်တယ်နဲ့ တူပါတယ်။  ဘာစွမ်းအားတွေရှိလဲတော့ ဘာမှ ပြောမထားလို့ ဘာမှ မသိပါဘူး။
          သူမကို ဘယ်သူများလည်းလို့ လူတော်တော်များများက
သိချင်ကြပေမယ့် သူမကတော့ သူမရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထုတ်ဖော်မပြောဖူးလို့
ဆိုပါတယ်။  သို့ပေမယ့် သူမရဲ့ ကူညီမှု့တွေကို
မိုက်ခရိုဘလော့ဂ်ပေါ်မှာတော့ ရေးသားထားပါသတဲ့။ သူမကတော့ နာမည်ကြီးချင်လို့မဟုတ်ပဲ လူတွေကို
ကူညီချင်တဲ့ စိတ်နဲ့ပဲ စူပါဟီးရိုး လုပ်ရတယ်လို့ ဆိုနေပါတယ်။  မည်သို့ပင်ဆိုစေကာမူ သူမကို အားပေးတဲ့ လူတွေ ဘလော့ဂ်ပေါ်မှာ
အယောက် ၇၀၀၀ ကျော်နေပြီ ဆိုပဲ။








ကောင်မလေးကတော. ချောလည်း ချော စိတ်ထားလည်းတော်တော်ကောင်းတာဘဲ အစ်ကိုရေ။
ReplyDeleteစိတ်ထားလေးကောင်းလိုက်တာ
ReplyDeleteစူပါဟီးရိုးက လည်း
ReplyDeleteစတိုင်ကတော့ လန်ထွက် နေတာပါပဲလား..ဟဟ
(ဒုတိယ)