စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, April 1, 2012

X-47B (သို့) Unmanned Combat Aerial Vehicle (UCAV)


          ကျွန်တော်တို့ သိပ္ပံကားတွေထဲမှာ လူမပါပဲ ထိန်းကျောင်းပြီး မောင်းနှင်နိုင်တဲ့ လေယာဉ်တွေကို တွေ့ကြဖူးမှာပါ။  ခုတော့ အမေရိကန်က X-47B ကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်ပျံသန်းနိုင်ခဲ့ပါပြီ။  X-47B ဟာ လေယာဉ်မောင်းနှင်သူမပါဝင်တဲ့ တိုက်လေယာဉ်အမျိုးအစားဖြစ်ပါတယ်။  ဒီလေယာဉ်အမျိုးအစားတွေကို ထုတ်လုပ်ဖို့ ကနဦးက DARPA ရဲ့ J-UCAS ရဲ့ အစီအစဉ်ထဲမှာပါဝင်ပြီးတော့ ခုတော့ United States Navy ရဲ့ UCAS-D (Unmanned Combat Air System Demonstration) ပရိုဂရမ် ထဲမှာ ပါဝင်ပါတယ်။  ဒီ ပရိုဂရမ်ရဲ့ ရည်ရွယ်ချက်ကတော့ လေယာဉ်တင်သင်္ဘောတွေမှာ မောင်းသူမဲ့ လေယာဉ်တွေ ထည့်သွင်းနိုင်ဖို့ဖြစ်ပါတယ်။
          ဒီလေယာဉ်အမျိုးအစားကို ဖန်တီးနိုင်ဖို့ Boeing နဲ့ Northrop ကုမ္ပဏီနှစ်ခုကို အမေရိကန် ဒေါ်လာ ၂သန်းစီ ချပေးခဲ့ပြီး ၁၅ လတာ ကနဦး ဖြစ်နိုင်ခြေများကို ဖော်ဆောင်နိုင်ဖို့ စီစဉ်ခဲ့တာပါ။  ဒီလေယာဉ်တွေမှာ ပင်လယ်ပင် ဆားငွေ့ပါတဲ့ လေတွေကြောင့် ဖြစ်လာနိုင်တဲ့ သံချေးတက်မှု့တွေ၊ လေယာဉ်တင်သင်္ဘော ကုန်းပတ်ပေါ်ကို လေယာဉ် အတက်အဆင်း ပြုလုပ်နိုင်ဖို့၊ လေယာဉ်ကို ထိန်းကျောင်း အမိန့်ပေး စေခိုင်းနိုင်ဖို့တွေ၊ လျှပ်စစ်သံလိုက်လှိုင်း မြင့်မားတဲ့ နေရာတွေမှာပါ သွားလာနိုင်ဖို့ စတဲ့ အချက်တွေပါ ထည့်သွင်း စဉ်းစားခဲ့ကြရပါတယ်။  ၂၀၀၇ခုနှစ်ပါ ဒီလိုလေယာဉ်တွေ တည်ဆောက်ဖို့အတွက် အမေရိကန် ဒေါ်လာ 635.8 သန်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၂ မှာတော့ ထုတ်လုပ်မှု့စရိတ် ဒေါ်လာ ၈၁၃ သန်းအထိ တက်လာခဲ့ပါတယ်။

အခြားသော စစ်သုံးလေယာဉ်တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ - ဈေးအကြီးဆုံး တိုက်လေယာဉ်များမှာ သွားရောက်ကြည့်နိုင်ပါတယ်။


ဒါကတော့ X-47B ရဲ့ တည်ဆောက်မှု့ ဒီဇိုင်း အကျဉ်းချုပ်ပါ။
 



ဝေဟင်အမြင့် ၅၀၀၀ ကို စမ်းသပ်ပျံသန်းနေတဲ့ X-47B ရဲ့ ပုံပါ 









         
  Source : (Link)      
 Photos : Google Search  

No comments:

Post a Comment