ဘေဂျင်း ကို အသံထွက်ပေါင်း မြောက်များစွာထွက်သည်။ မြန်မာလို ပီကင်းဟုခေါ်ကြသလို အင်္ဂလိပ်လို ဘေဂျင်း
ဟုခေါ်သည်။ တရုတ်လို အနီးစပ်ဆုံး ပေါင်းရလျှင်
ပေကျင်း ဟုထွက်မည်ထင်သည်။ ဘာကြောင့် “ပေကျင်း”
လို့ ခေါ်သလဲမေးကြည့်သည်။ အရှေ့၊ အနောက်၊ တောင်၊
မြောက် ကို ခွဲပြီးခေါ်သည်ဟု ပြောသည်။ တုန်း၊
နန်၊ စီး၊ ပေ - “တုန်း” ဆိုသည်မှာ အရှေ့၊
“နန်” ဆိုသည်မှာ တောင်၊ “စီး” ဆိုသည်မှာ အနောက်၊ “ပေ” ဆိုသည်မှာ မြောက်ဟူသတဲ့။ “ကျင်း” ဆိုသည်မှာ မြို့တော် ဖြစ်သတဲ့။ ထို့ကြောင့် “ပေကျင်း” ဆိုသည်မှာ မြောက်ပိုင်း မြို့တော်ဟု
အဓိပ္ပာယ်တွင်၏။ တောင်ပိုင်းမှာလည်း မြို့တော်ဟောင်းရှိသည်
နန်ကျင်းဖြစ်သည်။ ဒါဆို အနောက်ဖက်မြို့တောင်
“စီကျင်း” ဆိုပြီး ရှိလားမေးတော့ မရှိပါတဲ့။
အရှေ့ဖက်မြို့တော် “တုန်းကျင်း” ရောရှိလားမေးတော့ ဂျပန်နိုင်ငံက “တိုကျို” ပါတဲ့။ အွမ်…. ဘယ့်နှယ် အရှေ့ဖက်မြို့တော်က မဆီမဆိုင် ဂျပန်ပြည်ရောက်သွားရသနည်း။ မြို့တော်ဟောင်း ကျိုတိုကို အရှေ့ဖက်မြို့တော်ဟု
မခေါ်ဘူးလားဆိုတော့ ဒီငနဲ ဘာတွေ လာမေးနေမှန်းမသိဘူးဆိုတဲ့ ပုံစံနဲ့ လူကိုပြန်ရှိုးသည်။
မည်သို့ပင်ဆိုစေ ဘေဂျင်းသည် နန်းမြို့ဖြစ်သည်။ ရှေးခေတ်အဆောက်အဦးတွေကို ရှေးမူမပျက်ထိန်းသိမ်းထားသည်။ အသစ်အသစ်သော နေရာတွေမှာ မိုးမျှော်တိုက်တွေ ထိုးထောင်ထွက်နေသည်။ နန်းတော်သည် စတုရန်းပေပေါင်း ၇.၈ သန်း ကျယ်၏။ မန္တလေးလိုတော့ လေးထောင့်စပ်စပ်မဟုတ်၊ ထောင့်မှန်စတုဂံ ပုံဖြစ်သည်။ ကျုံးကတော့ ရေတွေခဲနေပြီ။ နန်းမြို့ဆိုတော့ မန္တလေးသူတွေလို နန်းဆန် (ခုခေတ်တော့
ဟုတ်ချင်မှ ဟုတ်ချင်တော့မှာပေါ့လေ) သလိုတော့မဟုတ်။ ခေတ်သစ် ယဉ်ကျေးမှု့အောက် စီးမျောသွားပြီဖြစ်သည်။ နန်းဆန်ချင်လို့ မမလေးဟု တရုတ်အခေါ် “ရှောင်ကြယ်”
လို့ သွားတော့ မခေါ်လိုက်လေနဲ့ ပါးရိုက်ခံရဖို့ နီးသည်။ အဘယ့်ကြောင့်ဆိုသော် ပြည်မကြီးတွင် “ရှောင်ကြယ်”
ဟူသော ဝေါဟာရမှာ ယခုအချိန်တွင် ညဥ့်ငှက်များကို ကိုယ်စားပြုနေလို့ပါတဲ့။ အံရောသောဝ်… အံရောသောဝ်… ဒါဆို အဲ့ဒီလို မိန်မမျိုးတွေ့ရင်
“ရှောင်ကြယ်” လို့ခေါ်လို့ရမလားမေးတော့ အဲ့ဒါလည်း ပါးရိုက်ခံရဖို့ နီးတယ်၊ လူလည်ကောင်မှာ သူ့ကို အရှက်ခွဲတယ်ဆိုပြီး ပါးရိုက်ချင်ရိုက်ဦးမှာတဲ့။
အင်း
ခက်တော့လည်း ခက်သား၊ ဟုတ်တာကို ဟုတ်တယ်ပြောတော့လည်း
မကောင်း၊ မဟုတ်တာကို ဟုတ်တယ်ပြောတော့လည်း မကောင်း။ ခက်သည်။
ခုတစ်လော လွှတ်တော်ထဲမှာ ညဥ့်ငှက်လိုင်စင် လုပ်ဖို့ အဆိုကတင်သွင်းသည်ဟု ဖဘတွင်
တွေ့ရပြန်သည်။ စနစ်မကျလျှင်တော့ ပိုပြီးဖွာလန်ကျဲသွားလိမ့်မည်။ စနစ်ကလေးကို အရင်လုပ်ပြီးမှ ဥပဒေနဲ့ အုပ်ကြပါ လူကြီးမင်းများခင်ဗျား။ လိုင်စင်ရခေါင်း၊ လိုင်စင်ရ ပြည့်တန်ဆာ ဆိုပြီး ၀င့်ဝင့်ထည်ထည် ပရောဖက်ရှင်နယ်
ပီသသူများကို အသိုင်းအ၀ိုင်းက လက်ခံဖို့ကလည်း လတ်တလော ဘယ်နည်းနဲ့မှ မဖြစ်နိုင်။ စိတ်ဒဏ်ရာဒဏ်ချက်တွေ ပိုများကုန်ပါဦးမည်။ ဒီကြားထဲ ခရိုနီတွေက ၀င်အုပ်လိုက်လျှင် လိုင်စင်ရ
ဇိမ်ခန်း တစ်နိုင်ငံလုံး ဖွေးဖွေးလှုပ်သွားမည်။
ကျန်းမာရေးရှု့ထောင့်က ကြည့်လျှင်တော့ စနစ်တကျလုပ်လျှင် မနည်းလေး ကြပ်ကြပ်မတ်မတ်ဖြစ်သွားမည်
ထင်သည်။ မည်သို့ပင်ဆိုစေ ဒီလို လိုင်စင်ပေးဖို့
စောလွန်းအားကြီးသေးသည်ဟု မြင်သည်။ ထားတော့…
ဘေဂျင်းလေး ပြန်ဆက်လိုက်ဦးမည်။
ဘေဂျင်းကို ရှန်ဟိုင်းကနေ ရထားနှင့်သွားခြင်းဖြစ်သည်။ ကိုယ့်မျက်စေ့တောင် ကိုယ်မယုံ ရထားက အတော့်ကို သန့်နေသည်။ ပုံမှန်ရှန်ဟိုင်းက မြေအောက် Metro ရထားတွေဆို အတော်ညစ်ပတ်တာ...... ခုရထားက အတော်သန့်သပဆိုပြီး
ကြည့်လိုက်တော့ ၁၅ မိနစ်တစ်ခါလောက် သန့်ရှင်းရေး လုပ်နေကြသကိုး။ တစ်နာရီကို ၃၀၀ ကီလိုမီတာကျော်နှင့် ခုတ်သည်။ အရင်လိုမျိုး ဂျုံးဂျုံးဂျက်ဂျက်မဟုတ်တော့၊ ရေသန့်ဘူးကို ပြောင်းပြန်လှန်၊ အဖုံးနေရာနှင့် ထောင်ထားလျှင်ပင် မလဲအောင် ရထားလမ်းရော၊
ရထားပါ အတော့်ကို ကောင်းနေပြီဖြစ်သည်။ ဘေဂျင်းနှင့်
ရှန်ဟိုင်း မိုင်ပေါင်း ၈၁၀ ကျော်ကို ၅ နာရီနီးပါးသာ စီးရသည်။ ဒီရထားလိုင်းအတွက် ကုန်ကျစရိတ်က ဒေါ်လာ ၃၂ ဘီလီယံလောက်ရှိသတဲ့။ သြော်…. ငါတို့ နှစ်ပေါင်း ဘယ်လောက်တောင် ပြတ်ကျန်ခဲ့ပြီမသိ။
အိမ်သာသန့်တာကတော့ တော်တော်ကောင်းသည်...
ရေနွေးကတော့ Free Flow ရသည်
ဒုတိယတန်းလက်မှတ်က ယွမ် ၅၅၀ (စလုံး ၁၁၀ ကျော်)၊ ပထမတန်းလက်မှတ်က ယွမ် ၉၃၅ (စလုံး ၁၈၅ ကျော်)၊ VIP လက်မှတ်ကတော့ ယွမ် ၁၇၅၀ (စလုံး ၃၅၀) ၀န်းကျင်လောက်ရှိသည်။ ပထမတန်းလက်မှတ်ရသည်။ သို့သော် VIP ထိုင်ခုံတွင် လူမရှိသောကြောင့် VIP ထိုင်ခုံမှာ ထိုင်ဖို့ပေးသည်။
သို့သော် ရထားထွက်တော့ ထိုင်ခုံက နောက်ပြန်ကြီးဖြစ်နေသည်။ မထိုင်ချင်တော့ မူလဘူတ ကိုယ့်နေရာကိုယ် သွားပြန်ထိုင်သည်။
ထိုင်ခုံအောက်မှာ ပလပ်ပေါက်ပါသည်။ ၂၃၀ ဗို့ဖြစ်သည်။ ကွန်ပျူတာသုံး၊ ချာဂျင်သွင်းလို့ရသည်။ ရထားပေါ်တွင် ၀ိုင်ယာလက် တပ်ပေးထားသည်။ လိုင်းသာပေါ်ပြီး သုံးလို့က မရ။
ရေလည်းတိုက်သည်၊ မုန့်လည်းကျွေးသည်။ ထမင်းတော့ အလကားမကျွေး ၀ယ်စားရသည်။ ၄၅ ယွမ် (စားလို့မကောင်း)။
ဘေဂျင်းရောက်တော့
ပထမဆုံး သွားဖြစ်သည်က ထျန်းအန်းမင် ရင်ပြင်နှင့် Forbidden City ဖြစ်သည်။ ဓာတ်ပုံတွေက ကင်မရာထဲက မထုတ်ရသေး။ နောက်များမှ ထပ်တင်ပါဦးမည်။
ဗြိတိန်က ရထားတွေနဲ့ကတော့ ကွာပါ့။ ဒီဘက်က လူတွေကတောင် စုပ်ပြတ်တာကို ပို တန်ဖိုးထားတတ်ကြတယ် ထင်ပါ့။
ReplyDeleteမိုင် ရှစ်ရာကျော်ကို ငါးနာရီထဲ။ ပျင်းဖို့ကောင်းလိုက်တာ မောင်အွတ်ထောင်ရာ။
ရန်ကုန်နဲ့ သူကြီးမင်းရွာ တုံးဖလား မိုင် ၇၀၀ လောက်ဘဲ ရှိတာကို နှစ်ညအိပ် သုံးရက်ခရီး သွားရတယ်ရော။ ပျော်စရာကြီး။း)
ကိုယ် .. သူများရဲ့ ခရီးသွား အတွေ့အကြုံမှတ်တမ်းဆို ဖတ်ရတာ အရမ်းသဘောကျတယ်။
ReplyDeleteခရီးသွားရတာ ၀ါသနာ ပါပေမယ့် အခြေအနေ မပေးတော့ ခရီးမသွားနိုင်လို့လေ ...
နောက်ပိုစ့်တွေကျရင် လာဖတ်ပါဦးမည်။
မြန်မာပြည်ကရထားတွေနဲ့ခပ်ဆင်ဆင်ထင်ပါ့ (အိပ်မက်ထဲကရထား)
ReplyDeleteအဲလိုဖြစ်စေချင်တယ်ပြောတာပါ......တခါတခေါက်တော့တရုတ်ပြည်ကြီးကိုလည်လည်
ရောက်ဖူးချင်သေးတယ်
ဘေဂျင်းအပိုင်းအစလေးတွေ အားကျစွာဖတ်သွားတယ် မောင်အောင်ထွဋ်ရေ။
ReplyDeleteနောက်ထပ်တင်လာမည့် ပုံတွေလည်း စောင့်မျှော်နေပါတယ်ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
သိမယ်လို့တော့ ထင်တာပဲ..
ReplyDeleteရှောင်ကျယ် လို့ ခေါ်ရင် ညဥ့်ငှက်မလေးတွေနဲ့ မှားမှာ ကြောက်ရင် မေနွီ လို့ ခေါ်ကြည့်လိုက်လေ..
တစ်ခါတည်း ကြွေသွားလိမ့်မယ်..
=P
-m
တရုတ်စာသင်တုန်းက ဘေဂျင်းဆို မြောက်ပိုင်း၊ နန်ကျင်းဆိုတာ တောင်ပိုင်းမြို့ လို့  သင်ဖူးတ်..ကိုအွတ်ထောင်လို အရှေ့ ၊အနောက်မြို့ ကို မမေးမိဘူး..ရထားကြီးက မိုက်သဗျား..ဂျပန်က ကျည်ဆန်ရထားလိုပါလား..ဓာတ်ပုံတွေ မြန်မြန်တင်ပါဗျို့ ...
ReplyDelete